>Bottles in Rangoon


>

ကာတွန်း ဂျမ်းဘုံ – ရန်ကုန် နှင့် ရေပုလင်း
နိုဝင်ဘာ ၂၄၊ ၂၀၁၁
ဖေ့စ်ဘုတ်တွင် ယနေ့ တွေ့ရသော ကာတွန်း၊ ဓာတ်ပုံ၊ သတင်း၊ မှတ်ချက် မျိုးစုံတို့ကို ကူးယူ ဖော်ပြခြင်းဖြစ်သည်။


ယနေ့ထုတ် ကြေးမုံသတင်းစာမှ သတင်းတပုဒ်



ရန်ကုန်မှ ရေပုလင်းများ


ရေအပြည့်ထည့်ထားတဲ့ ရေသန့်ဘူးကို နေရောင်အောက်မှာ ထောင် ပေါ်လာတဲ့ နေထိုးရာ တြိဂံပုံလေးကို တရုပ်ပြည်က ရောက်လာတဲ့ စွယ်တော် ရေသန့်ဘူးမှာ ပေါ် ပါဆိုပြီး ထိုင်ရှိခိုးနေကြတဲ့ လူတွေကို မြင်တော့ ကျွန်တော် ဘာပြောရမှန်းမသိဘူး ဖြစ်သွားတယ်…………

– အလင်းယိုင်ခြင်းနိယာမတွေမသင်ခဲ့ကြရဘူးလားဗျ…
– ကြည်ညိုချင်တဲ့စိတ်ထက် လေ့လာချင်တဲ့စိတ်နဲ့ အရင်ကြည့်ပေးပါဗျာ။ တကယ်လို့ ဟုတ်နေရင်လဲ ပိုကြည်ညိုရတာပေါ့။ မဟုတ်ဘူးဆိုရင်လဲ တခြားမှာ ညာစားလို့မရအောင် တားနိုင်တာပေါ့

– လေပါတယ် ဆိုတာထက်တောင် လေသေးတယ်လို့…
– ဟုတ်ပါ့။ ဒီမှာလည်း တစ်ရုံးလုံး လှုပ်လှုပ် ခတ်ခတ်နဲ့ ဖြစ်ပျက်နေကြတယ်။

– ယုံကြည်မှုက တစ်ဘက်စွန်းရောက်သွားတတ်တယ်ဗျ…
– ကိုယ်သာ ဘာသာခြားတစ်ယောက်ဆို “ဟင် ညည်းတို့ပြောတော့ ညည်းတို့ဘုရားက သူ့ရဲ့ ဘုန်းတော်အနန္တ ကံတော် အနန္တဥာဏ်တော် အနန္တနဲ့အတူ အားလုံးလွတ်ငြိမ်းရာ ကင်းရာ ချုပ်ရာ ပရိနိဗာန်ကို စံသွားတာဆို ဘယ့်နှယ် တန်ခိုးလာပြနေတာတုန်း” လို့ ပြောမိမှာပဲ….

– ဒါကြောင့်ကိုးး စောနားနား အိမ်ရှေ.က ကောင်မလေးတစ်ယောက်က တိုက်ပေါ်က ပြေးဆင်းလာပီ ရေသန့်ဘူးကို နေရောင်ထောင်ပီးကြည့်နေတာ .. ဘာများလဲလို့
– ကျုပ်မလဲ အံ့သြချက်ကယ် ကြီးနေတာ

– အခုလေးတင် လမ်းမှာတွေ.ခဲ့တာ blue mountain ထောင်ကြည့်တဲ့လူနဲ. alphine ထောင်ကြည့်တဲ့လူနဲ.
– Alphine မှပေါ်တာတဲ့ ကျန်တဲ့ Brand တွေ မပေါ်ဘူး 😛

– တစ်ယောက်ယောက်လောက် အရက်ပုလင်းထဲ ရေအပြည့်ထည့်ပီး စမ်းကြည့်ကြည့် ကြပါဦးလား
– ရေပုလင်းထဲကို ဘီးအီး အပြည့်ထည့်ပြီး စမ်းရမယ် 🙂

– လင်း ဘိုဘို အိမ်ရှေ့ထွက်ကြည့်ပီး ရီနေရတယ်..။ အတည့် ကြည့်တာ မပေါ်လို့ထင်တယ်။ ကန့်လန့်ကော၊ ဇောက်ထိုးပါ ပြူးတူးပြဲတဲ ကြည့်နေကြတယ်။ ဟာသပဲ
– ဘာမှကိုပြောစရာမလိုတော့ဘူး …ကျွန်တော်တော့ ဟုတ်မလားလို့ ယူကြည့်တာ ရေထဲက အနယ်ဖက်ပဲတွေ့ တယ် ..ဟိဟိ

– မြောက်ဥက္ကလာတစ်ခုလုံးလည်း အဲဒါပဲ ကြည့်နေကြတယ် . . . ဘယ်လိုပြောရမှန်းတောင်မသိဘူးဗျာ. . .
– ကမ္ဘာပေါ်မှာ မြန်မာလူမျိုးလောက် ဘာသာရေးကို ဗန်းပြပြီး လိမ်လို့ ကောင်းတာ မရှိဘူး…

– ကျွန်တော်ကတော့ ပုလင်းထောင်ရင် မူးတယ်ဗျာ… 😀 ယုံကြည်မှုလွန်ကဲရင် လူရီစရာဖြစ်တယ်..
– အဲဒီလိုလူတွေကြောင့် ဗုဒ္ဓဘာသာကို တခြားဘာသာဝင်တွေက ကဲ့ရဲ့ စရာဖြစ်လာလိမ်မယ်…..

– သူများမြင်ရင် ကိုယ်လည်း မြင်တယ်လို့ပြောမှ.. မဟုတ်ရင် ဒီကောင် ဘုရားကွယ်နေဘီလို့ အပြောခံနေရမယ် ဟင်းဟင်း
– အဲဒါ စာမတတ်လို့ ဖြစ်တာ…. နေရောင်မှာ ရေဘူးကို ထောင်ကြည့်ရင် ရေသန့် ဘူးရဲ့  shape ကြောင့်ရယ်… နေရောင်က ရေကိုဖြတ်ပြီး အလင်းရောင်က ဆုံချက်တစ်နေရာမှာ လာပေါ်တာရယ်… အဲဒါတွေက ငယ်ငယ်တုန်းက ၉တန်း၊ ၁၀တန်းမှာ mirrors ဆိုတဲ့ chapter မှာ concave lens တို့  convex lens တို့ သင်ခဲ့တုန်းက ပါပြီးသား…. စာမတတ်လို့ အလိမ်ခံရသလိုဖြစ်နေတယ်..

– ရေဘူး အမျိုးအစားမတူတာနဲ့ စမ်းကြည့်တော့လဲ ပေါ်တုန်းပဲ…
– တစ်ခုဆန်းတာက… ရေဘူးကို လှည့်ကြည့်လိုက်ရင် အလင်းတွေရဲ့ နောက်ဖက်နားလောက်မှာ black hole ပုံလိုဖြစ်နေတယ်…

– ဆုံချက်တွေကို ရှာကြည့်တယ်.. ပေါ်တုန်းပဲ…
– ရေဘူး အသစ်.. တွေပဲ ပေါ်သလိုဖြစ်နေတယ်…

– ယုံကြည်မှု အရ ကန်တော့တယ် ဆိုရင်တော့ နေ့တိုင်း မိုးလင်းတစ်ခါ မိုးချုပ်တစ်ခါ ကန်တော့သင့်ပါတယ် ဘာမဟုတ်တဲ့ ရေသန့်ဘူးမှာ ပုံတော်ပေါ်လို့ ကန်တော့တယ်ဆိုရင်တော့ မဟုတ်သေးဘူးထင်တယ်ဗျ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts