>7Day talk with Sithu Zaya

>

စည်သူဇေယျနှင့် တွေ့ဆုံခြင်း
သန်းဌေး – 7daynewsjournal.com/
ဇန်န၀ါရီ ၂၂၊ ၂၀၁၂


နေထိုင်ခဲ့ရသည့် တိုက်ခန်းပုံဆွဲပြီး ပြသနေသည့် စည်သူဇေယျ (ဓာတ်ပုံ-Reuters)

စည်သူဇေယျမှာ အသက် ၂၁ နှစ် ရှိပြီး ၂၀၁၀ ခုနှစ် ဧပြီ ၁၅ ရက်သင်္ကြန်အကြတ်နေ့တွင် ကန်တော်ကြီးပတ်လမ်း၊ သိမ်ဖြူကွင်းဘေးရှိ X2O မဏ္ဍပ် ဗုံးပေါက်ကွဲ
နေရာအား ဒီဗီဘီသတင်းဌာနအတွက် သတင်းရယူစဉ်ဖမ်းဆီး ခံရခြင်းဖြစ်သည်။

မေ ၄ ရက်၌ ထောင်ဒဏ် ၁၈ နှစ်ချခံရပြီး ဟင်္သာတထောင်ထဲတွင်တစ်နှစ်ရှစ်
လအကြာလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သူဖြစ်သည်။

၎င်းမှာ စာရေးဆရာကြီးလင်းယုန်မောင်မောင်၏မြေးဖြစ်ပြီး သားကြီးမောင်ဇေယျ၏သားဖြစ်သည်။ ၎င်း၏ဖခင်မှာလည်း ၎င်းနှင့်အတူအဖမ်းခံရပြီးထောင်ဒဏ် ၁၃ နှစ်ချခံခဲ့ရကာ၊ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် သားအဖနှစ်ဦးစလုံး လွတ်မြောက်လာခဲ့သည်။
ရှေ့ဘာတွေဆက်လုပ်ဖို့ စီစဉ်ထားလဲ။

ကျွန်တော်က မီဒီယာအလုပ်ကိုလုပ်ရင်း ထောင်ကျသွားတာ။ ဒါကြောင့် မီဒီယာအလုပ်ပဲ ဆက်လုပ်ပါမယ်။ ဒီအပေါ်မှာ ကျွန်တော့်ရဲယုံကြည်ချက်က မပြောင်းလဲပါဘူး။ ပြည်သူလူထုကို အကျိုးပြုတဲ့ ကိစ္စ မှန်သမျှခွင့်ပြုသလိုရေးမယ်ပြောမယ်။ ခွင့်မပြုရင်လည်း ရတဲ့နည်းနဲ့ ဖော်ထုတ်ရမှာပေါ့။
ကိုစည်သူဇေယျလုပ်တဲ့အလုပ်တွေမှာရော မိသားစုက သဘောတူလား။

ကျွန်တော့်ရဲ့ ယုံကြည်တဲ့ ၀ါသနာပါတဲ့အလုပ်ကို လုပ်တာကို မဟန့်တားကြဘူး။ ကျွန်တော့်အဘိုးက စာရေးဆရာဖြစ်လို့ ကျွန်တော့်အဖေက မီဒီယာသမားဖြစ်လို့ ဒီအလုပ်ကို လုပ်ရတာ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင် ယုံယုံကြည်ကြည် လုပ်နေတာပါ။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုမြင်ပါသလဲ။

ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်တော်မွေးကတည်းက သူ့ကို အပြင်မှာတစ်ကြိမ်ပဲ မြင်ဖူးသေးတယ်ဗျ။ ကလေးဘ၀မို့ သူ့အကြောင်း ကောင်းကောင်း မသိပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာတော့ ခေါင်းဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်လို့မြင်ပါတယ်။
လက်ရှိအစိုးရအပေါ်မှာဘယ်လိုမြင်လဲ။

သမ္မတကြီးဦးသိန်းစိန်က သူ့ရဲ့မိန့်ခွန်းထဲမှာပဲ Good Government, Clean Governance လို့ ပြောထားတာပေါ့။ ဒါနဲ့ပဲ ပြည်သူလူထုကို ဒါလုပ်မယ်လို့ ကတိပေးတယ်လို့ ယူဆပါတယ်။ အုပ်ချုပ်မှုအပိုင်းမှာတော့ လာဘ်စားမှုကင်းလာတယ်ဆိုပေမယ့် အောက်ခြေပိုင်းမှာတော့ မဖြစ်သေးဘူးပေါ့နော်။ ကျွန်တော်တို့ ကိုယ်တိုင်ရောပြည်သူလူထုရော ခံစားရတာပေါ့နော်။ ဆက်လက် ခံစားနေရသေးတယ်လို့မြင်တယ်။ သမ္မတကြီး တစ်ယောက်တည်း ကောင်းနေလို့လည်း မပြီးနိုင်ဘူး။ သူနဲ့တာဝန်ရှိသူတွေ အားလုံးလည်းကောင်းဖို့ အရေးကြီးပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts