>Burmese Short-Film popular share on Internet

>

Art of Freedom FilmFestival (ဇန်န၀ါရီ ၄ ရက်) ပြိုင်ပွဲချိန် နီးလာသည်နှင့်အမျှ

အင်တာနက်ပေါ်တွင် မြန်မာပြည်အရေးရုပ်ရှင်ကားတိုများ ခေတ်စားလာ
မိုးမခရုပ်သံ၊ ဒီဇင်ဘာ၂၄၊ ၂၀၁၁
ယခင်တပတ်ကဒါရိုက်တာဝိုင်းရဲ့ “Ban that Scene” ကားတိုတခု အင်တာနက်ပေါ်မှာ ခေတ်စားလာခဲ့ပြီးနောက်စာဖတ်သူတွေက မြန်မာ့အရေးဖော်ကျူးတဲ့ ကားတိုတွေကို ရှာဖွေဖော်ထုတ်ပြီး လက်ဆင့်ကမ်း မျှဝေလာကြတာကိုတွေ့ရပါတယ်။
တချို့ကားတွေကလာမယ့် ၂၀၁၁၊ ဇန်န၀ါရီလ ၄ မှာ ကျင်းပပြုလုပ်မယ့် Art of Freedom Film Festival ရုပ်ရှင်ပြိုင်ပွဲဝင်ကားတိုတွေ ဖြစ်တယ်လို့ ဆိုကြပြီး အချို့ကတော့ ပရိသတ်က နှစ်သက်လို့ လက်တို့တဲ့ ကားတိုတွေဖြစ်ပါတယ်။
အောက်ပါကားကတော့ဟက်ပီးဝေါလ်ဒ်အမည်နဲ့ မြန်မာပြည်ရဲ့ စစ်အာဏာရှင်အောက်က ကမောက်ကမမြင်ကွင်းများက ဟာသနဲ့သရော်ထားတဲ့ ဇာတ်ကားတိုဖြစ်ပါတယ်။

Happy World – Burma, thedictatorship of the absurd from Happy World on Vimeo.

အောက်ပါကားကတော့ဒါရိုက်တာ ထွန်းထွန်းအေးရဲ့ ပြိုင်ပွဲဝင်ကားတခုဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကို ဖော်ကျူးထားတာ တွေ့ရပါတယ်။

Beyond … from Tun Tun Aye on Vimeo.

အဲဒီဒါရိုက်တာကပဲဆွစ်သံရုံး ၂၀၁၁ ရန်ကုန်ဓာတ်ပုံပြပွဲမှာ ဆုရခဲ့တဲ့ နာရေးကူညီမှုအသင်းအကြောင်း မှတ်တမ်းတင်ကားတိုကိုတင်ဆက်ထားတာလဲ တွေ့ရပါတယ်။

Free Funerals for Allfrom Tun TunAye on Vimeo.

အောက်ပါကားတိုလေးကတော့တွမ်ချော့ပါ၈၆ တင်ထားတဲ့ ပြိုင်ပွဲဝင်ကားတိုလေးဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts