>Kyaw Home – The Exchange Poem

>

တမ်းချင်း
ကျော်ဟုန်း၊ နိုဝင်ဘာ ၅၊ ၂၀၁၁
ခု ကိစ္စက
မီးသွေးနဲ့  စိန်
လဲတဲ့ ကိစ္စ၊

မီးသွေးနဲ့ စိန်
ကာဘွန်ဓာတ်တူတယ်၊

တန်းညှိပြီး ရောင့်ရဲဖို့ 
မျက်လှည့်ဖော် ပဉ္စလက်အကျော်ယုတ်
ထုတ်လုပ်တဲ့ပွဲ သဘင်မှာ၊

မတရားလိုချင်တာ မဟုတ်
ပိုင်ရှင်အမှန်တို့ ရဲ့ လက် မအပ်သရွေ့ 
ဒီပွဲမှာ အရူးဇာတ် ကရမယ်ဆိုရင်တော့
ရွှေမန်းတင်မောင် အဟဲလေးနဲ့ ကြိုက်သလား
(မပေး ပေး ပေး ပေး၊ ငါ့စိန်တွေ ပြန်ပေး)

ဒါပေမယ့်
ကာဘွန်ချင်းတူတာတွေ လာမပေးနဲ့ 
လိုချင်တာ “စိန်”။        


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts