>Saffron Monks Reordination Event & Award Ceremony to U Win Tin

>

 
ရွှေဝါရောင်သံဃာတော်များ၏သိမ်ထပ်မင်္ဂလာ အခမ်းအနားတွင် ဦးဝင်းတင်အား သူရသတ္တိဆု ချီးမြှင့်
တာရာဝေယံ၊ ရန်ကုန်။၁၂ နိုဝင်ဘာ ၂၀၁၁
ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့မှုကြောင့်ထောင်ဒဏ်ကျခံရရာမှ ပြန်လည် လွတ်မြောက်လာကြသော သံဃာတော်များအား သိမ်ထပ်မင်္ဂလာ အခမ်းအနားကိုရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မထသ(၁)ရပ်ကွက်၊ အနော်ရထာလမ်း၊ မကွေးပရိယတ္တိစာသင်တိုက်မှာဒီနေ့နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ 

 နံနက် ၈း၄၅ နာရီမှာ အကျဉ်းကျရာမှပြန်လည် လွတ်မြောက်လာကြသော သံဃာတော် ၁၂ ပါးနှင့် ပင့်သံဃာတော် ၁၅ ပါးတို့အား ကထိန်သင်္ကန်းကပ်လှူပူဇော်ပြီးနောက်  သိမ်ထပ်မင်္ဂလာပြုလုပ်ခဲ့ပါတယ်။ 
    အခမ်းအနားကို  နိုင်ငံရေးအကျဉ်းသားမိသားစုများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ အင်္ဂါဆုတောင်းအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး ကွန်ယက်အဖွဲ့ဝင်များ၊ နိုင်ငံရေးစိတ်ပါဝင်စားသူများစုစုပေါင်း ၈ဝဝ ခန့် တက်ရောက်ခဲ့ကြပါတယ်။ သံဃာတော်များကို ကြွရောက်လာကြတဲ့ ပရိသတ်အပေါင်းကသိမ်ဆင်းလောင်းလှူခဲ့ကြပါတယ်။ 
နံနက် ၉း၃ဝ နာရီမှာ အခမ်းအနားအစီအစဉ်ကိုစတင်ရာမှာ အစီအစဉ် (၁) အရ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များ၊ ဒီမိုကရေစီအင်အားစုများမှနမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။ အစီအစဉ် (၂) အရ မကွေးကျောင်းဆရာတော်မှငါးပါးသီလ ချီးမြှင့်ပေးပြီး အစီအစဉ် (၃) အရ ဆရာတော်၊ သံဃာတော် များမှ မေတ္တာသုတ်နှင့်မောရသုတ် ပရိတ်တရားများ ချီးမြှင့်ပေးခဲ့ပါတယ်။

အစီအစဉ်(၄)အရ ပြည်တွင်းငြိမ်းချမ်းရေး၊စစ်မှန်သောဒီမိုကရေစီ ပေါ်ထွန်း ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတို့အတွက်မကွေးဆရာတော်မှ ဆုတောင်းမေတ္တာပို့သပေးခဲ့ပါတယ်။ 

  အစီအစဉ်(၅)အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဗကသအဖွဲ့ဝင်ဟောင်းကိုဟန်ဝင်းအောင်မှဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာ အစီအစဉ်(၆)အရ ဦးဝင်းတင်အား မကွေးဆရာတော်မှ အလေးချိန်တစ်ကျပ်သား (ကာလတန်ဖိုး ၇၅ဝ,ဝဝဝ ကျပ်) ရှိ သူရသတ္တိဆု တံဆိပ်ကို ပေးအပ်ခဲ့ပါတယ်။
 
       ရွှေဝါရောင်တော်လှန်ရေးမှာ အသက်ခန္ဓာပေးဆပ်သွားကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏် ကျေးဇူးတရား ကို အောက်မေ့သတိရသောအားဖြင့်နှစ်မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။
     ရွှေဝါရောင်တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့၊ အကျဉ်းကျခံခဲ့ရတဲ့ဆရာတော် ဦးဇဝနမှ အမှတ်တရ စကားပြောကြားခြင်း၊ နိုင်ငံရေးအကျဉ်းကျ မိသားစုများအား စာအုပ်ပေးအပ်လှူဒါန်းခြင်း၊ မကွေးကျောင်းထိုင်ဆရာတော် မှ အနုမောဒနာတရားချီးမြှင့်ခြင်းတို့ဖြင့်အခမ်းအနားကိုဆက်လက်ကျင်းပ ခဲ့ပါတယ်။ 
မကွေးကျောင်းထိုင်ဆရာတော်မှ အနုမောဒနာတရားချီးမြှင့်ရာမှာဦးဝင်းတင်အား သူရသတ္တိဆု ချီးမြှင့်ရခြင်းအကြောင်းရင်းကို ရှင်းပြပြီး ပြည်သူအတွက်အမှန်တကယ် အကျိုးမရှိပါက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သင့်ကြောင်း ထည့်သွင်းမိန့်ကြားတော်မူခဲ့ပါတယ်။ 
 
ဆရာတော်မှ ရေစက်ချအမျှပေးဝေအပြီးမှာသံဃာတော်များက ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။ အခမ်းအနားအပြီးမှာြ<ွကရောက်လာကြတဲ့ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီးဧည့်ပရိတ်သတ်အပေါင်းကို နေ့လည်စာ ထမင်းဟင်းများဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts