>Kyaw Thu – FFSS Yangon Activity

>

ရယ်သောသူသည် အသက်ရှည်၏
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
နိုဝင်ဘာ ၄၊ ၂၀၁၁



“ရယ်သောသူသည် အသက်ရှည်၏” ဟူသောစကားအတိုင်း နာရေးကူညီမှုအသင်း(ရန်ကုန်) သည် နေ့စဉ်နှင့်အမျှ ကြေကွဲဝမ်း နည်း ငိုကြွေးဖွယ်ရာများဖြင့်သာ ကြုံတွေ့နေရမြဲဖြစ်သော်လည်း ၂၊ ၁၁၊ ၂၀၁၁ ရက်နေ့တွင် ပြင်သစ်ယဉ်ကျေးမှုဋ္ဌာနမှ သင်တန်းသားများ ဖြစ်ကြသော “သုခုမခရီးသည်” အနုပညာအဖွဲ့ (ကိုစိုးမြတ်သူ၊ ကိုသူရသိန်း၊ ကိုဉာဏ်လင်းအောင်၊ ကိုသန်းထွဋ်ဦး၊ မမေသက်ဇော်၊ မသဲသဲ)တို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့လာရောက်ကာ အသင်းသားများ၊ ၀န်ထမ်းများ၊ နာရေးရှင်များ၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ဆေးဝါးကုသကြသော ဝေဒနာရှင်များ၊ လူနာရှင်များအား နံနက် (၉း ၀၀) နာရီအချိန်တွင် သုခကု သိုလ်ဖြစ်ဆေးခန်း အရှေ့မျက်နှာစာ၌ ကုသိုလ်ဖြစ် လာရောက်ဖျော်ဖြေခဲ့ကြသည်။

“သုခုမခရီးသည်” အနုပညာအဖွဲ့သည် ဘ/က ကျောင်းများ၊ ပရဟိတဂေဟာများသို့ ကုသိုလ်ဖြစ် သွားရောက်ဖျော်ဖြေပေးသော လူငယ်များ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယခု နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လာရောက်ဖျော်ဖြေရခြင်းမှာ နာရေးရှင်များ၊ လူနာများ၏ အပူမီး များအား ခေတ္တငြိမ်းအေးသွားစေလိုသော မွန်မြတ်သောရည်ရွယ်ချက်ဖြင့် ဖျော်ဖြေပေးခြင်းဖြစ်သည်။ ထိုသို့ လာရောက်ဖျော်ဖြေရာ တွင် ပုံဆွဲခြင်း ဟာသပညာရပ်၊ သရေပြားဖြင့် ဖျော်ကြူးသော ဟာသပညာရပ်၊ မျက်လှည့်ပညာရပ်၊ ဆပ်ကပ်ပညာရပ်တို့အပြင် သုခ ကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ဆေးဝါးကုသကြသော လူနာများထဲမှ ဘ၀တူ လူနာအချင်းချင်း စာနာမှုမရှိပဲ ရောဂါဝေဒနာကြီးသေး မှန်သမျှကို ဆရာဝန်များနှင့် လုပ်ကြံပြသလိုသော ပြကွက်၊ တိုကင်ယူကြသော သူတို့တွင် နေရာရောင်းစားခြင်း မသမာမှုပြကွက်၊ အမှိုက်သရိုက်များ ဆေးခန်းပရ၀ဏ်အတွင်း စည်းမဲ့ကမ်းမဲ့ လွင့်ပစ်ခြင်းနှင့် လူသားချင်းစာနာစိတ် စည်းကမ်းလိုက်နာစိတ်၊ ပတ်ဝန်းကျင် သန့်ရှင်းရေးတို့အတွက် သင်ခန်းစာရရှိစေသော ဇာတ်လမ်းတို ဟာသပြကွက်များ၊ နာရေးကူညီမှုနှင့်ပတ်သက်၍ နာရေးပွဲစားများ၏ မသမာမှုဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေသောသူများ၏ နောက်ဆုံးခရီးတို့ကို ဟာသပညာရပ်တို့ဖြင့် ကြည့်ရှုအားပေးသူတို့အား ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆင်နွှဲစေခြင်းဖြင့် ပျော်ရွှင်ဖွယ် သရုပ်ဖော်ပြသခဲ့သည်။ “သုခုမခရီးသည်” ကုသိုလ်ဖြစ် အနုပညာအဖွဲ့၏ ဖော်ကြူး ပြသမှုတို့ကို လူနာရှင်များ၊ လူနာများ၊ နာရေးရှင်များနှင့် အသင်းသူ/သားများ၊ ၀န်ထမ်းများတို့သည် လွန်စွာကြိုက်နှစ်သက်ဝမ်းသာအားရ ချီးကျူးအားပေးခဲ့ကြသည်။

၂၊ ၁၁၊ ၂၀၁၁ ရက်နေ့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ (၅၂) နှစ်မြောက် မွေးနေ့နှင့်တိုက်ဆိုင်ခဲ့၍ ဦးကျော်သူမှ ဂုဏ်ပြုငွေ (၅၀၀၀၀ိ/-) ကျပ်ကို ပွဲပြီးသည့်အချိန်တွင် ချီးမြှင့်ပေးအပ်ခဲ့ရာ ကြည့်ရှုသူပရိသတ်အပေါင်းမှ ၀မ်းသာအားရလက်ခုတ်သြဘာ ပေးခဲ့ကြသည်။ ဦးကျော်သူ၏ မွေးနေ့နံနက်သည် ပျော်ရွှင်ဖွယ်ရာ အခမ်းအနားလေးဖြင့် မထင်မှတ်ပဲ ဖြတ်သန်းခဲ့ရတော့သည်။

အခမ်းအနား မှတ်တမ်းဓာတ်ပုံများ








သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts