>Maung Aung Pwint honored by Yatha Alin group from Singapore

>

၂၀၁၁ ဒီဇင်ဘာလအတွက်ကဗျာဆရာမောင်အောင်ပွင့်ကို ရသအလင်းမှ ဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ခြင်း
ရသအလင်းအဖွဲ့သားများ၊ ဇန်န၀ါရီ ၅၊၂၀၁၂
ချစ်မိတ်ဆွေများအားလုံးကိုမင်္ဂလာရှိတဲ့နှစ်သစ်၂၀၁၂ဖြစ်ပါစေလို့ ရသအလင်းအဖွဲ့သားတွေက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ရသအလင်းအနေနဲ့အောက်တိုဘာလမှာ ဆရာလှသန်းနဲ့ နိုဝင်ဘာအတွက် ဆရာအေးမင်းစောကို နှစ်ဦးပေးအပ်ခဲ့ပြီး ဒီဇင်ဘာလမှာတော့ ဂုဏ်ပြုငွေကို ကဗျာဆရာကြီးမောင်အောင်ပွင့်ကိုပေးခဲ့ကြပါတယ်။
ဆရာမောင်အောင်ပွင့်ဟာပြောင်မြောင်တောက်ပတဲ့ကဗျာဆရာကြီးတစ်ဦးဖြစ်တဲ့အပြင်ကျန်ခဲ့တဲ့ 
မြန်မာပြည်ရဲ့ခေတ်ကာလတွေမှာထောင်အကြိမ်တော်တော်များများ ကျခံခဲ့ရတဲ့ကဗျာဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
ဆရာ့သမိုင်းကြောင်းကိုပြန်ကြည့်လိုက်တော့
၁၉၆၇/၆၈- ပုသိမ်ထောင် ၊ ၁၉၇၈/၈၀ – အင်းစိန်ထောင် ၊ ၁၉၉၇ – တံတားဦးအချုပ် ၊ ၁၉၉၉/၂၀၀၅ -အင်းစိန်/သာယာဝတီထောင် တဲ့။
 ထောင်နံရံတွေဟာကဗျာတွေကို ကဗျာဆရာတွေကို ပိုမိုကျစ်လစ် ပြောင်မြောက် လာစေတတ်သလားမပြောတတ်တော့ပါ။
ဆရာက၂၀၀၂ – လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ Hellman/Hammett Grant for writers ဆုနဲ့၂၀၀၄  -နိုင်ငံတကာသတင်းသမားများကာကွယ်စောင့်ရှောက်မှု ကော်မီတီမှနိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်ဆု တို့ကရရှိထားသူဖြစ်ပါတယ်။
 ဆရာ့ကို၁၉၄၅ခုနှစ်နိုဝင်ဘာ(၁၁)ရက်နေ့ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၊ဘုရားကုန်းကျေးရွာဇာတိဖြစ်ပါတယ်။မိဘတွေကတော့ ဦးထွန်းမှိန် နဲ့ ဒေါ်စာမတို့ဖြစ်ပြီးဆရာရဲ့နာမည်အရင်းကလည်း ဦးအောင်ပွင့်ပဲဖြစ်ပါတယ်။
 ၁၉၆၈- အိုးဝေဂျာနယ်(၄)မှာကဗျာစတင်ဖော်ပြခံရခဲ့ရပြီး
၁၉၇၂- မှာအလွမ်းပင်တော။(တကိုယ်တော်)
ဝါကျင့်ကျင့်နေ့ခင်းရှည်(အောင်ငြိမ်း။ကျော်ကျော်ခင်တို့နှင့်)
၁၉၇၄- မိုးရိပ်လေရိပ် .မတ်လအရိပ်(လက်ရေးမှင်ကူး)
၁၉၉၅-  ကောင်းကင်တော်တမ်းခြင်း
၁၉၉၅-  ဧကစာမီးခိုးများ (ကိုသန်းထွန်း။ကေအေတီ။.အောင်ဘညိုတို့နှင့်)
ကျောင်းဆ၇ာ။စာပြင်ဆရာ။စာအုပ်ရောင်းသူ။AVMEDIA / PIONEER VIDEO PRODUCTION တို့တွင်စီစဉ်သူ..အနုပညာအကြံပေးလုပ်ခဲ့ပါတယ်။
၂၀၁၂- ဇန်န၀ါရီတွင် ငြိမ်းချမ်းရေးညစာ ကဗျာရှည်စာအုပ်ထွက်မည်။
(ဆရာ့ရဲ့ကိုယ်ရေးအကျဉ်းချုပ်ကို ကဗျာဆရာသော်ဇင်အုန်းက စုံစမ်းပေးပို့ပေးခဲ့တာဖြစ်ပါတယ်။)
ဆရာ့ကိုဂုဏ်ပြုငွေပေးအပ်ကြဖို့ရသအလင်းအဖွဲ့သားတွေ အားလုံးတိုင်ပင် ဆုံးဖြတ်ပြီးတဲ့ အခါ ၊ အဆင်ပြေတိုက်ဆိုင်စွာပဲစာရေးဆရာမ မနော်ဟရီက ပုသိမ်ကိုသွားမှာနဲ့ ကြုံကြိုက်ခဲ့ပါတယ်။
ဆရာမောင်အောင်ပွင့်ကိုဂုဏ်ပြုငွေပေးအပ်ဖို့ ဆရာမ မနော်ဟရီက အစစအရာရာတာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။
အဲဒီ့အတွက်ဆရာမမနော်ဟရီကို ကျေးဇူးအထူးတင်ရှိပါကြောင်း ရသအလင်းမှ လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်ရှိပါတယ်။အဲသည်မှာအမှတ်တရစာအုပ်ကို ရယူပါ။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts