>BCP included in the political diglogue process ?

>

ဗကပနဲ့လည်းအစိုးရ ဆွေးနွေးသင့်ပါတယ်
မောင်စစ်မုန်း၊မိုးမခထံ ပေးစာ၊ ဇန်န၀ါရီ ၁၉ ၊ ၂၀၁၂
အခုချိန်မှာအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးကို ပြောနေကြတယ်။ အဲသည်မှာဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကိုလည်း ထည့်သွင်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဗကပက မြန်မာပြည်မှာ အသက်ရှင်ဆဲ နိုင်ငံရေးပါတီ၊ သက်တမ်းရှည်နိုင်ငံရေးပါတီဖြစ်နေလို့ပါပဲ။
၁၉ ၄၈ပြည်တွင်းစစ်ဖြစ်တော့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးရခါစ အရပ်သားအစိုးရကိုလက်နက်ကိုင် တိုက်ခိုက်ခဲ့တယ်။ သူတို့ရဲ့ ပါတီမူဝါဒများကို CPBurma.org မှာဖော်ပြထားတာက လက်နက်ကိုင်လမ်းစဉ်ကို အရန်လမ်းစဉ်အဖြစ် စွဲကိုင်ဆဲ ဖြစ်ပါတယ်။
ကျနော်တို့သိသလောက်က ပြည်တွင်းစစ်ကာလမှာ မြန်မာတပ်မတော်လည်း ကြီးထွားလာတယ်။ ကျနော်တို့တိုင်းပြည်ကို စစ်တပ်နိုင်ငံရေးသမားတွေ၊ စစ်တပ်အာဏာကြီးစိုးမှုတွေနဲ့ပြည်တွင်းစစ်ဝါးမြိုမှုထဲကို တွန်းပို့ခြင်းခ မခံရအောင် ကာကွယ်သင့်ပါတယ်။
နိုင်ငံရေးပါတီအားလုံးစာပွဲဝိုင်းကို ဖိတ်ခေါ်ကြပါ။ ကျနော်တို့ အားလုံး စကားပြောကြသင့်ပါပြီ။မည်သူကိုမျှ ပစ်ပယ်ထားခြင်း မပြုသင့်ပါ။ ပူးတွဲပါ စာစောင်များကို လေ့လာကြပါ။ဒီစာကို သင့်ဝက်ဆိုက်မှာ တင်ပေးပါ။
မောင်စစ်မုန်း
(သူမူရင်း ပေးစာမှာအောက်ပါအတိုင်းဖြစ်ပါတယ်)
As we all are now talking aboutnational solidarity and stop civil war, we should include Communist Party ofBurma.
Because CPB is still activepolitical party and the longest political party of Burma too.
When civil war broke out in1948, CPB took up arm against newly independent civilian government of Burma.
According to www.cpburma.org , CPB is still holding armedstruggle policy as their reserved policy.
We all are aware that militarygrowed during the hot civil war time.
We can not let our countrypushing near the chances of civil war and military influence and armypolitician.
Please bring all politicalparties to sit down around the table. We all should talk now.
Please make sure that nobody isput aside.
Please find attached files.
I do appreciate you if youcould print this on your web.
Maung Sit Mone.
ပူးတွဲ – ဗကပပြောခွင့်ရဖိုးသံချောင်းနဲ့ အင်တာဗျူး
လက်ရှိမြန်မာပြည်အခြေအနေ ဗကပနဲ့ အင်တာဗျူး (https://docs.google.com/open?id=1NZO6gyI5LQLmw66Ou5zIbkOFtp_M4GS11TvEHV_E1JbMFGj1V1OlvIm3yrJR)
လက်ရှိကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်နဲ့ သားကောင်များ သတင်းဆောင်းပါး

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts