>Burmese men in Australia married celebrities

>

သြစတေးလျရောက် မြန်မာများ မင်းသမီးများနဲ့ညား
မိုးမခအထောက်တော် အမှတ် ၀၀၆
ဇန်န၀ါရီ ၇၊ ၂၀၁၂


သြစတေးလျရောက် မြန်မာပြည်သား ၂ ဦးသည် သရုပ်ဆောင်မင်းသမီးများနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကြောင်းပါခဲ့ကြသည်။

မင်းသမီးများမှာ ပန်းဖြူ နှင့် သဇင်တို့ ဖြစ်သည်။

သရုပ်ဆောင် ပန်းဖြူသည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် အခြေချနေထိုင်သော ကိုလူမင်းနှင့်လည်းကောင်း၊ သရုပ်ဆောင် အဆိုတော် သဇင်သည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့တွင် နေထိုင်သူ ကိုသက်နိုင်အောင်ဇေယျနှင့်လည်းကောင်း၊ ရန်ကုန်တွင် လက်ထပ်လိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်ထုတ် ဂျာနယ်များတွင် ရေးထားသည်။

ပန်းဖြူက ယခုလ ၁ ရက်နေ့တွင် စေ့စပ်ပြီး ၂ ရက်နေ့တွင် မင်္ဂလာဦးဆွမ်းကျွေး အစီအစဉ် ပြုလုပ်ခဲ့သည်ဟု 7Day သတင်းဂျာနယ်ကို ကိုးကားပြီး planet အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သဇင်က ၁ ရက်နေ့တွင် မင်္ဂလာ လက်မှတ် ထိုးခဲ့သည်ဟု Eleven မီဒီယာအုပ်စု ၀က်ဆိုက်တွင် ရေးထားသည်။ သဇင်၏ မင်္ဂလာဧည့်ခံပွဲကို ရှေ့လ ၁၂ ရက်နေ့တွင် ကျင်းပမည်ဟု ဆိုသည်။

သဇင် ဓာတ်ပုံ Eleven မီဒီယာ

ပန်းဖြူဓာတ်ပုံများ – ပန်းဖြူ Facebook Fan Page







သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts