>Former Political Prisoners donate food to Mental Hospital Patients

>

နိုင်ငံရေးအကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း)၏အလှူဒါန မြင်ကွင်း
တာရာဝေယံရန်ကုန် ၂၆ ဒီဇင်ဘာ၂ဝ၁၁
နိုင်ငံရေးအကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း) မှ ရန်ကုန်မြို့၊ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံရှိလူနာများအား ညနေစာ အာဟာရကျွေးမွေး လှူဒါန်းပွဲကို ၂၆ ဒီဇင်ဘာ ၂ဝ၁၁နေ့ ညနေ ၃း၃ဝ မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအလှူကို နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ တစ်နိုင်တစ်ပိုင်ထည့်ဝင် လှူဒါန်းငွေများနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး စိတ်ရောဂါဝေဒနာရှင်များ အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တာဖြစ်ကြောင်း ဒီပွဲရဲ့ပြန်ကြားရေးတာဝန်ယူထားတဲ့ ကိုကြည်လွင်က ပြောပြပါတယ်။
ဒီဆေးရုံမှာရှိတဲ့ လူနာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ပြင်ပအလှူရှင်တွေကိုသာအဓိကအားထားနေရပြီး နောင်လည်း မကြာခဏ လာရောက်လှူဒါန်းစေလိုကြောင်း၊အမျိုးသမီးလူနာ သုံးရာကျော်နဲ့ အမျိုးသားလူနာ ခုနစ်ရာကျော် လူနာစုစုပေါင်းတစ်ထောင်ကျော် ရှိကြောင်း၊ အမျိုးသား လူနာအများစုမှာ အရက်ကြောင့်စိတ်ဝေဒနာ ဖြစ်ရတာဖြစ်ကြောင်း၊ ဝန်ထမ်းအင်အား၇ဝ သာရှိတဲ့အတွက်တစ်ဆိုင်းကို ရှစ်နာရီကျ အဆိုင်း သုံးဆိုင်းခွဲပြီး လည်ပတ်နေရတဲ့အတွက်ဝန်နဲ့ အား မမျှတကြောင်းကို တာဝန်ကျဆရာမတစ်ဦးမှ ရှင်းပြခဲ့ပါတယ်။



ဒီနေ့လှူဒါန်းပွဲကိုကိုဇော်ရဲဝင်း၊ ကိုကျော်ထွေး၊ ကိုထွန်းကြည်၊ကိုစိုးထွန်း၊ကိုဗသက်အောင်၊ ကိုဆန်နီ၊  ကိုဘမျိုးသိန်း၊ ကိုထွန်းထွန်းဝင်း၊ကိုမင်းဟန်၊ ကိုကျော်စွာလင်း၊ ကိုမိုးထက်သျှံ၊ကိုကြည်လွင်၊ကိုစိုးမြင့်နိုင်၊ ကိုသက်ဦး၊ မပြုံးပြုံးအေး၊မနှင်းနှင်းမွှေး၊မစုစုနွေး၊ မအေးသီတာ အစရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း(၄ဝ)ခန့်ကစုပေါင်းလှူဒါန်းခဲ့ကြတာဖြစ် ကြောင်း သတင်းရရှိပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts