>
ချိုးကူသံလမ်းကလေး
အောင်ဝေးဇန်န၀ါရီ ၁၇၊ ၂၀၁၂

ဒီလမ်းက
နရသိန်ကိုသွားတဲ့လမ်း မဟုတ်
နရသိန်က ပြန်တဲ့လမ်း။
ဒီလမ်းကို
သရက်ဆိပ်ကမ်းကနေ
ပင်လုံစခန်းရောက်အောင်
ဆက်လှမ်းရမယ်။
ဒီလမ်း
အခမ်းနားဆုံး။
ပန်းခင်းတွေ
မြင်းစီးရင်း
မနင်းမိစေနဲ့ ။ ။
(မင်းကိုနိုင်နှင့် ၈၈ ရဲဘော်များသို့)