>Burmeses on the move in the US of A

>

အမေရိကန်ရောက် မြန်မာကွန်မြူနီတီသတင်းတိုထွာများ
မိုးမခရွာဆော်ကြီး၊ နိုဝင်ဘာ ၄၊ ၂၀၁၁
ဥက္ကလံမြို့မှာ ရောက်ရှိနေထိုင်တဲ့ တိုင်းရင်းသူမနွေဦးက C.E.O for Women (creating economic opportunities women) အဖွဲ့က ပေးအပ်တဲ့ အမျိုးသမီး တီထွင်ဖန်တီးသူလုပ်ငန်းရှင်ဆုကို အောက်တိုဘာ နောက်ဆုံးပတ်မှာ ရရှိသွားပါတယ်။ မနွေဦးက မြန်မာပြည်က ရွှေ့ပြောင်းရောက်ရှိလာတဲ့ဒုက္ခသည်အမျိုးသမီးတွေရဲ့ လက်မှုအ၀တ်အထည်ပစ္စည်းတွေ ထုတ်လုပ်တဲ့အလုပ်ကို ကြိုးစားလုပ်ကိုင်တဲ့အတွက်အားပေးဂုဏ်ပြုတဲ့အနေနဲ့ အဆိုပါအဖွဲ့အစည်းက ဂုဏ်ပြုတာလို့ တွေ့ရပါတယ်။ ဓာတ်ပုံတွေက ဒီမှာပါ။သူရဲ့လုပ်ငန်းဝက်ဆိုက်က သည်မှာပါ။ 
ပစ္စဘတ်မြို့ရောက် ပန်းချီဆရာ သန်းဋ္ဌေးမောင်ကတော့ပေါင်မုန့်တွေနဲ့ အနုပညာတင်ဆက်မှုတခုကို သူတို့မြို့က Mattress Factory ပြခန်းရဲ့ 2011 FactoryInstalled ပြပွဲမှာ တင်ဆက်ပြသလျက်ရှိပါတယ်။ အောက်တိုဘာ ၂၈ ကနေ မေ အထိ ပြသထားမယ်လို့ဆိုပါတယ်။ ပန်းချီသန်းဋ္ဌေးမောင်ရဲ့တင်ဆက်မှုမှာ လက်တွေက နံရံမှထိုးဖောက်ပြီး ပေါင်မုန့်တွေကမ်းနေတဲ့ တင်ဆက်မှုကိုပြုလုပ်တာ ဖြစ်ပါတယ်။ နံမယ်က Bread Not Bomb လို့ ပေးထားပါတယ်။ သွားကြည့်ချင်ရင် သည်ကိုသွားပါ။ 
အောက်တိုဘာ ၃၀ ၂၀၁၁ မှ  နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နယူးယောက်ပြည်နယ်၊ ယူတီကာမြို့ ၊ သန္တိသုခ ဘုန်းတော်ကြီးကျောင်းမှာကျင်းပဖြစ်ပါတယ်။ အခုဆိုရင် ၈ ကြိမ်ရှိပြီလို့ ဆိုပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts