>Kay – Logn Distant Call – Poem


>

အဝေးပြောဖုံး
ကေ
အောက်တိုဘာ ၂၁၊ ၂၀၁၁
(သူ့ဘလောက်က ယူတယ်၊ ခွင့်မတောင်း)
ဖေဖေ ရေ…
ဒီနှစ်တွေထဲ..အပြောင်းအလဲ များ တယ်
ကမ္ဘာကြီးကပူ… လူတွေက ထူ တော့..
ဘယ်သူ့ကိုကူ ရမှန်း မသိ နိုင် အောင် ပဲ။
အာရပ်နွေဦး မှာ တော့ ..ကျူးရင့်သံတွေ ကြား
လွတ်လပ်မူတွေ ဖူးပွင့် နေ ပြီလား ပေါ့ …
ဝေါလ်လမ်းမ ကြီး လည်း နံရံ တွေ ပြိုကျတော့မလား မသိဘူး ဖေဖေ
၉၉ရာနှုန်း ပြည်သူ တွေ ကို တော့ ၉၉.၉ ရာနှုန်း မက အနိုင်ရ စေချင် ပါ ရဲ့ …
ဒါပေမဲ့တော့..ကမ္ဘာကြီးက “လုံး” ဆို .. ဘောလုံး ပွဲ လို ခန့်မှန်းရ တော့ ခက် တယ်နော်
ဂဒါဖီ ကို မရှူး နိုင် ခင်..စတိဗ်ဂျော့ ကို.. အရင် ထုတ်ခံ လိုက် ရ တဲ့.. ပွဲ မျိုး ဆို ရင်တော့
ကြည့်မကောင်း ဘူး ပေါ့။
ဘာပဲဖြစ်ဖြစ်
ပြည်သူတွေတခေတ် ရောက်ပြီး .. လူထုက တခါ အလှည့်သာ ဦးမယ်ဆိုရင်တော့
သေပန်းပွင့်ဖို့ ကမ္ဘာကြီး ပြုံးသွားနိုင် ဦး မှာ ပါ။
( ဟော )ပြောရင်း ဆိုရင်း …
“အမေရိကန်ဒေသခံတွေ” .. ချီတက် လာနေပေါ့
ကြည့်ပါအုံး- အမေဇုံ ကိုကယ်တင် ကြ မလို့ တဲ့
“အမေရိကန် ဧည့်နိုင်ငံသား” တွေကရော
အမေဇုံ ကို ထင်းခုတ်..လမ်းလုပ် ပြီးဖြတ်မောင်း ဖို့ တော့ မကြံ ကောင်း မစည်ရာ နော်
ဒါနဲ့ဖေဖေ
ဧရာဝတီကရော..ဘာပြောသေးလဲ
အိမ်ရှေ့ပူတော့အိမ်နောက်မချမ်းသာ
မချမ်းသာရင်လည်းနေပါစေ..နောက်ဖေး ပေါက်တော့ မနေချင်ဘူးလေ
အသက်မြစ်ရေတွေမြစ်လိုပဲ ရစ်ခွေ စီးဆင်း နိုင် ပါစေ..။
ကြားရပြန် ပြီ ဖေဖေ
သမိုင်းတွေ အထစ် ထစ်.. ထုဆစ် မှတ်ခြစ် ထား တဲ့ ..တက္ကသီလာ မြကျွန်းသာ ကို
ကွန်းခိုချင်သူ တွေ က.. တလွဲ အလျင် တောင်းနေ ကြ ပြန် သတဲ့ …
အစဉ်အလာအမြဲ ကောင်းခဲ့ တာပါ
ဒါဟာလည်း မြစ်ကြီး တစင်း ပါပဲ
ပညာစမ်းရေ တွေ.. ပတ်ခွေ စီးဆင်း
ဒီတခါလည်း..သမီးတို့ငြင်းဆန် ရပြန်ဦးမယ်။
ဖေဖေ
သမီးတို့တွေအကောင်းတွေကို မျှော်ရင်း..
အဆိုးတွေအတွက်ပြင်ဆင်နေတတ်ခဲ့တာ
အတော်ကြာခဲ့ ပြီ နော် ။
ခု ဟာကို တော့ အခင်းအကျင်းသစ် လို့ ပြော ကြ ပြန် တယ်
အသင်းအပင်းတွေသာ.. မရှင်းမရှင်း ဖြစ်လာသလို
ဘာလိုလို..ညာ လိုလို
ဘာကိုလိုလို့ … ညာနေ ကြသလဲ မသိ။
တကယ်တမ်းသာရိုးသားကြ စတမ်း ဆို
ကန့်လန့်ကာတွေ မလိုဘူး .. တိုင်မာ တွေ မလိုဘူး
တစက္ကန့်တိုင်းမှာ မျက်ရည် တစက် ကျ တယ်
တမိနစ်တိုင်း မှာ သောက တခက် ပွေ တယ်
အချိန်တိုင်း မှာ ဖြစ်ချင်တာ တွေ ဖြစ်သွား နိုင် တယ် လေ။
သမိုင်းတွေကို တပတ်မလည် ချင် တော့ ဘူး
အနိုင်အရှုံး စာရင်းပဲ သိချင်တော့တာ..
ခက်တာပဲဖေဖေ..
ခေတ်ကြီးကယဉ်ကျေးဟန်တွေ ဆောင်လာလေတော့..
သူလည်းနိုင်.. ကိုယ်လည်း နိုင်ဖို့
သူနိုင်ကိုယ်နိုင် အပြိုင် လုပ်ရ တော့ မှာ ပေါ့။
နင်-ငါ.. ရန်-ငါ .. သူ-ငါ တွေ ကြား မျဉ်းသား လို့ မရ လည်း
ငါ့ ကိုငါ ပဲ “ဘုံ” ထုတ်လိုက် ယုံ
( နင်ရန် သူ ) ဖြစ်ကျန် လိမ့်မယ်။
ခဏလေး..ခဏ လေး ဖေဖေ
ဟောဒီမှာ ဘရိတ်ကင်းနူးစ် တဲ့
အား..ကမ္ဘာ့ ရန်သူ တယောက်တော့..ကျ ဆုံး သွား ပေါ့
သမီးကဗျာ တောင် မဆုံးသေးဘူး.. ဂဒါဖီ တယောက် စတိဗ်ဂျော့ နောက်လိုက်သွား ခဲ့ ပြီ။
အနှစ် လေးဆယ်ကျော် မော်ကြွား ခဲ့သူ ကြီး တဲ့ လေ..
ခုတော့..ရေဆိုးပိုက် ထဲ က..မြွေကြွက် တကောင် လို..၀ိုင်းရိုက်ထား လိုက် ကြ တာ..
တီဗွီ  မှန်သားပြင် မှာ လည်းဒီသတင်း..
ကွန်ပြူတာ ဖန်သားပြင် မှာ လည်းဒီသတင်း
တက်ဗလက် တွေ ထဲ မှာလည်း ရွှပ်ကနဲ..ရွှပ်ကနဲ လက်ကလေး နဲ့ ချဲ့ လိုက်ယုံ
လေးထောင့်ပြင် တွေ ကတော့..တိကျ ပုံ ပေါ် ရဲ့ ဖေဖေ။
သိပ်မကြာခင်.. သတင်း စာစောင် .. လေး ထောင့် ဘောင် တွေ ထဲ မလည်း
သေချာပြီ ဆိုတဲ့ အကြောင်း.. ရောင်းကောင်း ကြ အုံးမယ်။
သေချာတာ တော့..သေချာပါတယ် ဖေဖေ
ဟိုးအရင် ဘိုလီးဗီးယား လယ်ကွင်း ထဲ မှာ လို
လက်တဖက် ကိုတောင် ဖြတ် ယူ ပြ စရာ မလို တော့ ဘူး..
သေချာလိုက် သမှ.. ဒီတခါ “ချေ” သေ တာ မှ မဟုတ် တော့ တာ လေ ။
တက်ဗလက်တွေ ဆို လို့ ပြောရ အုံးမယ် ဖေဖေ..
အင်တာနက်ခေတ်ကြီး အစီးအဆင်း  မြန် လိုက်ပုံ က
သတင်းတွေအကုန် ..ခုန်ပျံ ပြီး ကို ရောက်လာ ကြ..
ပေါ့ပ်အပ်..ဘိပ်အင်.. ဒေါင်းလုဒ်.. ဒရက်ဂ်ျ ဒရော့ပ်..
တြိယာပုဒ်အကုန် .. မကြည့်ချင် မှ အစုံ
လက်ညိုးတော့ မတုန် စေ နဲ့..
အတိအကျ..အဖိ အဖွ.. ထိ တယ်..ကြွ တယ်..အဲဒလို မျိုး ခေတ်..
နားရှုပ်သွားပြီ လား ဖေဖေ..
လူရှုပ်ကွန်ယက် ( အဲ …) လူမူကွန်ယက် ဆိုရှယ် နက်ဝက် ဆို တာ ရှိသေးတယ်
ဆက်သွယ်ရေးတွေ သိပ်ကောင်း သလောက်
ဆက်ဆံရေးတွေပျက် တတ် တဲ့ သာလာယံ ဇရပ် ကြီး လို့ သာ မှတ် ထား လိုက် ပါ ဖေဖေ ရာ..
အင်း..ဘာပဲဖြစ်ဖြစ်..ခေတ်မီ အောင် တော့..
ဖေဖေ့မျက်နှာ နဲ့.. ဆိုင်းဘုဒ် တခု ထောင်ရင် ကောင်း မလား လို့
(ဟလို)… (ဟလို) .. ကြားရ လား …ဖေဖေ..
သမီး အီးမေးလ် နဲ့ပို့ထား လိုက် မယ်။
(အောက်တိုဘာ၂၀ – အောက်တိုဘာ ၂၁၊ ၂၀၁၁)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts