>Burma is 3rd place to go in 2012 – NY Times

>

၂၀၁၂မှာလည်ပတ်ရန်အသင့်ဆုံးတိုင်းပြည် မြန်မာပြည် တတိယချိတ်
နယူးယောက်တိုင်းမ်စ်သတင်းကောက်နုတ်ချက်
ဇန်န၀ါရီ ၉ ၊ ၂၀၁၂
ဇန်န၀ါရီ ၆ ရက်နေ့စွဲနယူးယောက်တိုင်းသတင်းစာ၊ ခရီးသွားဆောင်းပါးကဏ္ဍမှာ သတင်းစာအဖွဲ့ရဲ့ အညွှန်းအဖြစ်၂၀၁၂ အတွင်း လည်ပတ်ရန်သင့်တဲ့ နေရာ ၄၅ နေရာ ထုတ်ပြန်ရာမှာ မြန်မာပြည်ကတတိယနေရာချိတ်ပါတယ်။
ပထမ အဖြစ် ပနားမား၊ ဒုတိယကဖင်လန်နဲ့ တတိယလိုက်သူကတော့ မြန်မာပြည်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်နောက်မှာ နံပါတ် ၄က လန်ဒန်၊ နံပါတ် ၅ က ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ဘေးဧရိယာက ဥက္ကလံမြို့ ဖြစ်တာကိုတွေ့ရပါတယ်။
ပနားမားကို သူရဲ့ လှပတဲ့တူးမြောင်းတွေအတွက် ရွေးတယ်။ ဖင်လန်ပြည်က ဟယ်ဆင်ကီမြို့ကတော့ စားသောက်ဆိုင်တွေနဲ့မြို့ဒီဇိုင်းကောင်းပုံတွေလို့ ပြောပါတယ်။ မြန်မာပြည်ကတော့ အနှစ်နှစ် အလလကကမ္ဘာနဲ့အဆက်ပြတ်နေရာကနေ အခုချိန်မှာ ခရီးသွားတွေအတွက် မြေပုံအသစ်ပဲလို့ရေးသားထားပါတယ်။
နောက်ကလိုက်တဲ့ လန်ဒန်ကိုတော့အိုလံပစ်မြို့တော်အဖြစ် ပြီးတော့ ဘေးဧရိယာက ဥက္ကလံမြို့ကိုတော့ ပဋိပက္ခတွေကြားထဲကစားသောက်လည်ပတ်ခြေဆန့်စရာမြို့တော်လို့ ပြောထားပါတယ်။ မကြာသေးမီကအမေရိကန်ပြည်သားတွေရဲ့ Occupy Movementတွေအနက် ဥက္ကလံအဓိကရုဏ်းကြောင့် ကျောင်းသားလူငယ်တွေဒဏ်ရာရရှိခဲ့တာတွေကို ပဋိပက္ခကြားထဲက လို့ ညွှန်းတာဖြစ်ပါတယ်။
ဓာတ်ပုံက သူတို့ဝက်ဆိုက်ကယူပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts