>Singapore FM to visit Burma

>

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ သွားမည်
Channel NewsAsia
ဒီဇင်ဘာ ၁၁၊ ၂ဝ၁၁



နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး တို့နှင့် တွေ့မည်။

ခရီးစဉ်အတွင်း ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အတွင်း စက်ရေတွင်း(Tube well) တခုအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေသို့ လွှဲပြောင်း ပေးအပ်မည်။

ထိုရေတွင်းသည် စင်္ကာပူအစိုးရက ဒေသခံ မင်္ဂလာမြန်မာ NGO မှတဆင့် ပေးအပ်သည့် နာဂစ်အလွန် ကူညီထောက်ပံ့ရေးအစီအစဉ်၏ အစိတ်အပိုင်း ဖြစ်သော စင်္ကာပူဒေါ်လာ ၅ သန်းတန် စက်ရေတွင်း ၃၈၅ တွင်းတွင် တတွင်း အပါအ၀င် ဖြစ်သည်။

ကော့မှူးမြို့နယ်သည် ရန်ကုန်တိုင်းအတွင်း နာဂစ်၏ ဒဏ်ကို အပြင်းအထန်ဆုံး ခံရသည့် ဒေသ တခု ဖြစ်သည်။

ဝန်ကြီး K Shanmugam သည် မြန်မာပြည်ရှိ စင်္ကာပူအသိုင်းအ၀န်းနှင့် ညစာစားပွဲပြုလုပ်မည်။ ရန်ကုန်ရှိ နိုင်ငံတော် သမ္မတ အကြံပေးအရာရှိတို့နှင့်လည်း တွေ့မည်။

(မိုးမခက ဘာသာပြန်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts