>Burmese in NYC protest BBC America

>

 ဘီဘီစီ၏ သတင်းနဲ့မြန်မာပြည်မြေပုံကို နယူးယောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ
ဓာတ်ပုံသတင်း၊ဖေ့စ်ဘွတ်၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၁
ဒီဇင်ဘာ ၉ ၊ ၂၀၁၁ ၊သောကြာနေ့ကနယူးယောက်မြို့တော်၊ ဘီဘီစီအမေရိကားရုံးရှေ့ မြန်မာ ၅၀ ကျော်ခန့် စုဝေးပြီးဘီဘီစီ၏ ၂၀၁၀သတင်းတခုတွင် ရိုဟင်ဂျာ(ဘင်္ဂလီလူမျိုး) များကိုရခိုင်ပြည်နယ်မြေပုံတွင် ထည့်သွင်းဖော်ပြချက်အား ကန့်ကွက်သည့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။
အဆိုပါရိုဟင်ဂျာအရေးကို ကန့်ကွက်မှုများ အောက်တိုဘာလအတွင်းက အင်တာနက်စာမျက်နှာများတွင်ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ လန်ဒန်တွင် မြန်မာအချို့က ကန့်ကွက်ဆန္ဒ̔ပြမှုများဆောင်ရွက်ရန်စည်းရုံးလှုံဆော်ခဲ့ကြသည်။ နိုဝင်ဘာအတွင်းက ရန်ကုန်ရှိဗြိတိန်သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြရန် လှုံဆော်မှုများ ထွက်ပေါ်ခဲ့သည်။ယခုဒီဇင်ဘာလတွင် နယူးယောက်မြို့ ဘီဘီစီရုံးရှေ့တွင် ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရသည်။

          ပြည်ပရောက်မြန်မာများကမြန်မာစစ်အစိုးရ၏ ပေါ်လစီနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြသည့်အစဉ်အလာရှိရာယခုတခါတွင်  မြန်မာပြည်အရေးသတင်းပို့နေကျပြည်ပသတင်းဌာနများကို ကန့်ကွက်ခြင်းမှာ ယခုကာလအတွင်း ထူးခြားဖြစ်စဉ်ဖြစ်သည်။

(မိုးမခကယခင်သတင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts