>Gecko news

>

သတင်းမှားသွားတာ ပြဿနာ မကြီးပါ၊ လုပ်ကြံရေးသားခြင်းက ပြဿနာ ကြီး၏
လူချစ်လူခင်
နိုဝင်ဘာ ၈၊ ၂၀၁၁


ယနေ့ ညနေ ၅ နာရီခန့်က Facebook တွင် ဖော်ပြထားသော တောက်
တဲ့သတင်းတစ်ပုဒ်ကို ည ၁၁ နာရီတွင် လူပေါင်း ၁၈၂ ဦးက လက်ဆင့်ကမ်းထားကြသည်ကို တွေ့ရသည်။

သံသယဖြစ်စရာ အချက် အနည်းဆုံး သုံးချက် ပါဝင်သည်။

(၁) တန်ဘိုးက ဒေါ်လာ တစ်သန်းကျော် နှစ်သန်းနီးပါး ဖြစ်နေသည်။
(၂) အရွယ်အစားက ပုံမှန်ထက် ၁၀ ဆ ကြီးနေသည်။
(၃) တောက်တဲ့က အိမ်မွေးတိရိစ္ဆာန်ထဲတွင်မပါဝင်ပါ၊ လူနှင့် ထိုမျှ မယဉ်ပါးပါ။

မဇ္ဈိမမိတ်ဆွေများကလည်း Facebook သတင်းကို 7Day ဟူသော အရှိန်ဖြင့် ယုံကြည်လိုက်ဟန် တူသည်။ 7Day ဟု ဆိုပြီး ယနေ့ညတွင်ပင် ချက်ချင်း ကိုးကား ဖော်ပြလိုက်သည်။

7Day တာဝန်ရှိသူများကလည်း ၎င်းတို့ သတင်းထောက်၏ ရေးသားပေးပို့ချက်ကို ယုံကြည်ပြီး Facebook တွင် ဖော်ပြလိုက်ခြင်း ဖြစ်ဟန် တူသည်။

သတင်းဌာနတိုင်း အနည်းနှင့်အများ မှားယွင်း ရေးသားမိကြသည်။ နောင်လည်း မှားကြဦးမည် ဖြစ်သည်။ မတတ်နိုင်ပါ။ လူတိုင်း အမှားနှင့် မကင်းပါ။

သို့သော်လည်း တမင်တကာ လုပ်ကြံရေးသားခြင်းကမူ အလွန် ကြီးမားသော ပြဿနာ ဖြစ်လေသည်။

ယခု ဆောင်းပါး အစပိုင်းတွင် ဖော်ပြထားသော ပုံမှာ ထိုင်းအင်တာနက်စာမျက်နှာများတွင် တွေ့ရသောပုံဖြစ်သည်။ ထိုင်းစာဖတ်ပရိသတ်များကြားတွင်လည်း အငြင်းပွားနေကြသောပုံ ဖြစ်သည်။

photoshot နည်းပညာသုံးပြီး လူပုံ နှင့် အရွယ်အစားချဲ့ကားထားသော တောက်တဲ့ပုံကို ဆက်စပ်ထားသည်ဟု ယူဆရသည်။ အနီရောင်ခြယ်ထားသော ဆက်ရာများကို ကြည့်ပါ။


7Day သည် မြန်မာပြည်၏ ပထမတန်းစာဂျာနယ်များထဲတွင် ပါဝင်ပါသည်။
7Day မှ မိတ်ဆွေများကိုလည်း ခင်မင်ပါသည်။ နောင်လည်း ပုံမှန် ဖတ်ရမည့် ဂျာနယ် ဖြစ်သည်။

သို့သော်လည်း ဤသတင်းတစ်ပုဒ်ကို ဖတ်မိပြီး စိတ်မကောင်း ဖြစ်မိပါသည်။









သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts