>Monks’ protest in Mandalay

>

မန္တလေး ဆန္ဒပြသံဃာများ မစိုးရိမ်တိုက်ဟောင်းသို့ ရွှေ့
Yangon Press International
နိုဝင်ဘာ ၁၅၊ ၂၀၁၁

ဆန္ဒပြ သံဃာများထုတ်ပြန်သော ကြေညာချက်ကို ဖတ်ရှုနေစဉ် (Photo -Bad Boy)


ယနေ့နံနက် ၅ နာရီခွဲဝန်းကျင် ကတည်းက မန္တလေး မဟာမြတ်မုနိဘုရားကြီး မဟာဗုဒ္ဓ၀င် ပြတိုက်တွင် တံခါးပိတ်ပြီး တောင်းဆိုချက် ၄ ချက်ကိုတောင်းဆို ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြ သံဃာများက တောင်းဆိုချက် လေးချက်ကို ပြတိုက်နံရံတွင် ဗီနိုင်း အပြာရောင်များဖြင့် အသိပေးထားရာ ပြည်တွင်းစစ် ရပ်စဲရေး၊ ဖမ်းဆီးခံ သံဃာများ ပြန်လွှတ်ပေးရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ လွတ်လပ်စွာ ဟောပြောဖေါ်ပြခွင့်တို့ ဖြစ်သည်ကိုတွေ့ရသည်။

ပြတိုက်တွင်းမှ အသံချဲ့စက်ဖြင့် တရားဟော ခဲ့ရာမှ ညနေပိုင်းတွင် မစိုးရိမ်တိုက်ဟောင်း ကျောင်းတိုက်သို့ ပြောင်းရွှေ့သွားခဲ့သည်။

ယခုဆန္ဒထုတ်ဖေါ်မှု ဖြစ်ပျက်နေသည့် အခြေအနေနှင့် ပတ်သက်၍ “ ရဟန်းဆရာတော်တွေကို မစိုးရိမ် ကျောင်းတိုက်ဟောင်းနားက သုတ္တန္တာန် ကျောင်းတိုက်မှာ ပင့်ဆောင်ထားတယ် ။ အာဏာပိုင်တွေကလည်းဘာမှ မစွက်ဘူး အဓိက သူတို့ကို ညှိနှိုင်းတာ တိုင်းသံဃာ့နာယက ဥက္ကဌ ဥူးဝိစိတ္တာဘိဝံသ ဆရာတော် ရဲ့ကျေးဇူးတော်ကြောင့်ပါ။ ရဟန်းပျိုလေးတွေပါ သက်တော် က သုံးဆယ်ဝန်းကျင်တွေပါ ။ ဘုန်းကြီးတို့ထက်အများကြီးငယ်တယ်။ သူတို့ကိုသွား ပင့်တုန်းက လော် နှစ်လုံး စပီကာ နှစ်လုံး ထမင်းချက်အိုး rice cooker ပေါ့ အဲဒါလိုဟာမျိုးတွေအဲပြင် အလေးအိုးတွေပါတွေ့ရတယ် ဒကာ မနက်ဖြန်မွန်းလွဲတစ်နာရီ မှာ လော်နဲ့ မိနစ်သုံးဆယ် တရားဟောခွင့်ပေးထားတယ်ဒကာ ” ဟု မစိုးရိမ်တိုက်ဟောင်းမှဆရာတော် ဦး ပညာသာမိ ကပြောသည်။

ယခုလို သံဃာဆန္ဒပြခြင်းမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းနောက်ပိုင်း သံဃာများအနေဖြင့် ပထမဆုံး ဆန္ဒထုတ်ဖေါ်မှု ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts