>burmese women and bus conductor position

>

အမျိုးသမီးတွေ ကားစပယ်ယာအလုပ်နဲ့ သင့်တော်သလား
ထွန်းနေအောင် ၊ ရှုမ၀ (မြစ်မခ)
ဒီဇင်ဘာ ၁၃၊ ၂ဝ၁၁


မန္တလေးမှ ကားစပယ်ယာတဦး နှင့် နှစ်လိုဖွယ်အပြုံး (ဓာတ်ပုံ – malvazebrina)


ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အမျိုးသမီးယာဉ်မောင်း ထားရှိခြင်းထက် ယာဉ်နောက်လိုက် ထားရှိခြင်းက ပို၍သင့်တော်ကြောင်း မထမ(ဗဟို)မှ စည်းကမ်း ထိန်းသိမ်းရေး ဌာနခွဲမှုးတစ်ဦးက ဆိုသည်။

“အမျိုးသမီးနဲ့ အမျိုးသား အပင်ပန်းခံနိုင်တာကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံ ရာသီဥတုနဲ့ အမျိုးသမီးတွေ ခံနိုင်ရည် ရှိပါ့မလား။ အမျိုးသမီးတွေရဲ့ သဘာဝက ယာဉ်းမောင်းရင်ဆုံးဖြတ်ချက်နှေးတယ်။ ဒါပေမယ့် ဒေါသဖြစ်တာတို့ မဆင်မခြင် မောင်းတာတို့တော့ မရှိနိုင်ပါဘူး။ ယာဉ်မောင်းထက် စာရင် ယာဉ်နောက်လိုက် ထားတာက ပိုအဆင်ပြေမယ်” ဟု မထမ(ဗဟို) စည်းကမ်း ထိန်းသိမ်းရေး ဌာနခွဲမှုး ဗိုလ်မှုး ဦးသိန်းဝင်းမှ ပြောသည်။

ခရီးသည်တင် ယာဉ်လိုင်းများတွင် အမျိုးသမီးများအနေဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်လုပ်မည် ဆိုပါက ယာဉ်မောင်းသည် “င” လိုင်စင်နှင့် ယာဉ်နောက်လိုက်သည် “စ” လိုင်စင် လက်ဝယ်ရှိရမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

“ခုလက်ရှိယာဉ်မောင်းတွေက လိုင်စင်အနီရမှ မောင်းလို့ရမှာပါ၊ အမျိုးသမီးတွေလည်း အနီရှိမှ မောင်းလို့ ရပါမယ်၊ အမျိုးသမီးယာဉ်မောင်းတွေ ပေါ်လာရင်လည်း ကြိုဆိုပါတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်မှ ဆက်လက်ပြောဆို သည်။

စိတ်ပါဝင်စားသူ အမျိုးသမီးများ အနေဖြင့် သက်ဆိုင်ရာသို့ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များလုပ်ခွင့်ရရန် တင်ပြထားပြီး ပါရမီတက္ကဆီ၊၀န်ထမ်းကြိုပို့ယာဉ်ကဲ့သို့ ယာဉ်မျိုးဖြင့် အတွေ့အကြုံယူသင့်ကြောင်းနှင့် နိုင်ငံတကာတွင်ရှိ ခရီးသည်တင်ကားများကဲ့သို့ လူကြပ်အောင်မတင်လျှင် အမျိုးသမီး ယာဉ်မောင်းများ အတွက် ပိုမို အဆင်ပြေ မည်ဖြစ်ကြောင်းကိုလည်း သုံးသပ်ပြောကြားခဲ့သည်။

၁၉၈၀ ၀န်းကျင်ကာလများက အမျိုးသမီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အများစုအား ကြုံတွေဖူးသော်လည်း လက်ရှိအချိန်တွင် အမျိုးသမီးအများစုမှာ ကိုယ်ပိုင်ယာဉ်များကိုသာမောင်းနှင်နေပြီး အမျိုးသမီးယာဉ်နောက် လိုက်မှာမှု မရှိသလောက် ရှားပါးသွားကြောင်း သိရှိရသည်။

မူရင်း – မြစ်မခ http://www.myitmakhamediagroup.com/

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts