>Nyein Wai – Poem

>

မျက်ရည်နဲ့ဖွင့်လိုက်တဲ့ ဖ ဘ
ငြိမ်းဝေ
ဇန်န၀ါရီ ၁၄၊ ၂၀၁၂

မျက်ရည်နဲ့ ရိုက်ထားလိုက်တဲ့ဓါတ်ပုံ
စာလုံးတွေဟာ ဝါးနေတယ်
ဒါပေမယ့်
အဲဒီသတင်းတွေက မမှုန်ဝါးတော့ဘူး။

မျက်မှန်ကို
ခဏခဏ သုတ်ပြီးမှ ကြည့်နေရတယ်
ဒါပေမယ့်
အဲဒီသတင်းတွေက သုတ်ပစ်လို့မရအောင်
ထင်ထင်လင်းလင်း ဖြစ်လာနေပြီ။

အမေ ဆုံးတယ်
မျက်ရည် မကျခဲ့ဘူး။
အဖေ ဆုံးတယ်
မျက်ရည် မကျခဲ့ဘူး။

အခု
ထောင်ဗူးဝက
သူတို့ လမ်းလျှောက်ပြီးထွက်လာကြတယ်
ဘာ့ကြောင့်များ မျက်ရည်ကျလောက်အောင်
စိတ်လှုပ်ရှားနေမိပါလိမ့်။

မျက်ရည်နဲ့ ဆလိုက်ထိုးတယ်
မျက်ရည်နဲ့ ဓာတ်ပုံ ရိုက်တယ်
ကင်မရာခလုပ်ပေါ်မှာ နှလုံးသားနဲ့ပဲ အကြိမ်ပေါင်းများစွာ ဖိနေမိပေါ့။

၁၃၊ ၁၊ ၂၀၁၂ (နေ့လည် ၁၂ နာရီ ၄၀ မိနစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts