မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် – အို ..ရန်ကုန်

အို..ရန်ကုန်
မင်းညွှန့်လှိုင်
ဒီဇင်ဘာ ၁၉၊ ၂၀၁၃


ခရိုနီများများ
သူတောင်းစားထူထူ ။
ရွှေရောင်ပြိုးပြက်
အမှိုက်ဗရပွ ။
ကြောက်မက်ဖွယ်ထွားကြိုင်း
စွဲမက်ဖွယ်နက်ရှိုင်း ။
မနိုင်ရင်ကာဝါးမျို
တဟုန်ထိုးပျို့အန် ။
ရှေးခေတ်
သင်္ဘောဝမ်းဗိုက်ထဲက
လှေထိုးသားငါတို့တတွေ
နေ့စဉ်
သင့်ထံလာနေကျ
ဘယ်တော့မှလည်းမရောက်နိုင်
မာယာဝင်္ကပါ
ပဉ္စလက်မှော် ။            ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts