>1st MM Browser supporting Burmese Fonts on Andriod

>

အန်ဒရိုက်ဖုန်းနဲ့ မြန်မာစာဖတ်နိုင်မယ့် မြန်မာဘရောက်ဇာ ထွက်ပြီ
သက်နိုင်စိုး၊ မြန်မာမိုဘိုင်းအက်ပ် ဘလော့ဂ်က ကောက်နုတ်ဖော်ပြသည်
မိုးမခ၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၂
Root လုပ်စရာမလို ၊ မြန်မာဖောင့်သွင်းစရာမလိုဘဲWebsite တွေကို မြန်မာစာနဲ့မြင်ချင်သူများအတွက် 1st Myanamr Browser v0.2 forAndroid ထွက်ပေါ်လာပြီလို့ ရေးထားပါတယ်။
          အဲသည် မိုဘိုင်းအက်ပ်အမည်က  1st Myanamr Browser  ဖြစ်ပြီး ထုတ်လုပ်မျှဝေသူက Developer Name-ကိုထင်အောင်(NUS)ဖြစ်ပါတယ်။
iPhone/iPad တွေမှာ Jailbreak လုပ်စရာမလိုဘဲမြန်မာစာမြင်ရစေတဲ့ မြန်မာ Browser တွေအများကြီးရှိပေမယ့် Android အတွက်တော့ ဒီapplication လေးက ပထမဆုံးဖြစ်ပါတယ်။ ဒီ Browser လေးက ဇော်ဂျီဖောင့်နဲ့ Win-Innwa ဖောင့်နှစ်မျိုးကိုSupport လုပ်ပါတယ်။
အခု Update Version 0.2 မှာပြင်ဆင်ပေးထားတဲ့အချက်တွေကိုDeveloper ကိုထင်အောင်က အောက်ပါအတိုင်းပြောပြခဲ့ပါတယ်။
“အရင် version မှာ javascript ကြောင့်တစ်ခါတစ်လေ Crash ဖြစ်သွားတာကိုပြန်လည်ပြင်ပေးထားပါတယ်။။ နောက်တစ်ခုက Multi Tab ဖွင့်ပြီးLoading လုပ်နေရင်း တခြား Tab တစ်ခုကိုပြောင်းလိုက်ရင် ပထမ Tab မှာ Font မပေါ်တော့တာကိုလည်းပြင်ဆင်ပေးထားပါတယ်။ Forum တွေကို Login ၀င်တဲ့အခါမှာ Cache ကြောင့် Login ၀င်ထားသော်လည်းSign-in စာမျက်နှာကိုပဲပြန်ရောက်နေတဲ့ error များကို ပြန်လည်ပြင်ဆင်ပေးထားတာပါတယ်။“
ဒီ Browser လေးနဲ့Facebook သုံးရာမှာလည်းRoot လုပ်စရာမလို ၊ ဘာမြန်မာဖောင့်မှသွင်းစရာမလိုဘဲ မြန်မာလိုမြင်နိုင်တာကိုတွေ့ရမှာပါ။Website တွေကိုကြည့်ရာမှာလည်း မြန်မာစာကိုအဆင်ပြေပြေမြင်နိုင်တာကိုတွေ့ရပါတယ်။
Flash ကိုအထောက်အပံပေးနိုင်ခြင်း နဲ့တခြား browser နဲ့ကြည့်ရှုထားတဲ့ Browser Bookmarks တွေကို ဒီ Browser ထဲမှာ importလုပ်ပြီးကြည့်နိုင်ခြင်းဟာလည်း တော်တော် ကောင်းမွန်တဲ့အချက်တွေပဲဖြစ်ပါတယ်။Android OS ဖုန်း/Tablet တွေကိုအသုံးပြုနေကြတဲ့ မြန်မာ Android User များအတွက် သတင်းကောင်းတစ်ခုပါပဲ။1st Myanmar Browser ကိုလိုချင်တယ်ဆိုရင်တော့ အောက်မှာရယူနိုင်ပါတယ်။
အောက်က link တွေကနေလည်း download ရယူနိုင်ပါတယ်။
(OR) QR code scanner ဖြင့်ဖုန်းကိုအသုံးပြု၍Direct ရယူရန်-

qrcode

ရည်ညွှန်း – http://www.myanmarmobileapp.com/?p=4739

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts