>talk with Mee Mee

>

ရွေဘိုထောင်မှလွတ်မြောက်လာသူ မမီးမီး(ခ) သင်းသင်းအေးနှင့် တွေ့ဆုံခြင်း
ဗိုဟိန်(ရွှေမြစ်ခ) http://www.myitmakhamediagroup.com/
ဇန်န၀ါရီ ၁၄၊ ၂၀၁၂
ယနေ့နံနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် ၈၈မျိုးဆက်ကျောင်းသား ကိုဋ္ဌေးကြွယ်နှင့်အခြားနိုင်ငံရေးအကျဉ်းသားများအား လာရောက်ကြိုဆိုခဲ့သောမမီးမီး(ခ) သင်းသင်းအေးကို ရန်ကုန်မြို့လေဆိပ်တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။


မေး။ ။ အစ်မ ကျခဲ့တဲ့ ပုဒ်မနဲ့ နေခဲ့ရတဲ့ နှစ်တွေအကြောင်းအရင်မေးပါရစေ။
ဖြေ။ ။ ၂၀၀၇ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့မှာ အဖမ်းခံ၇တယ်။ အမိန့်ချတာကတော့ ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့ သင်းဖွဲ့-၆ ရယ်၊ အီလက်ထရောနစ် ၃၃-က ၊ အီလက်ထရောနစ် ၃၃-က က လေးနှစ် အမှု တစ်မှုကို သီးခြားစီ (၁၅)နှစ် ရယ်၊ သင်းဖွဲ့ -၆က ၅နှစ်ရယ် အားလုံးပေါင်း ပြစ်ဒဏ် ၆၅နှစ် ခံခဲ့ရတယ်။

မေး။ ။ ထောင်တွင်းအတွေ့အကြုံလေးကိုလည်း သိပါရစေ။
ဖြေ။ ။ ရွေဘိုထောင်က ကျွန်မရောက်ဖူးတဲ့ထောင်တွေထဲမှာ ကျွန်တော်ဆိုရင် ရန်ကုန်၊ ပုသိမ်၊ ရန်ကုန်၊ မန္တလေး၊ အဲ့ဒီကနေ ကသာ အဲ့ဒီကနေ ရွေဘို၊ ရွေဘိုထောင်ရဲ့ထောင်ပိုင်ဦးစောထွဋ် သူ့သဘောထားနဲ့ စာနာတက်တဲ့စိတ်က ထောင်အားလုံးထက်စာလို့ရှိရင် ရွေဘိုထောင်မှာ ကျင့်သုံးနေတဲ့ စည်းစနစ်က အကောင်ဆုံးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျဉ်းသူ/အကျဉ်းသားတွေအပေါ် လူသားချင်းစာနာမှုတွေ ပေးပြီး၊ အဓိကက ထောင်ထဲမှာ စိတ်ဒုက္ခက အဓိကပဲပေါ့၊ အဲ့ဒီ စိတ်ဒုက္ခတွေကို အရှင်း ပျောက်မသွားတောင်မှ အတတ်နိုင်ဆုံး သက်သာအောင် ထောင်ပိုင် ကိုယ်တိုင် စည်းကမ်းတကျ လုပ်ပေးနေတာကို မြင်ရတဲ့အတွက် အဲ့ဒါကြောင့်ထောင်တွေရဲ့ စီးဆင်းမှုမှာ ရွေဘိုထောင်ရဲ့ စီးဆင်းမှုက ပိုကောင်းပါတယ်၊ ထောင်ပိုင်လို လူမျိုးတွေလည်း အကျဉ်းဦးစီးမှာ အများကြီး လိုအပ်ပါတယ်၊

မေး။ ။ အခုပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။
ဖြေ။ ။ လွတ်ငြိမ်းချမ်းသာခွင့်ကတော့ အမှန်တကယ်တော့ ဖမ်းထားတဲ့ ယုံကြည်ချက် အကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးသင့်တယ်။ ဒါပေမယ့် အခုဟာက အပြည့်အ၀ လွတ်ငြိမ်းချမ်းသာခွင့်ရယ်လို့ သတ်မှတ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့တစ်ချို့ထောင်တွေမှာကသီးခြားထားတဲ့အကျဉ်းသားတွေကျန်ခဲ့သေးတယ်လို့လဲသိရတယ်။ ရွှေဘိုထောင်မှာ ဆိုရင်လည်း ၉ ယောက် ကျန်ခဲ့တယ်။ သူတို့က မြေပေါ်နိုင်ငံရေး မဟုတ်ပဲ ဖောက်ခွဲရေးနဲ့ ဆက်စပ်တဲ့ လုတွေလို့ ပြောတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဟာ တစ်ချိန်က အမှန်တရားလို့ သတ်မှတ်ပြီး လုပ်ခဲ့တယ် ခုချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အချိန် အကျဉ်းထောင်မှာ ဖောက်ခွဲရေးနှင့်ပတ်သတ်တာပဲဖြစ်ဖြစ် အဓိကက ကျောင်းသားတပ်မတော်ပေါ့နော်။ ABSDF နဲ့ပတ်သတ်တဲ့ရဲဘော်တွေ ကျန်ခဲ့ပါတယ်။ အဲလိုလူတွေကို ထပ်ပြီးတော့ လွှတ်ပေးသင့်ပါတယ်။ ထပ်ပြီးတော့လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။

မေး။ ။ လွတ်လာပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဖို့ အစီစဉ်ရှိပါလား။
ဖြေ။ ။ နဂိုကတည်းက ၈၈ကျောင်းသားတွေက ကျောင်းသား အဖြစ်နဲ့ပဲ ရပ်တည်ပြီးတော့ အယ်အန်ဒီရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို နောက်ကနေပြီးတော့ နဂိုကတည်းက ၀န်းရံပေးနေတာပါ။ အဲဒီ့အတိုင်းပဲ ဆက်လက်ပြီးတော့ ရှိနေပါတယ်။

မေး။ ။ အယ်အန်ဒီပါတီ ၀င်ဖို့လောက်ထိ ဖြစ်လာနိုင်လား။
ဖြေ။ ။ ။ အဲဒီ့လောက်ထိတော့ မရှိပါဘူး။ ကျွန်မတို့ ကျောင်းသား Site ကပဲ ရပ်တည်ဖို့ ရှိပါတယ်။

မေး။ ။ နိုင်ငံရေးအကျဉ်းသား အများစု လွတ်မြောက်လာတော့ ဖြစ်ပေါ်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျဉ်း ကိုလည်းသုံးသပ်ပေးပါဦး။
ဖြေ။ ။ ကိုယ်ပိုင်အမြင်ကတော့ ကိုယ်ပိုင် သုံးသပ်ချက်အရတော့ အခုလက်ရှိ ၈၈ကျောင်းသားတွေရဲ့ နဂို ရပ်တည်ချက် အရလည်း ကျောင်းသားအနေနဲ့အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အရင်ဆုံး ဖော်ဆောင်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ရအောင် ဘေးကနေလုပ်နေတဲ့ အဖွဲ့အစည်းတွေအားလုံးကို တတ်နိုင်သလောက် ကိုယ်စွမ်းအား ရှိပါတယ်။ ၈၈မျိုးဆက် ကျောင်းသား အနေနဲ့လည်း လတ်တလောမှာ လိုအပ်တဲ့ ဘက်ကနေပြီးတော့ ပြည်သူရဲ့ လိအပ်ချက်ကို မားမားမတ်မတ် ရပ်တည်ပေးဖို့ အစီအစဉ်ရှိပါတယ်၊

မေး။ ။ သမ္မတနဲ့ဒေါ်စုတွေ့ဆုံဆွေးနွေးမှုကရော ဘယ်လိုမြင်လဲ၊ ဒီမိုကရေစီလမ်းကြောင်းအတွက် ရလာဒ်ကောင်းတစ်ခုဖြစ်နိုင်မလားခင်ဗျ။
ဖြေ။ ။ ဖြစ်သင့်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံတဲ့ကိစ္စကို ကျွန်တော့်အနေနဲ့ ကြိုလည်းကြိုဆိုပါတယ်၊ လက်လည်း လက်ခံပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ အတွက် ရန်သူတွေလည်းမဟုတ်ပါဘူး၊ အဲ့လိုပဲတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖွဲ့အစည်းတစုံတရာ ကပဲဆောင်ရွက်လို့မရပါဘူး၊ အားလုံးလက်တွဲဆောင်ရွက်ပါမှ မြန်မာနိုင်ငံကြီး တိုးတက်မှာဖြစ်တဲ့ အတွက် အခုလိုတွေ့ဆုံမှုကို ထောက်လည်း ထောက်ခံပါတယ်၊ ဆက်လက်ပြီးတော့ ကောင်းကျိုး ဖြစ်ထွန်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်၊

မေး။ ။ ဒီမိုကရေစီနိုင်ငံသစ်မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြုပြင်သင့်တဲ့ ကဏ္ဍတွေ ရှိရင် အစ်မအမြင်လေးကို အကြံပေး ပြောကြားပေးပါဦး
ဖြေ။ ။ မြန်မာနိုင်ငံကအခုမှ ဒီမိုကရေစီဆိုတာ လသားအဆင့်လောက်ပဲ ရှိသေးတယ်၊ တစ်တိုင်းတစ်ပြည်လုံးမှာ ရှိတဲ့ ပြည်သူတွေ အားလုံးဟာ စည်းကမ်းရှိရှိ၊ ညီညီ ညွတ်ညွတ်နဲ့ ငြိမ်းချမ်းစွာနဲ့ လက်တွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ အခုခေတ် မျိုးဆက်သစ် လူငယ်လေးတွေကို ပြောချင်တာကတော့ စာများများဖတ်ကြပါ၊ စာဖတ်မှ စာထဲက အမှန်တရားတွေ့မှသာလျင် ပတ်ဝန်းကျင်ရဲ့အမှားနဲ့အမှန် တိုင်းပြည်အတွက်ဆိုးကျိုးကောင်းကျိုးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ ပညာရေးဆိုင်ရာ မြှင်တင်မှုတွေ ကျမ်းမာရေးဆိုင်ရာ မြှင့်တင်မှုတွေကို အဓိကထား လုပ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။

မေး။ ။ ပါတီဝင်မဟုတ်ပဲနဲ့ နိုင်ငံရေး လုပ်နေတဲ့သူတွေကို အစ်မ ဘယ်လို အကြံပြုပြောချင်ပါသလဲ။
ဖြေ။ ။ ပါတီဝင်မဟုတ်ပဲ နိုင်ငံရေး လုပ်နေတဲ့ သူတွေကတော့ အဓိကက လက်ရှိ အန်အယ်လ်ဒီက ကြားဖြတ် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်ပြီးတော့ လွတ်တော်ထဲကို ရောက်သွားမှာဖြစ်ပါတယ်၊ အဲ့တော့ ဒီ နီးစပ်ရာတွေကနေ ကိုယ့်တိုင်းပြည်ရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ကိုယ့်ရဲ့ နီးစပ်ရာကနေ လွတ်တော်ထဲကို ပြည်သူ့အသံ အမှန်အကန်ဆုံးရောက်နိုင်အောင် ကြိုးစားဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။

မေး။ ။ ပြည်သူတွေရဲ့နိုင်ငံရေးရေချိန်က ဘယ်လောက်ရောက်နေပြီလဲခင်ဗျ။
ဖြေ။ ။ အခုရေစီးကြောင်းကိုကြည့်ရတာတော့ တော်တော်အားရပါတယ်၊ အရင်က တိုင်းပြည်မှာ လူတွေက အကြောက်တရားလွမ်းမိုးနေတယ်၊ အခုအချိန်မှာတော့ အကြောက်တရားတော်တော်များများကွယ်ပျောက်နေတာတွေ့နေရပါတယ်။ နောက်ပြည်သူတွေက အမှန်တရားဘက်မှာ လိုက်ပြီးတော့နိုင်ငံရေးသမားတွေနဲ့အတူ လိုက်ပါစီးဆင်းနေတာကို တွေ့ရတယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂါတ်အလားအလာက အရင်ကထက်စာရင်တော့ ပိုပြီးရောင်ခြည်ထွန်းလင်းတောက်ပလာတယ်လို့ ထင်ပါတယ်။

မေး။ ။ ကျန်ရှိနေတဲ့ နိုင်ငံေ၇းအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆက်လက် ဆောင်ရွက်သွားဖို့ အစီစဉ်ရှိလား။
ဖြေ။ ။ အဲ့ဒါကတော့ ဆက်လုပ်ပေးရမှာပါ၊ ကျန်ရှိနေသေးတဲ့ ဒီမိုကရေစီစစ်ကို ရရှိနေတဲ့တိုင်းပြည်မှာ နိုင်ငံရေး ယုံကြည်ချက်နဲ့ အဖဖ်းခံရတဲ့သူ မရှိသင့်ပါဘူး၊ အဲ့ဒီအတွက်ကြောင့် အားလုံး ပြန်လည် လွတ်မြောက်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာပါ၊

မေး။ ။ ကျင်းပနေတဲ့ လွှတ်တော် အခင်း အကျင်းကိုရော ဘယ်လိုမြင်လဲခင်ဗျ။
ဖြေ။ ။ အရင့်အရင် လွှတ်တော်တွေထက် စာရင် အခု ဒီမိုကရေစီ နိုင်ငံသစ်ရဲ့လွတ်တော်က ပွင့်လင်းတယ်၊ လွတ်လပ်တယ် လို့ ထင်ပါတယ်၊

မေး။ ။ မီဒီယာရဲ့အခန်းကဏ္ဍကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ကောင်းပါတယ်၊ မီဒီယာ လွတ်လပ်ခွင့်တွေ ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ မျက်စိရော နားရော အလင်းရောင် ပေးလိုက်တာနဲ့ အတူတူပါပဲ။ မီဒီယာ လွတ်လပ်ခွင့် ပေးတာကို အများကြီး ကြိုဆိုပါတယ်။

မေး။ ။ အစ်မအနေနဲ့ ပြည်သူကို အာမခံပေးနိုင်တာ ရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့ အတွက်ကတော့ ထောင်ထဲမှာပဲ နေနေ၊ အပြင်မှာပဲနေနေ မြန်မာပြည်သူတွေ အတွက်ကတော့ ထာဝရရှင်သန်နေမှာပါ၊ ဆက်ပြီးတော့ မြန်မာနိုင်ငံ တိုးတက်ဖို့နဲ့ ပြည်သူတွေအတွက် အစစအရာရာ ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ တတ်နိုင်သလောက် တတ်စွမ်းသလောက် ဆက်ပြီးတော့ လုပ်သွားမှာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts