>leave the Kha-Mauk in the histoy!

>

ရာဇ၀င်ထဲမှာ ခမောက်ကို ထားရစ်ခဲ့
ဒီဇင်ဘာ ၁၁၊ ၂ဝ၁၁

ကြေးမုံသတင်းစာပါ NLD ၏ ကြော်ငြာတစ်ခုအရ ပါတီ၏ အမှတ်အသားတခု ဖြစ်သော ခမောက် ပုံကို NLD က စွန့်လွှတ်လိုက်ပြီဟု သိရသည်။

NDF ပါတီက ခမောက်တံဆိပ်ကို ယူသုံးခဲ့ခြင်း၊ ရက်ပိုင်းအတွင်း ပေါ်လာသော ပါတီတခုကလည်း ခမောက်သုံးလုံးတံဆိပ် သုံးထားခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

NDF အသုံးပြုစဉ်က ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ခဲ့သော်လည်း ကော်မရှင်က အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ဟု ကြော်ငြာတွင် ရေးထားသည်။

ခမောက်တံဆိပ်သည် NLD နှင့် “လုံးဝ သက်ဆိုင်ခြင်း မရှိတော့ပါကြောင်း” ဟု ကြော်ငြာက ဆိုသည်။

မြန်မာနိုင်ငံမှာ ကုန်ပစည်းတင်မက နိုင်ငံရေးပါတီပါ အတုအပ ဆင်တူယိုးမှား သတိပြုပါလို့ ကြေညာနေရတယ်” ဟု NLD ပါတီဝင် တဦးက မိုးမခကို Gtalk မှ တဆင့် ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts