>Kyaw Thu – FFSS Yangon Activity

>

ကျန်းမာရေးကွန်ယက်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဒီဇင်ဘာ ၃၊ ၂၀၁၁


နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ကျန်းမာရေးချို့တဲ့နေသော ရဟန်းရှင်လူ အများပြည်သူတို့အတွက် ဆေးဝါး (အခမဲ့) ကုသပေးနေသကဲ့သို့ မြန်မာပြည်အရပ်ရပ် (ပြည်မြို့၊ မော်လမြိုင်ကျွန်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း) ဒေသများတွင်ပါ အာ ရောဂျံ ပရမံလာဘံဟူသော စကားရပ်အတိုင်း ကျန်းမာရေးကူညီစောင့်ရှောက်မှုလုပ်ငန်းများကို လက်ဆင့်ကမ်းပြုလုပ်ပေးလျှက် ရှိသည်။


မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူအဖွဲ့ ဦးစီးသော ပြည်မြို့ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) အား ၂၇.၁၁.၂၀၁၁ ရက်နေ့တွင် ဒုတိယ အကြိမ် ထပ်မံ၍ ဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သလို ၂.၁၂.၂၀၁၁ ရက်နေ့တွင် ပဲခူးတိုင်း၊ ၀မ်းဘဲအင်းကျေးရွာတွင်လည်း ဣန္ဒနိမ္မိ တသုခ ဆေးခန်းအားလည်း ထပ်မံဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားအား ပြည်မြို့ ရွှေပေါက်ပင် ဆရာ တော်နှင့် ဆရာတော်ကြီးများ၊ မြို့ခံ၊ ရွာခံ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/သားများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးခဲ့သည်။ ဣန္ဒနိမ္မိတသုခ ဆေးခန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သောက်ဆေး၊ စားဆေး၊ ထိုးဆေး အစ ရှိသည့် ဆေးဝါးပစ္စည်း ကျပ်သိန်း (၂၀) နှင့် မတည်လှူဒါန်းငွေ (၁၀) သိန်းကျပ်တိတိအား လှူဒါန်းမ တည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ၀မ်းဘဲအင်းကျေးရွာရှိ ကျန်းမာရေးဆေးခန်းအား ယခင်က ပဲခူးမြို့မ ဆရာတော်ဘုရားကြီးမှ ဦးစီး၍ ဖွင့်လှစ်ပေးထားခဲ့သော်လည်း ဆရာတော်ဘုရားကြီးမရှိတော့သည့်ကာလမှစ၍ ဆေးဝါးကုသမှုလုပ်ငန်းများ ရပ်နားခဲ့ရသည်။ ယခု ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ကြီး ဘဒ္ဒန္တသောမစာရသည် ၀မ်းဘဲအင်းကျေးရွာ မွေးရပ်ဇာတိဖြစ်သည်နှင့်အညီ မိမိ၏ မွေးရပ်မြေ အား ပြန် လည်၍ ကျန်းမာရေးကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလို၍ နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့်ပူးပေါင်းကာ ယခုကဲ့သို့ (အခမဲ့) ဆေး ခန်းအား ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။


နာရေးကူညီမှုအသင်း (ရန်ကုန်) သည် မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူအသင်းဦးစီးသော “သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)” အား ပထမ ဦးဆုံး ဖွင့်လှစ်ခဲ့သည့် ၈.၆.၂၀၁၁ မှ ယနေ့တိုင် ဆေးဝါးကုသမှုကုန်ကျစရိတ် သိန်း (၁၅၀) ကျပ်နှင့် ECG စက်၊ ဆီးချိုတိုင်းစက်၊ သွေးပေါင်ချိန်စက်များကို ထောက်ပံ့ကူညီ လှူဒါန်းပေးပြီးဖြစ်သည်။

မော်လမြိုင်ကျွန်းရှိ လပ္ပတ္တလုပ်ကလေးကျေးရွာရှိ ဘဒ္ဒန္တ၀ိမလဦးစီးသော “ကုသိုလ်ဖြစ်ဆေးခန်း” အားလည်း ၁၂.၆.၂၀၁၁ မှစတင်၍ စုစု ပေါင်း (၅) သိန်းတန်ဖိုးရှိ သောက်ဆေး၊ စားဆေးများနှင့် ဆီးချို တိုင်းစက်၊ သွေးပေါင်ချိန်စက်၊ ဆေးထိုးအပ်များအား ထောက်ပံ့ကူညီ လှူဒါန်းပေးပြီးဖြစ်သည်။


ပဲခူးတိုင်း၊ ၀မ်းဘဲအင်းကျေးရွာရှိ ရွှေပေါက်ပင်ဆရာတော် ဦးစီးသော “ဣန္ဒနိမ္မိတသုခ” ဆေးခန်းအားလည်း ဆေးဝါး သိန်း (၂၀) ကျပ်တန် ဖိုးနှင့် မတည်လှူဒါန်းငွေ (၁၀) သိန်းကျပ်တိတိတို့အား ၂.၁၂.၂၀၁၁ ရက်နေ့တွင် လှူဒါန်းခဲ့သလို ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကံရွာမှတ်တိုင်အုပ်စုရှိ စက်ကျောင်းဆရာတော် ဘဒ္ဒန္တစိန္တိတနှင့် ဒေါက်တာ ညွှန့်ဝေတို့ ဦးစီးဖွင့်လှစ်သော “အခမဲ့ ကုသိုလ်ဖြစ်ဆေးခန်း” အားလည်း ၂၄.၁၁.၂၀၁၁ ရက်နေ့တွင် လူနာကုတင် (၅) လုံး၊ Wheel Chair (၃) စီး၊ အောက် စီဂျင်အိုး (၂)လုံးတို့အားလည်း လှူဒါန်းမှုများ ပြုလုပ်ပေးပြီးဖြစ်သည်။


ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် မြန်မာပြည်အရပ်ရပ်တွင် နာရေး၊ လူမှုရေး အသင်းအဖွဲ့များအား ညီရင်းအစ်ကိုများ သဖွယ် အတူလက်တွဲ၍ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး လိုအပ်ချက်များကို ဖြည့်ဆည်းကူညီမှုများ ပြုလုပ်ပေးခဲ့သလို ယခုကဲ့သို့ အများပြည်သူတို့၏ ကျန်းမာရေး ကိစ္စရပ်ကိုလည်း သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) အနေဖြင့် မိမိတို့ တတ်စွမ်းသရွေ့ ကျန်းမာရေးကွန် ယက်များ ချိတ်ဆက်ကာ “ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုခြင်းသည် ငါဘုရားအား ပြုစုခြင်းမည်ပါပေ၏” ဟူသော စကားတော်နှင့်အညီ စဉ်ဆက် မပြတ် ပေးဆပ်သွားမည်ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts