>only the president’s photo

>

ဦးသိန်းစိန်ဓာတ်ပုံကိုသာ ရုံးများတွင် ချိတ်ဆွဲရမည်
မိုးမခအထောက်တော် အမှတ် ၀၀၆
အောက်တိုဘာ ၂၄၊ ၂၀၁၁
ပြီးခဲ့သည့် လကုန်ပိုင်းက တွေ့ရသော နေပြည်တော်ရှိ ၀န်ကြီးရုံးတရုံး နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံ။ (photo: MTH/facebook)


အစိုးရရုံးများတွင် လက်ရှိနိုင်ငံခေါင်းဆောင်၏ ဓာတ်ပုံကိုသာ ချိတ်ဆွဲရန် သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်ကြောင်း စနေနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

အစိုးရရုံး၊ ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံးများ၊ အစည်းအဝေးခန်းမ နံရံများတွင် “လက်ရှိနိုင်ငံ့အကြီးအကဲ ခေါင်းဆောင်၏ ဓာတ်ပုံကိုသာ ချိတ်ဆွဲရန် သတ်မှတ်ထားပါကြောင်း” ဟု ဦးစိုးမောင်က ပြောကြားလိုက်သည်။

အစိုးရရုံးများတွင် အာဇာနည်ခေါင်းဆောင်ကြီးတဦး၏ပုံကို ချိတ်ဆွဲခွင့် ရှိမရှိ သိလိုသည်ဟူသော မိုင်းပန် မဲဆန္ဒနယ်မှ ဦးထွန်းမြင့်ဦး၏ မေးခွန်းကို ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးများ အရပ်ဝတ်လဲပြီး အရပ်သားအစိုးရ ဖွဲ့စည်းထားသည်မှာ ၆ လ မက ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အစိုးရရုံးများတွင် သမ္မတဦးသိန်းစိန်၏ဓာတ်ပုံကို မတွေ့ရသေးပေ။

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံကိုသာ ချိတ်ဆွဲထားကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts