>ဖားကန့် လမ်းပိုင်း တိုက်ပွဲများကြောင့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်

>

ဖားကန့် လမ်းပိုင်းတိုက်ပွဲများကြောင့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်
Source ( JinghpawKasa) and Jade Land (Facebook)
ဇန်န၀ါရီ (၈)၊ တနင်္ဂနွေ


ဖားကန့် ဒေသ လမ်းပိုင်းသို့မြန်မာအစိုးရ စစ်တပ်များ အင်အား အလုံးအရင်း ထပ်မံဖြည့်တင်းနေသည့် အပြင် နေ့ စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြောက်လန့်ကာ ဒေသခံများ ဘေးလွတ်ရာသို့  ထွက်ပြေး တိမ်းရှောင်နေကြရပါသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေရာ ဖားကန့် ကားလမ်းပိုင်း နန့် ယားကျေးရွာ နှင့် လုံးခင်ကျေးရွာကြားရှိ ပျားအုံ ၊ ကျောက်ဖျာ ၊ ၅ မိုင်ကုန်း စသည့် ကျေးရွာများမှ ရွာသူရွာသားများသည် ယခုအခါ လုံးခင်းကျေးရွာ ပါတ်ဝန်းကျင်ရှိ ဘုရားရှိခိုးကျောင်းများတွင် ၀င်ရောက် တိမ်းရှောင် ခိုလှုံလျက်ရှိကြောင်းသိရသည်။ ယင်းကဲ့သို့ နေရပ်စွန့် ထွက်ပြေး တိမ်းရှောင် ခိုလှုံလျက်ရှိရာတွင်-

(၁) မော်စီဇာ အသင်းတော် ဘုရားရှိခိုးကျောင်းတွင် ခိုလှုံရောက်ရှိနေသူပေါင်း( ၁၂၈)ယောက်
(၂) မော်စီဇာဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသူပေါင်း အယောက် ( ၃၀၁) ဦး
(၃) လုံးခင်းအသင်းတော်ဘုရားကျောင်းတွင် ရောက်ရှိခိုလှုံနေသူ ( ၂၈၁)ဦး
(၄) ရှအစ်ယန်ကျေးရွာတွင်ရောက်ရှိခိုလှုံနေသူပေါင်း (၁၇၀)ဦး

လက်ရှိ အားလုံး စုစုပေါင်း အယောက်(၈၈၀)ဦး ခန့် ရှိနေပြီဖြစ်ပြီး နေ့ စဉ် ထပ်မံထွက်ပြေး တိမ်းရှောင်သူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ကချင် စစ်ပြေးဒုက္ခသည် စုစုပေါင်း ၅သောင်းကျော် အိုးအိမ်စွန့် ခွာကာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts