>Min Ko Naing’s trip to Rangoon

>

ကြိုဆိုပါသည် မင်းကိုနိုင်
Facebook
ဇန်န၀ါရီ ၁၄၊ ၂၀၁၂

ဓာတ်ပုံများ – မိုးမခ

Facebook မှာ တွေ့ရတဲ့ မင်းကိုနိုင်ရဲ့ အိမ်အပြန်ခရီး တစိတ်တဒေသ ရေးသားချက်များ။

ကိုမင်းကိုနိုင် တို့  ကို ကြို ဆိုမယ်လို့ ဆက်သွယ်တော့  ကိုမင်းကိုနိုင်က ဂစ်တာလေးတလက် ရှာထားပါ တဲ့  ..။ ထောင်ထဲမှာ စပ်ခဲ့ တဲ့  သီချင်း တပုဒ်ဆိုပါမယ်တဲ့ ..။ အိုး..လူငယ်တွေက ဂစ်တာတွေ ယူချ လာကြတယ်..။
ထောင်ထဲမှာစပ်တဲ့  သီချင်းက..စစ်ပွဲတွေကို ရပ်ပစ်ပြီး..အလှတရားငြိမ်းချမ်းရေးအတွက် လုပ်ကြဖို့ တိုက်တွန်း နှိုးဆော် ထားတဲ့ စာပါ..။
နားမစွဲသေးလို့  စာသားမမှတ်မိပေမယ့် ..သူဒီသီချင်းကို ပေါင်းတည်မှာ စဆိုတယ် လို့ ပြောပါတယ်..။

နောက်တပုဒ်က တော့ ကျောင်းသား သီချင်းတပုဒ် ပါ.. အရေးကြီးပြီ ညီနောင် အပေါင်းတို့ ..သွေးစည်းပြီ ညီလေ ညီကြစို့ …ဆိုတဲ့ သီချင်းလေ..။

လူအုပ်ကြီးက ကိုမင်းကိုနိုင်တို့ နဲ့  အတူ သံပြိုင် ဆိုကြတယ်..ကြက်သီးမြမြ ထမိပါတယ်..။

ဒီ နေ့ သိမ်းထားတဲ့  ပင်နီ အင်္ကျီ လေးကို ၀တ်ပြီး..သီချင်း သံပြိုင် လိုက် ဆို ရ လို့  ပါ..။

ဒီသီချင်း ဆိုအပြီးမှာ ကိုမင်းကိုနိုင်က.. ပေါင်းတည်မြို့  ရဲ့  ဒီနေရာမှာ ကျောင်းသား သမဂ` ရဲ့ ဒေါင်း အလံကို စိုက်ထူ လိုက်ပါပြီ တဲ့ 

ခွပ်ဒေါင်းအလံ ရှာတာ..(ဟိုးတုံးက ဗကသ..အလံ..လေ..ဦးလေးဦးမြစန်းရယ်သိမ်းထားတာ..ရှစ်လေးလုံးတုံးကတောင် ထုတ်သုံးတာလေ..စလှည့် တဲ့ နေ့မှာ။
အခု သိမ်းထားတဲ့ လူက ခရီးဝေးသွားနေလို့  NLD အလံ ၂ခုနဲ့ ..တင်လိုက်တယ်..။ခွပ်ဒေါင်းပါတယ်လေ

ကိုမင်းကိုနိုင် ကို ကြို ဆိုမယ် ..ဆိုတာ သိတဲ့  မြို့ လူထု က မိုက်..ရှာပေးတဲ့ လူ နဲ့ ..။မိုက်..တခုမကောင်းတော့  နောက်တခု အသစ် ထပ်ရောက်လာတယ်..။
ကျေးဇူးတင်စရာကောင်းတာက..ရုတ်တရက် လုပ်ရ တဲ့ အစီအစဉ် ထဲမှာ ၀င်ကူညီ တဲ့ မှတ်တိုင် ရွာက ဘုရားအလှူ ခံ ထွက် တဲ့  ထော်လာဂျီ လေးပါ။

သူတို့  ကို ကျောင်းသားတွေက အကူအညီတောင်းတော့ ချက်ချင်း ထိုးရပ်ပေးပြီး. အဲဒီအပေါ်မှာ ခုံထပ်တင်ပြီး..ကိုမင်းကိုနိုင် အတွက် စတိတ်စင် လုပ်ပေး လိုက်ရတာ..။
ကျေးလက် ရနံ့ သင်း တဲ့  လူထုကို ကိုယ်စားပြု တဲ့  သဘော ပေါ့ နော်း)

အစီအစဉ် ကို ရုတ်တရက် ထလုပ်လိုက်ရပေမယ့်  တယောက်တလက် ၀ိုင်ဝန်းကူညီ ၀ိုင်းဝန်းကြတဲ့  မြင်ကွင်း ဟာ..လူထု ရဲ့  ကိုမင်းကိုနိုင် တို့  အပေါ်ထားတဲ့  လေးစား မှု ချစ်ခင် ထောက်ခံ မှုတွေ ပါပဲ

ဖခင်ပန်းချီဆရာကြီး ဦးသက်ညွန့်  (ဓာတ်ပုံ – ပေါ်ပြူလာဂျာနယ်)


“သား လွတ်လာပြီ သိရလို့ ဝမ်းသာတယ်။ သားဘုရားတွေ သေသေချာချာ စိတ်အေး လက်အေး ဖူး။ အိမ်ကိုပြန်တာ မလောနဲ့ ။ ကားကို ဖြည်းဖြည်းမောင်းခိုင်း။ အရင်က စောင့်ခဲ့ ရတဲ့ နှစ်တွေ ကြာပြီပဲ။ ခုမှ လောမနေနဲ့ ။ အဖေတို့ အေးအေးဆေးဆေးပဲ စောင့်နေမယ်”
ဆိုတဲ့ ဖခင်ရဲ့ စကားကို ပေါ်ပြူလာသတင်းဂျာနယ် Facebook မှာ ဖော်ပြထားပါတယ်။














သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts