>Kamar Pale – Poem


>

လမင်းခေါ်ရာ … လမ်း
ကမာပုလဲ
ဇန်န၀ါရီ ၉၊ ၂၀၁၂


ဝေဒနာ
ကိုယ်စားပြု ဒဏ်ရာအနာတရများ
ရင်ကို ရင်ခြင်း ကူးခတ်သွားဖို့
သီချင်းတပုဒ် … ရေးဖြစ်တယ်။

အနီးဆုံးထက် ပို၍နီးသော
အသက်နှင့် ရင်းရသော တီးတိုး စကားများ
ဘ၀ ဘ၀တွေကို ပုံအပ်ရင်း
နှလုံးသွေးတို့ဖြင့် စီရင်ပြီး
အများသဘောတူ …။

ချစ်ခြင်း၏တန်ဖိုးများ မွေးဖွားရာ
စာသင်ခန်းများ
လမ်းမများ
လူသူ အရောက်အပေါက်နည်းသော
တောတောင် ကန္တာရများ
မချစ်မနှစ်သက်သူတို့၏ အနှောင်အဖွဲ့များ
ချစ်မက်သူတို့ချင်း စိတ်ချလက်ချ အလွမ်းများ
မဆုံးနိုင်သေးသော
တမျှော်တခေါ် ပေးဆပ်ခြင်းတို့ဖြင့် …။

တိမ်ကောသွားမည့် မြစ်များ
စီးဆင်းနေဆဲ မြစ်များ
လွန်ခဲ့သော မနက်ဖြန်များအတွက်
ဝမ်းနည်းရမှုတွေကို
အမှတ်တရ ထားရစ်ခဲ့
လမင်းခေါ်ရာ
ပင်လယ်ဆီ …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts