>Eight contemporary artists’ show in Bangkok

>

မြန်မာပန်းချီဆရာ ၈ ဦး၏ လက်ရာများ ဘန်ကောက်တွင် ပြသမည်
မိုးမခအထောက်တော် အမှတ် ဝဝ၆
နိုဝင်ဘာ ၂၂၊ ၂၀၁၁


လာမည့် စနေနေ့ (နိုဝင်ဘာ ၂၆) မှ စတင်ပြီး ဘန်ကောက်မြို့တွင် မြန်မာပန်းချီဆရာ ၈ ဦး၏ လက်ရာများ ဘန်ကောက်တွင် ပြသမည်ဖြစ်သည်။

Forward/Backward ဟု အမည်ပေးထားသော ယင်းပြပွဲတွင် ပါဝင်သည့် မြန်မာ ခေတ်ပေါ် ပန်းချီဆရာများမှာ အောင်မြတ်ဌေး၊ မအိ၊ မောင်ဒေး၊ မင်းသိန်းဆောင်၊ မိုးဆက်၊ သူမြတ်၊ သူရိန်၊ ဝေမာညွန့် တို့ ဖြစ်ကြောင်း H Project Space ပြခန်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ပြပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သတ်မှတ်ထားသည်။

ပြပွဲဖွင့်လှစ်ခြင်း အစီအစဉ်ကို စနေနေ့ ည ၆း၀၀ နာရီတွင် ပြုလုပ်မည်ဟု www.hgallerybkk.com တွင် ရေးထားသည်။

ပြပွဲတွင် ပါဝင်သော ပန်းချီဆရာတို့နှင့် စကားပြောဆိုခြင်း အစီအစဉ်ကို လာမည့် တနင်္ဂနွေနေ့ နေ့ခင်း ၂း၀၀ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts