>Kama Pale – Mya Than Tint Dream Poem

>

မြသန်းတင့် အိပ်မက်
ကမာပုလဲ၊ နိုဝင်ဘာ ၄၊ ၂၀၁၁

နယ်စပ် လမ်းမပေါ်
တည
ဆရာမြကို အိပ်မက်မက်တယ်။
လေရူးသုန်သုန်
ရွှေပြည်တော် မျှော်တိုင်းဝေး
သုခမြို့တော်
အချစ်မိုးကောင်းကင်
ကိုကိုးကျွန်းနဲ့
အင်တီ ဒူးရင်း
အာဇာနည် ၈ ယောက်
အို စုံလို့ပါပဲ
ငါ့အိပ်မက်ဟာ
ခန်းဆောင်နီထဲ ရောက်သွားလိုက်
လ္ဘက်ရည်ဆိုင်ထဲ ရောက်သွားလိုက်
လီယို တော်စတွိုင်းကြီးနဲ့ စကားစမြည်ပြောလိုက်
တိုင်းပြည်ကို အာဏာရှင် ဟစ်တလာလက်ထဲ ထိုးအပ်လိုက်တဲ့
ပါရီကျဆုံးခန်းထဲက
အာဏာရ ရယ်ဒီကယ် အမတ်တွေရဲ့
လက်နက်ချ အညံ့ခံရေး အစည်းအဝေးခန်းမထဲ ရောက်သွားလိုက်
ဟားဘတ် တက္ကသိုလ် ရောက်သွားလိုက်
လွမ်းမောရသော တက္ကသိုလ်နွေညတွေထဲ ရောက်သွားလိုက်။
နယ်စပ်လမ်းမပေါ်
နှစ်ကိုယ်တူ အသက်စွန့် ထွက်ပြေးခဲ့တဲ့
ချစ်သူ သစ္စာရှင်ကောင်မကလေးအပေါ်
သစ္စာမဲ့ အသေထားရစ် တကိုယ်ကောင်းထွက်ပြေးခဲ့သူ
သူဟာ
ဟားဘတ်တက္ကသိုလ်ကနေ
အမေရိကန် သမ္မတအိမ်တော်အထိ
ရောက်ရှိသွားခဲ့တယ်
ဗီယက်နမ်စစ်မှာ
ကိုယ်တိုင်ဝင်မတိုက်ခဲ့ရပေမဲ့
ဗီယက်နမ်စစ်ထဲ
စတေးလိုက်ရတဲ့ အမေရိကန် ဆယ်ကျော်သက်များ
သူ့ဝိညာဉ် မလွတ်မြောက်နိုင်တော့ဘူး
ကိုယ့်ကိုယ်ကိုယ် … … …
ဂျော့ခ်ျကဲလား တဲ့
နောင်လာ နောက်သားတို့
အတုယူ ဆင်ချင်စရာ
သမိုင်းက အညှာအတာ ကင်းတယ်။    
၉၊ ၀၇၊ ၂၀၁၁။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts