>Letter to Moemaka

>

မဲဆောက်၊ မြဝတီ၊ မယ်ဆိုင်နဲ့ ဘုရားသုံးဆူဘက် တောက်တဲ့အဝယ်လိုက်
မဲဆောက်သားလေး
ဒီဇင်ဘာ ၂၃၊ ၂၀၁၁


မဲဆောက်-မြဝတီကို အခြေပြုပြီး ဘုရားသုံးဆူနဲ့ မယ်ဆိုင် ဘက်တွေမှာ တောက်တဲ့ များအဝယ်လိုက်နေပါတယ် တောက်တဲ့ (၃၀၀ ဂရမ်) တစ်ကောင်ကို ဘတ် ၂၅၀၀၀၀ လောက်အထိ ပေးပြီး ဝယ်ယူနေကြပါတယ်။ AIDS နဲ့ ကင်ဆာပျောက်ကင်းတယ်လို့ တရုပ်တက္ကသိုလ် ကလည်း အတည်ပြု ပြောဆိုပါတယ်။

ဝယ်လက်အများစုကတော့ မလေးအဆက်အသွယ်များဖြစ်ပြီး တရုပ် အဆက်အသွယ်တွေက ပိုပြီး ဈေးပေးတယ်လို့မယ်ဆိုင်က ကုန်သည် တစ်ဦးကလည်း ပြောပြပါတယ်။ သို့သော်လည်း (၃၀၀ ဂရမ်) အရှည် ၁၄“ လက်မ ဆိုသည်မှာ အလွန်ရှာဖွေရ ခက်ခဲပြီး တောက်တဲ့ရဲ့ မျိုးရိုးဗီဇတွင် ၁၅“ လက်မ ၄၀၀ ဂရမ် က အကြီးဆုံးဖြစ်ကြောင်းလည်း ပြောပြပါတယ်။

ယခု အခါ လွန်စွာရှားပါးလာပြီ ဖြစ်တဲ့ တောက်တဲ့ များကို တောရော မြို့ပါမကျန် အဝယ်လိုက်နေကြပြီး ယခင်က ၃၀၀ ဂရမ် မကျော်လျှင် မဝယ်ယူသော ဝယ်လက်များက ၂၀၁၁ ဒီဇင်ဘာလောက်မှစတင်ပြီး ၂၅၀ ဂရမ် တောက်တဲ့များကိုပါ ဈေးကောင်းပေးဝယ်ယူတော့မယ်လို့ သ တင်းများလည်း ထွက်ရှိနေပါတယ်။ သို့သော်လည်း ဝယ်လိုအားကောင်းသော တောက်တဲ့များအတွက် များပြာသောရောင်းလို အားမရှိကြောင်း၊ တောက်တဲ့ ၂၅၀ ဂရမ်းများကိုလည်း အလွယ်တကူ မရရှိနိုင်ကြောင်းလည်း သိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts