>62-07 Former Political Prisoners reunion held in Rangoon

>

၆၂ – ၀၇နိုင်ငံရေးအကျဉ်းသားများ တွေ့ဆုံပွဲ ကျင်းပ

တာရာဝေယံ၊ရန်ကုန်၊ ဇန်န၀ါရီ ၅၊ ၂၀၁၂
စစ်တပ်တပိုင်း အစိုးရရဲ့၁/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ဟာ လူထုနဲ့ နိုင်ငံတကာကို ပေးထားတဲ့ကတိက၀တ်တွေကို ချိုးဖောက်တာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို အရှက်ခွဲတဲ့သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ အင်န်အယ်ဒီ ခေါင်းဆောင်ဦးဝင်းတင်ကယမန်နေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ၆၂ – ၀၇ နိုင်ငံရေးအကျဉ်းသားဟောင်းများတွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
ဦးကိုကိုလေး
ဒီတွေ့ဆုံပွဲဟာစစ်အာဏာရှင်စနစ်အောက်မှာ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့်ငြိမ်းချမ်းရေးတို့အတွက် ရဲရဲရင့်ရင့် ကြိုးပမ်း ဆောင်ရွက်ပြီး (၁၉ ၆၂ – ၂၀၀၇)အတွင်း အနစ်နာခံပေးဆပ်ခဲ့သူများကို နွေးထွေးစွာ ပြန်လည် တွေ့ဆုံနီုင်အောင်နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးကိုကိုလေးရဲ့ မွေးနေ့မှာ ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးကို မြတ်နိုးသူများက ၀ိုင်းဝန်းစီစဉ်ဆောင်ရွက်ကြတာ ဖြစ်ကြောင်းသိရပါတယ်။
ရန်ကုန်မြို့၊ ၈မိုင်လမ်းဆုံ၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ပေါက်စေတီကျောင်းတိုက်မှာမနက် ၈ နာရီ ခွဲက ၁၁ နာရီ ခွဲအထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ကိုဇော်ရဲလင်း
ကိုဇော်ရဲဝင်း
မမီမီလွင်
အခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊နိုင်ငံရေးပါတီအသီးသီးက ပုဂ္ဂိုလ်များ၊ စာပေ အနုပညာရှင်များ ဦးရေ ၁၀၀၀ ခန့်တက်ရောက်ကြပါတယ်။ အခမ်းအနားမှူးအဖြစ် ၈၈ မျိုးဆက်မှ မအေးသီတာက ဆောင်ရွက်ပြီး ၁၉ ၆၂တကသအမှုဆောင် ဦးလှရွှေ၊ အင်န်အယ်ဒီခေါင်းဆောင် ဦးဝင်းတင်၊နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ကိုဇော်ရဲဝင်း၊ ၈၈ ကျောင်းဆရာများသမဂ္ဂ၊ ၈၈မျိုးဆက်မှ မဇင်မာအောင်၊ ဗကသ က ကိုဇော်လင်းအောင်၊ ကဗျာဆရာများသမဂ္ဂက ဆရာသစ္စာနီ၊Generation Wave တို့မှ အမှာစကားပြောကြားကြ့ပီး သ၀ဏ်လွှာများ ဖတ်ကြားခဲ့ကြပါတယ်။

ဇော်ဇော်အောင်
သစ္စာနီ
ဦးလှရွှေ
လွတ်လပ်ရေးနေ့မနက်ခင်းမှာပြုလုပ်ခဲ့တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများရဲ့ လွတ်လပ်ရေးနေ့အခမ်းအနားမှာ ဒေါ်စုကမိန့်ခွန်းပြောရာမှာ ၁/၂၀၁၂ ကြေညာချက်ဟာပြည်သူလူထုမျှော်လင့်ထားသလို နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းမရှိသည့်အတွက် ထိုကြေညာချက်ဟာ လူထုကို စိန်ခေါ်မှုတရပ်ဖြစ်တယ်လို့ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဦးဝင်းတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မဇင်မာအောင်
ဦးဝင်းတင်
အားလုံးဖတ်ကြားကြတဲ့သ၀ဏ်လွှာတိုင်းမှာ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ညီညွတ်ရေး၊ငြိမ်းချမ်းရေး တည်ဆောင်ကြဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ကြဖို့၊မတူညီတဲ့ အယူအဆများကို တူညီတဲံ ရည်မှန်းချက်အပေါ်မှာလက်တွဲဆောင်ရွက်သွားနိုင်ကြဖို့ နဲ့ ၁/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဟာဒေါ်စုပြောသလို စိန်ခေါ်မှုတခုဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများလွှတ်မပေးသည့်အတွက် အစိုးရပ ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း၊ အားလုံးကလည်းစိန်ခေါ်မှုကို လက်ပိုက်ပြီး ကြည့်မနေသင့်ကြောင်း စသည်ဖြင့် တင်ပြသွားကြကြောင်းသတင်းရရှိပါတယ်။
အသံဖိုင်ကို သည်ကနေ ရယူ နားဆင်ပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts