>Former Political Prisoners helped blast survivors in Rangoon

>

မီးဘေးသင့်ပြည်သူများအတွက်နိုင်ငံရေးအကျဉ်းသားဟောင်းများက အစားအသောက်နဲ့ အ၀တ်အထည် ၁၀ သိန်းဖိုးသွားရောက်လှူဒါန်း
မိုးယံမခ၊ဒီဇင်ဘာ ၃၀၊ ၂၀၁၁
နိုင်ငံရေးအကျဉ်းသားဟောင်းများကရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှမီးဘေးသင့်ပြည်သူများကို အစားအသောက်နဲ့ အ၀တ်အထည်များများက ငွေကျပ် ၁၀ သိန်းဖိုးလှူဒါန်းကာ အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရပါတယ်။
 
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ၊ နံနက်၁နာရီ ၃၀ က နံနက် ၄ နာရီ ၃၀ အထိ လောင်ကျွမ်းခဲ့သော မီးကြောင့်မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်နှင့် အရုဏ်ဦးရပ်ကွက်များတွင်လူနေအိမ်ခြေ ၇၀ ကျော်နဲ့ ဂိုဒေါင် ၁၆ လုံး ပျက်စီးသွားသည်ဟု ဆိုပါတယ်။ထိုမီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်သမား ၅ ဦး အပါအ၀င် လူ ၂၃ ဦး သေဆုံးပြီးဒဏ်ရာရရှိသူ ၁၀၀ ကျော် ရှိကြောင်း သိရပါတယ်။

မီးဘေးသင့်ပြည်သူများကိုပုသိမ်ညွန့်ရပ်ကွက်ရှိ ရာကျော်ကျောင်းတိုက်အတွင်းမှဘုန်းတော်ကြိးကျောင်းများနှင့် ဓမ္မာရုံများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်ပြီးလက်ခံထားတာကိုတွေ့ရပါတယ်။ မီးဘေးသင့်ပြည်သူ ၁၀၀ ကျော် ရှိကြောင်း သိရှိရပါတယ်။

“ကျနော်တို့လူမှုရေးအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက စေတနာရှင်တွေက စားစရာ၊ ပစ္စည်းတွေ လာပေးကြပါတယ်။နိုင်ငံတော်အကြီးအကဲတွေဆီက အားပေးစကားပြောတာမျိုး မတွေ့ရသေးဘူးဗျ” ဟုမီးဘေးသင့်ပြည်သူတဦးက ပြောပါတယ်။
ဒီအလှူနဲ့ဆိုရင် ကျနော်တို့နိုင်ငံရေးအကျဉ်းသားများ လှူတာ ၂ ကြိမ် ရှိပါပြီ။ ပထမအကြိမ်က ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှာပါ။ ကျနော်တို့တတွေ ချွေးနည်းစာတွေရယ်၊ တချို့သူတွေကကျနော်တို့အဖွဲ့ကို လာလှူကြတာတွေရယ် စုပေါင်းပြီး လှူတာ ဖြစ်ပါတယ်။ ”
လို့ နိုင်ငံရေးအကျဉ်းသားတဦးကပြောကြားပါတယ်။

  “ကျနော်တို့လှူနေတဲ့အချိန်မှာအင်န်အယ်ဒီက ဦးတင်ဦး၊ ဒေါ်မေ၀င်းမြင့်၊ ဦးနိုင်းနိုင်း၊ နောက် အင်န်ဒီအက်ဖ်ကဒေါ်သန်းသန်းနု စတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေလာကြတယ်။ ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်တို့လည်း ပစ္စည်းတွေလှူပြီး မီးဘေးသင့်ပြည်သူတွေကိုနှစ်သိမ့်အားပေးစကားပြောကြတာကို တွေ့ရပါတယ်။”
လို့ ၎င်းက ဆက်လက်ပြောကြားပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts