>Kyaw Thu – FFSS Yangon Activity

>

တရားဆေးနဲ့ ကုကြမယ်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
အောက်တိုဘာ ၂၁၊ ၂၀၁၁



လူမှုရေးသမားများသည် လူမှုရေးပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာ၌ မြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ ပေးဆပ်နိုင်ကြစေရန် ရည်ရွယ်၍ ဆရာဒေါက်တာ-စိုးလွင်(မန္တလေး) မှ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများအား ကုသိုလ်ဖြစ် သင်ကြားပို့ချပေးခဲ့ရာ ယခုအချိန်တွင် စတုတ္ထအကြိမ်မြောက်အဖြစ် သင်ကြားပို့ချလျှက်ရှိသည်။

ယင်းကဲ့သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ဓမ္မလမ်းကိုလျှောက်ကြမယ်ဟူသော အမည်နာမဖြင့် သင်ကြားရခြင်းမှာ မြတ်စွာဘုရား၏ အဆုံးအမအနှစ်ချုပ်သည် “မကောင်းမှုရှောင် ကောင်းမှု ဆောင် … ဖြူအောင်စိတ်ကိုထား” ဟူ၍ ဖြစ်သည့်အတိုင်း မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်၍ ကောင်းမှုကုသိုလ်များကို အတတ်နိုင်ဆုံး ပေးဆပ်နေကြသော၊ လုပ်ဆောင်နေကြသော ပရဟိတသမားများ၏ စိတ်ဓာတ်များ ကို သတိပဋ္ဌာန်၊ ၀ိပဿနာပညာ၊ မဂ်ဉာဏ်တို့ဖြင့် မည်ကဲ့သို့ အဖြူစင်ဆုံး ထားရှိကြရမည်ကို သင်ကြားပေးခြင်းဖြစ်ပါသည်။

ယခု စတုတ္ထအကြိမ်မြောက် “ဓမ္မလမ်းကိုလျှောက်ကြမယ်” ဟူသော ၀ိပဿနာသင်တန်း၌ အသင်းသူ/သားများ၊ ၀န်ထမ်းများအပြင် ပြင်ပမှ စိတ်ဝင်စားကြသော ဓမ္မမိတ်ဆွေများနှင့် သုခကုသိုလ်ဖြစ် ဆေးခန်းတွင် ဆေးဝါးလာရောက်ကုသကြသော လူနာများတို့သည်လည်း ပါဝင်လာသည်ကို တွေ့ရသည်။ ရုပ်ခန္ဓာတွင်စွဲကပ်နေသော အနာရောဂါများကို ကုသပေးရုံသာမက နာမ်ခန္ဓာတွင် စွဲကပ်နေသော ကိလေသာရောဂါများကိုပါ ၀ိပဿနာဓမ္မတရားများဖြင့် ကုသပေးနေခြင်း ဖြစ်ပါသည်။





သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts