>Zay Hmine – Log Train

>

သစ်လုံးရထား
ဇေမှိုင်း၊ နိုဝင်ဘာ ၂၇၊ ၂၀၁၁
တံတားအောက်မှာ
မြွေတကောင်ပမာခွေနေတာ…..။
အနားမှာရှိတဲ့ကလေးကမေးတယ်
သစ်လုံးတွေကဘီရိုတွေ၊ စားပွဲတွေ
ဖြစ်ကြမှာပေါ့နော်
ကလေးရယ်
ဒီသစ်တုံးတွေက
မကြာခင်ထင်းတုံးတွေဖြစ်သွားတော့မှာ
ဒီကလေးကငိုတယ်
မငိုပါနဲ့ကလေးရယ်
ကိုယ့်ကိုကိုယ်လောင်မြိုက်ခံပြီးမှ
လူတွေကိုနွေးထွေးမှုပေးတာ
မငိုပါနဲ့ကလေးရယ်
တံတားအောက်မှာ
သစ်လုံးရထားတွေဖြတ်သန်းသွားတယ်
ကလေးငယ်လည်း
ငိုသံတိတ်ရယ်ပေါ့…။
                  

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts