>Former PP greets PP on the streets

>

 ကြိုဆိုနေကြတဲ့ ၂၀၀၇ ဗကသမျိုးဆက်သစ်များနဲ့ ၈၈ မျိုးဆက်များ
 လွတ်မြောက်လာတဲ့ ကိုအောင်မျိုးဆန်း
 မင်္ဂလာဒုံလေဆိပ်မှာ ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုများ
နိုင်ငံရေးအကျဉ်းသားဟောင်းများက အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများကို ကြိုဆို
တာရာဝေယံ၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၂
၂၀၁၂ ဇန်န၀ါရီ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာတဲ့ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ တနိုင်ငံလုံးမှာ အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦး လွတ်မြောက်ခဲ့ပြီး အင်းစိန်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၈၀ ဦး လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

  မင်္ဂလာဒုံလေဆိပ်မှာ ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုများ
  မင်္ဂလာဒုံလေဆိပ်မှာ ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုများ
 လာရောက်စောင့်ကြိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်များ၊ ၂၀၀၇ မျိုးဆက်များ
 ကိုကိုကြီးနဲ့ လွတ်မြောက်လာသူ၊ ကြိုဆိုနေသူများ
အင်းစိန်ထောင်မှ လွတ်မြောက်ခဲ့သူများတွင် စစ်ထောက်လှမ်းရေးများ၊ အကောက်ခွန်ဝန်ထမ်းများ၊ အခြားအမှုများနဲ့အတူ နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်ပါတယ်။

“ကျနော်တို့ အခုလွတ်လာတဲ့ အကျဉ်းသား ၈၀ ထဲမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၆၀ လောက်ပါမယ် ထင်တယ်။ ကျန်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ၄၀၊ ၅၀ လောက် ကျန်ဦးမယ်။ လက်နက်ကိုင်တော်လှန်ရေးကိစ္စနဲ့ ပတ်သက်သူတွေ၊ တိုင်းရင်းသားအင်အားစုတွေ အများစု ပါတယ်။ သူတို့လည်း နိုင်ငံရေးအကျဉ်းသားပဲ၊ သူတို့ကိုလည်း လွှတ်ပေးသင့်တယ်” လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးက ပြောပါတယ်။
 လာရောက်ကြိုဆိုနေသူ မြန်မာပြည်သူ ပြည်သားများ
 နိုင်ငံရေးအကျဉ်းသားဟောင်း မစုစုနွေး
 ကိုပြုံးချိုနဲ့ လွတ်မြောက်သူ၊ ကြိုဆိုနေသူများ
 ကိုဇော်သက်ထွေးနဲ့ လွတ်မြောက်သူ၊ ကြိုဆိုနေသူများ
 ကြိုဆိုနေသူ မျိုးဆက်သစ်များ
  ကြိုဆိုနေသူ မျိုးဆက်သစ်များ

သာယာဝတီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား မနီလာသိန်းအပါအ၀င် ၁၀ ဦး လွတ်မြောက်လာကြောင်း သိရပါတယ်။ ၁၃ ရက်နေ့က မနီလာသိန်းကို ကြိုဆိုပြီး ပြန်လာတဲ့ မိသားစုဝင်တွေရဲ့ကားကို နိုင်ငံရေးအကျဉ်းသားဟောင်းများက မင်္ဂလာဒုံ ခရေပင်လမ်းဆုံမှာ သွားရောက် ကြိုဆိုပြီး မင်္ဂလာဒုံလေဆိပ်ကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။

 အင်းစိန်ထောင်ရှေ့က စောင့်မျှော်နေသူများ
 ကိုကိုကြီးနဲ့ မိတ်ဆွေများ
 ကိုအောင်နိုင်နဲ့ မိသားစုများ၊ မိတ်ဆွေများ
 ကိုဋ္ဌေးကြွယ်ကို လေဆိပ်မှာ ကြိုဆိုနေကြစဉ်
 ကိုဋ္ဌေးကြွယ်နဲ့ဂုဏ်ပြုကြိုဆိုနေသူ မိတ်ဆွေများ

၁၄ ရက် နေ့ မွန်းလွဲပိုင်း ဘူးသီးတောင် အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုဋ္ဌေးကြွယ်၊ လားရှိုးအကျဉ်းထောင်က ကိုမင်းဇေယျာနဲ့ သရက်အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ ၁၉၈၈ ဗကသဥက္ကဋ္ဌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် တို့ကို တိုက်ကြီးမြို့မှာ သွားရောက်ပြီး နိုင်ကျဉ်းဟောင်းများက ကြိုဆိုခဲ့ကြပါတယ်။

 လွတ်မြောက်လာသူ ကိုထင်ကျော်
 ကိုဂျင်မီနဲ့ သတင်းမီဒီယာများ
 ကိုမောင်မောင်မြင့် နဲ့မိသားစုများ
 ကိုမင်းဇေယျာနဲ့ကြိုဆိုသူများ
၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး
 အင်းစိန်ထောင် ဗူးဝမှာ တွေ့ရတဲ့ ကိုငြိမ်းချမ်း
 ၈၈ မျိုးဆက် ကိုပြုံးချို
ရွှေသံစဉ် ကိုဝင်းမော်နဲ့ မိသားစု
 ကိုဇော်သက်ထွေးနဲ့ မိသားစု
 ကိုဇေယျ
 လွတ်မြောက်လာသူအချင်းချင်း လာရောက်ကြိုဆိုတဲ့ မမီးမီး

ပူတာအိုအကျဉ်းထောင်မှ ၁၃ ရက်နေ့က လွတ်လာတဲ့ ကိုအောင်ကျော်ဦးဟာ တိုက်ကြီးမြို့နေအိမ်ကို အဲသည်နေ့ ရောက်ချိန်မှာပဲ သူ့မိခင်ဟာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုအောင်ကျော်ဦးရဲ့ မိခင်နာရေးအိမ်ကို ၀င်ပြီး မိသားစုများကို ကိုမင်းကိုနိုင်က ၁၄ ရက်နေ့ ညနေပိုင်းမှာ သွားရောက်အားပေးစကား ပြောကြားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများက ဈာပနအတွက် အလှုငွေ ၂ သောင်း ထည့်ဝင်ခဲ့ပါတယ်။

 မင်းကိုနိုင်နဲ့ ပြည်သူများ
 ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်
  ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်
  ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်
  ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်

သရက်အကျဉ်းထောင်မှ လွတ်မြောက်လာပြီး အပြန်လမ်းတလျောက်မှာ ရှိတဲ့ မြို့အတော်များများကို ၀င်ပြီး ပြည်သူလူထုကပို နှုတ်ဆက်စကားပြောကြားလာတဲ့ ကိုမင်းကိုနိုင်ဟာ မှော်ဘီမြို့ခံနိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ ပြည်သူလူထုကို နှုတ်ဆက် စကားပြောချိန်မှာတော့ ညနေ ၈ နာရီ ထိုးနေပြီ ဖြစ်ပါတယ်။ အိပ်ရေးပျက်၊ ပင်ပန်းနေတဲ့ကြားကပဲ လူထုကို နှုတ်ဆက်စကားပြောကြားရာမှာ

“နိုင်ငံတိုးတက်ဖို့အတွက် ဆိုရင် ကျနော်တို့က ဘယ်အဖွဲ့အစည်းနဲ့ မဆို လက်တွဲနိုင်ပါတယ်။ တခုရှိတာက အခွင့်ထူးခံပြီး အတွေးအခေါ်ဟောင်းတွေကို ဆုပ်ကိုင်ထားတဲ့သူတွေနဲ့ ကျနော်တို့ လွန်ဆွဲရမှာပဲ။ သူတို့က လွန်ကြိုးကို မလွှတ်ဘူးဆိုရင် ကျနော်တို့က လူထုအားနဲ့ ဆောင့်ဆွဲပစ်ရမှာပဲ။ ဒီလို ဆောင့်ဆွဲပစ်ဖို့ အားမွေးထားရမယ်၊ ဆွဲနိုင်ကြတယ် မဟုတ်လား။”
(ဆွဲနိုင်ပါတယ်။) (ပရိသတ်၏ ဖြေသံနှင့် လက်ခုပ်သံများ)
လို့ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့ပါတယ်။
ကိုမင်ကိုနိုင် ရန်ကုန်မြို့တွင်းသို့ မြောက်ဥက္ကလာဘက်မှ ၀င်လာတဲ့အခါ ထောင်ပေါင်းများစွာသော လူထူကြီးက ခွပ်ဒေါင်းအလံများ ဝှေ့ရမ်ဒကာ “မင်းကိုနိုင်” “မင်းကိုနိုင်” ဟု ညဥ့်ယံအမှောင်ထုကို ဖောက်ထွက်အောင် သံပြိုင်ဟစ်ကြွေးပြီး ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။

 မနီလာသိန်းနဲ့ ရဲဘော်များ
  မနီလာသိန်းနဲ့ ရဲဘော်များ
  မနီလာသိန်းနဲ့ ရဲဘော်များ
 လွတ်မြောက်လာတဲ့ မနိုဘယ်အေး
 ၂၀၀၇ မျိုးဆက် စည်သူမောင်နဲ့ အောင်ကျော်ကျော်
 တိုက်ကြီးမြို့နယ်က သွေးလှူရှင်အဖွဲ့များနဲ့ နိုင်ကျဉ်းများ
ရဲမြတ်ဟိန်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts