>Zaw Aung – Corruption & Personal Finance

>

မြန်မာ၏”ပေးကမ်းခြင်းသည်အောင်မြင်သည်” နှင့်
ကမ္ဘာ၏ “ချမ်းသာသူများ၏လောဘဇောမသတ်နိုင်ခြင်း”
ဇော်အောင်(မုံရွာ)။ အောက်တိုဘာ ၂၁၊ ၂၀၁၁
ချမ်းသာသူများ၏ လောဘဇောမသတ်နိုင်ခြင်းကို လူထုဆန္ဒပြလာခြင်း
တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသော စကားပုံရှိပါသည်။ လူလူခြင်းခေါင်းပုံဖြက်ပြီး မတရားစီးပွားသမားများခေတ်ပျက်ကြီးတွင် အလွန်ချမ်းသာလာသည်။ တိုးတက်သောနိုင်ငံတိုင်းတွင် လူလတ်တန်းစားကအများစုဖြစ်နေရသည်။ စီးပွားရေးလုပ်သူများတွင်လည်း Small Median Enterprisesလုပ်ငန်းငယ်များစွာရှိနေမှ တိုင်းပြည်တိုးတက်လာလေ့ရှိသည်။ အာဏာရှိသူများသည်ဝိသမစီးပွားရေးသမားများ၏ ပေးကမ်းမှုတွင် လိုက်ပါသွားပြီး၊ နိုင်ငံနှင့်ပြည်သားများအပေါ်အနိုင်ကျင့်စီးပွားရေး၊ လက်ဝါးကြီးအုပ်စနစ်များပေါ်လာရသည်။
မြန်မာနိုင်ငံသာမက ယခု အမေရိကန်၊ဥရောပနိုင်ငံများပင်ချမ်းသာသူမိသားစုများက လူလတ်တန်းစား၏ ပိုင်ဆိုင်မှုများကိုသိမ်းကြုံးယူလိုက်ခြင်းပြသနာအား မည်သို့ အရေးယူဖြေရှင်းမည်နည်း။
နယူးယောက်တွင် စီးပွားကပ်အရိပ်အယောင်များအတွက်မကျေနပ်မှုများကို ဆန္ဒပြခြင်း အရှိန်ဟုန်မြင့်လာပါသည်။ ဥရောပနိုင်ငံများသို့ပြန့်နှံ့သွားသည်။ Occupy Wall Street ဟုအမည်ပေးထားကြသည်။ အငြင်းပွားဘွယ် အထက်ပါပိုစတာမှာ စတော့ဈေးကွက်နွားရိုင်းကြီးပေါ်မှမိန်မငယ်လေး၏ဘ၀၊ ငွေမစုဘဲ ရှယ်ယာစုဆောင်းကြသော အမေရိကန်များ၏ ဘ၀မတည်ငြိမ်မှုကိုပြနေပါသည်။
၂၀၀၈မှာ အမေရိကန် စတော့ဈေးကွက်ကြီးကိုလှုပ်သွားသော်လည်း၊ ၁၉၃၀ ကဲ့သို့ ပြိုလဲမသွားခဲ့ပါ။ ဘဏ်များ၊ အိမ်မြေများသာလဲပြိုကျကုန်သောကြောင့် အမေရိကန်ပြည်သူလူထုက လူမည်းသမ္မတ အိုဘားမားကိုရွေးချယ်ပြိး၊ဘက်မလိုက်သော ပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့ပါသည်။
ဥရောပနိုင်ငံများလည်း အမေရိကန်ကဲ့သို့အကြွေးများစွာဖြစ်နေသောကြောင့် အီးယူဟုခေါ်သော ဥရောပဘုံဈေးကွက်ဖြင့်ကာကွယ်ထားရသည်မှာ တော်တော်ကြာပြီဖြစ်သည်။ သူဌေးနိုင်ငံတခုဖြစ်သော ဂရိနိုင်ငံ၏အစိုးရနှင့်ပြည်သူများ၊ အခွန်ရှောင်မှုများကြောင့် တိုင်းပြည်ကိုဒေ၀ါလီခံလိုက်ရသည်။ ဥရောပဘုံဈေးမှ ကယ်တင်ပေးရသည်။
မြန်မာပြည်လည်း ၁၉၈၇က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်ကျေညာပြီး၊ နိုင်ငံတကာအထောက်အပံ့ယူခဲ့ရပါသည်။ သို့မှသာ အကြွေးရှင်များနှစ်စဉ် အရစ်ကျပေးဆပ်ငွေပေးရန် ပူစရာမလိုသည်မှာ ကြာပြီဖြစ်သည်။(သူများအကြွေးမပေးသောကြောင့် နောက်ထပ်ချေးမည့်နိုင်ငံလဲမရှိ၊ ၂၅နှစ်မျှကြာလေပြီ။)
ကျွန်တော်သည်မြန်မာနိုင်ငံသားဖြစ်သည့်အတွက် မိမိနိုင်ငံအတွက်သာ စဉ်းစားပါသည်။ သို့သော်ကမ္ဘာ့အရေးအခင်းများနှင့်လည်း World Is Flat ဆိုသည့်အတိုင်းတပြေးတည်းကြည့်ရန်ဖြစ်သည်။
ကျွန်တော်နှင့်မိတ်ဆွေများစင်ကာပူတွင်အလုပ်လုပ်ပြီး၊ ၀င်ငွေခွန် တစ်လ စင်ကာပူဒေါ်လာ ၁၅၀၊ အနှစ်၂၀အတွက် ဒေါ်လာ၃၇၀၀၀ ပေးခဲ့ပါသည်။ အသက်အာမခံအဖြစ် တလ ၁၅၀ စုဆောင်းပါက ၅% နှစ်တိုးဖြင့် ၂၀နှစ် ကြာလျှင်၆၇,၁၅၁ ဒေါ်လာ စုဆောင်းမိမည်ဖြစ်သည်။ ထိုတာဝန်ကျေမှုအတွက် ကျွန်တော်တို့မိသားစုကိုပတ်စပို့သက်တမ်းတိုးပေးပါသည်။ ယခုအခါ ၂% ဒေါ်လာ ၃၀ သာ ပေးရတော့မည်ဟုအမိန့်ထွက်လာသောအခါ ၀မ်းသာမိပါသည်။ ကျွန်တော်တို့မှာ သာမန်လူတန်းစားဖြစ်သောကြောင့်လောဘဇောမသတ်နိုင်ဘဲ၊ ကားပါမစ်ရရှိရေးအတွက် ၀ိသမလောဘသမားများနှင့် အပြိုင်လိုက် တောင်းနေစရာမလိုပါ။ပါမစ်ဆိုသည်မှာ လာဘ်ပေး၊ လာဘ်ယူလုပ်သည့် စာရွက်တစ်ခုဖြစ်ပါသည်။
ဆရာတိုးစက် (East Bible School) ပို့ချသောယုဒသန်အသင်းတော် (စင်ကာပူ)မှ လူငယ်ဘာသာရေးသင်တန်း အောက်တိုဘာ ၁၄ရက် တွင်တရားမ၀င်ဆော့ဝဲအကြောင်း ခေတ္တဆွေးနွေးဖြစ်ပါတယ်။ ဆရာက စင်ကာပူမှာကော်ပီရိုက်ဥပဒေရှိကြောင်း၊ တရားမ၀င်ဒေါင်းလုပ်ခြင်းများကိုအရေးယူမှုများရှိတဲ့အတွက် သတိထားစေလိုကြောင်း။ မိမိ ပါစင်နယ်သဘောအရတရားမ၀င်ဒေါင်းလုပ်ခြင်းဖြင့် ကွန်ပြူတာဆော့ဝဲများသုံးခြင်းကိုမြန်မာပြည်တွင် လုပ်နေခြင်းကို မပြောလိုပါ။ သို့သော် အစိုးရဥပဒေဖြင့်တားမြစ်အပြစ်ပေးနိုင်သော စင်ကာပူလိုနိုင်ငံတွင် မလုပ်ရန် တိုက်တွန်းပါတယ်။ 
Corruption ခြစားမှုနှင့်ပတ်သက်ပြီးမိမိအမြင်အားဖြင့် ၂မျိုးရှိကြောင်း၊ တစ်မျိုးမှာ မြန်မာပြည်လေဆိပ်တွင် ၁၀ ဒေါ်လာပတ်စပို့ကြားညှပ်ပေးခြင်းကို မိမိအဖို့ လုပ်ရန်ဝန်မလေးကြောင်း၊  တန်ဖိုး မကြီးသောလက်ဆောင်သဘောဖြစ်ကြောင်း။နောက်တမျိုးမှာ သူများနစ်နာသွားမည့်၊စီးပွားကိစ္စကဲ့သို့ အရာတစ်ခုကို လပ်ပေး၊မတရားရယူခြင်းမျိုးကို မိမိလုံးဝမလုပ်ကြောင်း ပြောပါသည်။
သင်တန်းသားများမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မေးမြန်း၊ဆွေးနွေးကြပါသည်။
– မိမိတို့ iPhone များမှာ ဂျေးဘရိတ်လုပ်ထားသူများချည်း ဖြစ်နေမှု
-ကုမ္ပဏီများကလည်း တဦးချင်းသုံးစွဲမှုများကို တရားလုံးဝမစွဲခြင်း
-မြန်မာပြည်ပြန်တိုင်း ဘယ်သောခါမှ ဒေါ်လာကြားညှပ်မပေးသော်လည်း၊ အိုကေကြောင်း၊ မိမိသြတ္တပစိတ်ရှင်းလင်းဖို့သာလိုခြင်း
-မြန်မာပြည်သည် Transparency International ထုတ်ပြန်ချက်အရ နိုင်ငံ၁၇၈နိုင်ငံတွင်လဘ်စားမှုအရှိဆုံး အဆင့် ၁၇၇ရှိကြောင်း၊ တတ်နိုင်လျှင် တဦးချင်းကစပြီးမလိုလားအပ်သော လက်ဆောင်ပေးမှု အသေးအမွှားသည်၊ ကြီးမားသော လပ်ပေးမှုကြီးများ ပေါ်လာရန်အကျင့်ဖျက်သလို ဖြစ်နေခြင်း၊
 ထို့ကြောင့်တရားမ၀င်နည်းပညာဒေါင်းလုပ်ခြင်း၊ လက်ဆောင်ပေးခြင်းကို ပြောရလျှင် အစိုးရ၊နှင့် တဦးချင်းနိုင်ငံသား အခြေအနေနှင့်ဆိုင်သောကြောင့် ရှုပ်ထွေး၊ကျယ်ပြန်ကြောင်း.. စသဖြင့်ပြောဆို၊ ဆွေးနွေးလာကြပါသည်။ နောက်ဆုံး ကျမ်းစာသင်တန်းဆရာကရပ်လိုက်ပြီး၊ ဘာသာရေးပို့ချမှုဖက် ပြောင်းလိုက်ရပါသည်။
 မရိုးသာသောလက်ဆောင် (Corruption)နှင့် တရားသောလက်ဆောင် အကြောင်းကို ကျွန်တော် လေ့လာလိုပါသေးသည်။ 
ပေးကမ်းခြင်းသည်အောင်မြင်သည်
မြန်မာပြည်မှမိတ်ဆွေတစ်ဦးစင်ကာပူရောက်လာပါသည်။ ၂၀၀၅ ခုနှစ်လောက်ဖြစ်သည်။ မြန်မာပြည်တွင် ပေးကမ်းခြင်းသည်အောင်မြင်သည်ဟု ဆိုသည်။  
“ဘာလုပ်ချင်သလဲ။ ပတ်စပို့၊ကားမောင်းလိုင်စင်၊ မွေးစာရင်း၊ မှတ်ပုံတင် စတဲ့နိုင်ငံခြားရောက်မြန်မာများ လိုတဲ့အရာများ၊ပြည်တွင်းမြန်မာများရဲ့ လိုအပ်ချက်များစွာ စီးပွားရေး၊  ပညာရေး၊ လူမှုရေး၊ ဘာသာရေး အစုံပဲ .. တခုတော့ရှိတယ်။ လူမှန်ကိုပေးတတ်ဖို့ အရေးကြီးတယ် ..” ဟု ပြောသည်။ 
မြန်မာပြည် နိုင်ငံတကာ လာဘ်စားမှုအညွှန်းတွင်နောက်ကျကျန်ခဲ့ပါသည်။ Transparency International (TI) အဖွဲ့ကြီးရဲ့ Corruption Perceptions Index (CPI) ကိုကြည့်ပါ။ သို့သော် အားငယ်စရာမရှိပါ။  

         လာဘ်စားမှုမှာ နိုင်ငံတိုင်းရှိသည်ဆိုပြီးမသိကျိုးကျွန် မလုပ်သင့်ပါ။ မြန်မာသမ္မတစီးပွားရေးအကြံပေး Dr. ဦးမြင့်က စာမျက်နှာ၂၀ Corruption စာတမ်းထုတ်ပြီး၊ အစိုးရနဲ့တိုင်းပြည်ကို ပွင့်လင်းစွာတင်ပြခဲ့ပါသည်။
အထက်ပါ ၀ီကီပီဒီယာစွယ်စုံကျမ်းအရအရှေ့တောင်အာရှ ထိပ်ဆုံး၎နိုင်ငံ (စင်ကာပူ၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်း) ဖြစ်သည်။မြန်မာနိုင်ငံလည်း ၂၀နှစ်အတွင်း ကိုးရီးယား၊ ထိုင်း နှစ်နိုင်ငံလူနေမှုအဆင့်ရောက်လာရန် မျှော်လင့်ပါသည်။ တရုတ်လူနေမှု အဆင့်နိုမ့်သောကြောင့်သာတရုတ်များ၊ မြန်မာပြည်လာအလုပ်လုပ်နေခြင်းဖြစ်သည်။ မြန်မာများ တရုတ်ပြည် သွားအလုပ်မလုပ်ကြပါ။
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲခြင်းကိုအာစီယံနိုင်ငံများအကူအညီ၊ ဒေသအတွေ့အကြုံ နှင့်သာ လုပ်ရပါမည်။ Investment အတွက်ဂျပန်၊ အမေရိကန်၊ ဥရောပနိုင်ငံများ ရင်းနှီးမြုတ်နှံရန် ဖြစ်သည်။ တရုပ်၊ အိန္ဒိယ ကုမ္ပ္ပဏီများအားကိုး ခြင်းဖြင့် ရေရှည်မဖြစ်နိုင်ပါ။ ထိုအလုပ်မှာနိုင်ငံတော်အစိုးရအလုပ်ဖြစ်ပါသည်။

နိုင်ငံသားများ အချင်းချင်း လာဘ်မစားကြရန်

မြန်မာများစွာ စင်ကာပူမှာအလုပ်လုပ်ကြပါသည်။ မြန်မာများစွာရှိသော စင်ကာပူနိုင်ငံ လာဘ်စားမှုအနည်းဆုံးကမ္ဘာ့နံပါတ်(၁) ဂုဏ်ယူစရာဖြစ်၏။ အမေရိကန်၊ ဂျပန်များတွင် အလုပ်လုပ်ကိုင်သောမြန်မာများ ထိုနိုင်ငံများတွင် မှတ်ပုံတင်၊ ပတ်စပို့လုပ်ရန် ပေးကမ်းဖို့မလိုပါ။စင်ကာပူနှင့် ထိုင်း၊မလေးရှားတို့တွင်ပင် ပေးကမ်းစရာမလိုပါ။ မပေးလျှင်အဆင်မပြေမှာ ကြောက်သောကြောင့် ပေးကမ်းနေရသော အကျင့်များကို တဦးစီပြုပြင်ပြောင်လဲခြင်း လုပ်ရန်လိုပါသည်။ တောင်းတိုင်းလဲ မပေးရန်။ ကြောက်ပြီးလဲ မပေးရန်။ပေးလေ .. ဆိုးလေ ဖြစ်တတ်ပါသည်။
နိုင်ငံတကာစီးပွားရေးမှကိုယ့်မိသားစုစီးပွားရေးသို့
ဘတ်ဂျက်ဆိုသည်မှာ လူတိုင်းသိပါသည်။စနစ်တကျသုံးစွဲခြင်းဖြစ်သကဲ့သို့၊ စနစ်တကျ ၀င်ငွေရှာခြင်းလည်းဖြစ်ပါသည်။ကျွန်ုပ် ငွေကြေးပညာရှင်တစ်ဦး မဟုတ်ပါ။ မိမိကိုယ်တိုင်ပင် ငွေကြေးမချမ်းသာ၊အဆင်မပြေသော်လည်း၊ မိမိစားဝတ်နေရေးအတွက်တော့ မပူပင်ရပါ။  မိမိဘ၀နှင့်ယှဉ်ပြီးဘတ်ဂျက်အကြောင်းအနည်းငယ်ရေးပါမည်။
စိတ်ဝင်စားစရာကောင်းသော တရုတ်၊ အမေရိကားဘတ်ဂျတ် ကာတွန်းပုံများကိုကြည့်ပါ။
   တရုတ်သမ္မတကြီးအမေရိကန်သို့၂၀၁၁ လာရောက်လည်ပတ်စဉ်၊ အမေရိကန်သမ္မတ အိုဘားမားနှင့်ဆွေးနွေးခဲ့သည်။ အမေရိကန်ကတရုပ်ထံမှ ငွေချေး (အမေရိကန်အစိုးရပိုင် ဘွန်း (ငွေချေးစာချုပ်) များကိုရောင်းချခြင်း) နည်းမျိုးစုံဖြင့် ငွေအခက်အခဲဖြေရှင်းရန်၊ သို့မဟုတ်ပါက(စစ်အင်အားပြပြီး) နယ်မြေလုံခြုံရေးအတွက် ခက်ခဲလာမည် ဟု သံတမန်နည်းဖြင့်ပြောဆိုနေရပါသည်။
တရုတ်နိုင်ငံတခါးဖွင့်ဝါဒကျင့်သုံးပြီးနောက် အမေရိကန်နှင့်ကုန်သွယ်ခဲ့ရာ၊ နှစ်စဉ်အမေရိကန်တို့ကုန်သွယ်လိုငွေ ပြခဲ့သည်။ အမေရိကန်၊ ဂျပန်ငွေရင်းနှီးဖြင့် တရုတ်ထုတ်ကုန်များစွာအမေရိကန် သို့ ပို့ခဲ့သည်။ တရုပ်ပြည်က ကုန်သွယ်မှု အသာစီးရခဲ့သည်။ ယခုအခါ အစိုးရ၂ခုနှိုင်းယှဉ်ပါက အမေရိကန်အစိုးရမှာ လိုငွေ ၁၃ ထရီလီယံရှိနေပါသည်။ တရုပ်မှာငွေအများပြား ပိုလျှံနေပါသည်။
 ဘတ်ဂျတ်
အမေရိကန် ၂၀၁၀ ဘတ်ဂျတ်အရ အမေရိကန်သည်ဝင်ငွေ 2.162 Trillion, သုံးငွေ 3.456 Trillion နှင့် အကြွေး (Gross ExternalDebt) 14.390 Trillion ရှိနေပါသည်။ တရုပ်နိုင်ငံ သည် ၀င်ငွေ 1.149 Trillion,သုံးငွေ 1.270 Trillion နှင့် အကြွေး 0.406 Trillion သာ ရှိပါသည်။တရုပ်အရံငွေကြေးသည် 3.05 Trillion ရှိပြီး ကမ္ဘာ့တွင် နံပါတ်(၁)ဖြစ်သည်။
အမေရိကန် အကြွေးစာရင်းကိုကြည့်ပါကလွန်ခဲ့သော ၁၉၄၀မှ ၁၉၈၅အထိ ပုံမှန်ဖြစ်ခဲ့သည်။ အစိုးရ၀င်ငွေ၏ ၂၀ရာနှုန်းခန့်အတွင်းထိန်းထားနိုင်သည်။ နောက်ပိုင်းတွင် အကြွေးထူလာခဲ့ရာ ၂၀၁၀ တွင် အမေရိကန် GDPတစ်နိုင်ငံလုံးထုတ်ကုန်၏ ၉၉% (အစိုးရဘတ်ဂျတ်ဝင်ငွေ၏ ၇၀၀%) အထိ ဆိုးဝါးလာခဲ့သည်။ဥရောပ ဂျာမဏီ၊အင်္ဂလိပ်၊ပြင်သစ်၊အီတလီ များလည်း အကြွေး % အမေရိကန်ထက်ပိုသော်လည်း၊သူတို့သည် စုပေါင်းကာကွယ်သောစနစ် EU System ကြောင့်မဆိုးရွားလှသေးပေ။
အကြွေးပြည်ထောင်စု မြန်မာနိုင်ငံတော်
နိုင်ငံဆင်းရဲလွန်းသောကြောင့်မြန်မာနိုင်ငံသည် ပြည်ပကြွေးများကို မပေးနိုင်တော့ပါဟု ၁၉၈၇ LDC Least DevelopedCountry အဖြစ် ကြေငြာခဲ့ရသည်။ အကြွေးရှင်နိုင်ငံများကလည်း အရစ်ကျဆပ်ငွေ မတောင်းပဲနေခဲ့ သည်မှာ ကြာပြီဖြစ်သည်။ ချမ်းသာသော ဂရိနိုင်ငံသည် လည်း အကြွေးမပေးနိုင်တော့ဟု(ဒေ၀ါလီ Bankrupt) ကြေငြာခဲ့ရပါသည်။ ဂရိနိုင်ငံကို လေ့လာကြည့်ပါက လူ၊ ကုမဏ္ဍီများငွေရှိလျှက် အခွန်မပေးဘဲနေကြရာမှ၊ နိုင်ငံခြားငွေ လက်ကျန် မရှိသလောက် 7 Billionsonly left, ဖြစ်သွားပြီး  ငွေချေးမည့်နိုင်ငံလည်း မရှိတော့ သောကြောင့်နိုင်ငံတကာမှကူညီခဲ့ရသည်။
သမ္မတစီးပွားရေးအကြံပေး Dr. ဦးမြင့်စာတမ်းအရ ဒက်ခ်ျရောဂါ မြန်မာပြည်တွင် ရနိုင်သည်။ ဓါတ်ငွေ့ တစ်ခုတည်း၊၀င်ငွေတဖက်သက်ရရှိပြီး၊ အခြားစီးပွားရေးလုပ်ငန်းများ လစ်ဟင်း သွားခြင်း ကိုထောက်ပြထားပါသည်။  မြန်မာနိုင်ငံ၏ ဘတ်ဂျတ်ကို တရုတ်နိုင်ငံကဲ့သို့ ထုတ်ဖေါ်ဆွေးနွေးခွင့်မပြုပါ။ ယခုအခါ အစိုးရသစ်လွှတ်တော်တွင်လည်း ဆွေးနွေးခွင့် ပိတ်ပင်ပါသည်။ မည်ကဲ့သို့ အဆင်းရဲဆုံးအစိုးရအဆင့်မှ တရုတ်ကဲ့သို့လွတ်မြောက်၊အောင်မြင်နိုင်မည်နည်း…။
(တရုတ်ဗဟိုအစိုးရချမ်းသာသော်လည်း တရုတ်ပြည်နယ်အစိုးရများမှာဆင်းရဲလှသည်။)
တစ်နည်းသာရှိပါသည်။  တရုတ်၊ကိုးရီးယားကဲ့သို့ လာဘ်စားသောအစိုးရအဖြစ်မှ လွတ်မြောက်ရန် ဦးစွာလုပ်ဆောင် ရပါမည်။ ပြီးမှ နိုင်ငံခြား ရင်းနှီးမြုတ်နှံ လာပြီး အစိုးရကိုယ်တိုင်ချွေတာ စုဆောင်းရပါမည်။ အမေရိကန်နှင့်အဆင်ပြေအောင်လုပ်ရပါမည်။ Dr.ဦးမြင့်ကလည်း Corruption စာတမ်းကို အဓိကရေးသား၊ ပြောကြားခဲ့ပါသည်။
ကိုယ့်အားကိုယ်ကိုး ကိုယ်ပိုင်ငွေကြေးPersonal Finance
ငွေကြေးဆိုင်ရာ အဆင်မပြေမှုသည်မိသားစုပြသနာများတွင်ရာနှုန်းအမြင့်ဆုံး ဖြစ်ပါသည်။ ဘဏ်များမှပြည်သူလူထုထံသို့ ငွေချွေတာစုဆောင်းနည်း အမြဲပို့ချပါသည်။ လူများလည်း ရလျှင်၊ရသလို သုံးစွဲကြပါသည်။ ၉၀ရာနှုန်းသည် မိမိအငြိမ်းစားယူချိန်၊ အိမ်တစ်လုံးတော့စုဆောင်းမိအောင် မနည်း လုပ်ရပါသည်။ ၁ ရာနှုန်းသောသူများသာ ချွေတာစုဆောင်းတတ်ပြီးသူဌေးဖြစ်လာလေ့ ရှိပါသည်။ ထို့ကြောင့် လူအများစားဝတ်နေရေးမှာ အစိုးရတာဝန်သာဖြစ်ပါသည်။ သူဌေးအများစုမှာ ရောင့်ရဲတင်းတိမ်၊ စိတ်ရှည်သူများဖြစ်သည် ဟု Forbesမဂ္ဂဇင်းကဆိုသည်။ 
မိမိအတွက်ငွေကြေးဖြေရှင်းနည်း
အများစုမှာ ကံဇာတာပါမှ သူဌေးဖြစ်မယ်၊ငယ်တုန်းသုံးရတာပဲ ဆိုကာ အသုံးကြီးကြသည်။ စင်ကာပူတွင် အစိုးရက အတင်းအကြပ် CPFဖြင့်စုဆောင်းစေသောကြောင့် အချိန်တန်လျှင် အစိုးရရောင်းချသော HDBအိမ်ပိုင်ဖြစ်ရသည်။ မြန်မာများအဖို့ အိမ်ပိုင်ဖို့နေနေသာသာ၊ အခန်းခပင်ဈေးကြီးလှသည်။ သို့သော် မိမိဝင်ငွေကို စုဆောင်းနိုင်မှ၊ ငွေကြေးပြသနာကင်းရှင်းနိုင်မည်။ ၁နှစ်မျှ လစာ၏ ၁၀ရာနှုန်းကို မထိ၊မပွန်းစေပဲ သံန္နိဌာန်ဖြင့်စုဆောင်းကြည့်ပါ။ မိမိအိမ်ထောင်ဖက်က ငွေသုံးဖြုန်းတတ်လျှင် အိမ်ထောင်ဖက်ကိုပင် အသိမပေးဘဲစုဆောင်းရန်ဖြစ်သည်။ နောက်နှစ်တွင်လည်း ထိုစုဆောင်းငွေကိုမထိမပွန်းစေပါနှင့်။ ၃နှစ်ပြည့်သောအခါမှ ရောင့်ရဲတင်းတိန်၊ စိတ်ရှည်မှု အကျိုးကိုခံစားရမည်ဖြစ်သည်။
အထက်ပါ အစိုးရငွေကိုင်တွယ်ခြင်းတွင်ထုတ်ကုန်တန်ဖိုး၊ ဘတ်ဂျတ်၊ သုံးစွဲငွေ၊ အကြွေး ၊ စုဆောင်းငွေ (Reserved Money)စသဖြင့် ရှိပါသည်။ ကုမဏ္ဍီများလည်း အစိုးရကဲ့သို့ ဘတ်ဂျတ်နှင့် သွားရပါသည်။လူတစ်ယောက်၏ မိသားစု၊ ငွေကြေးအဆင်ပြေခြင်းမှာ (၁) နှစ်ဖြင့် မရပါ။ အနည်းဆုံး (၃)နှစ် ဘတ်ဂျတ်ဖြင့် ကျင့်သုံးရပါသည်။ ၃နှစ်ဆိုသည်မှာ ခဏပင်ဖြစ်သည်။ ၀င်ငွေ၊ သုံးငွေ၊အကြွေး၊ စုဆောင်းငွေ (Reserved Money) စသဖြင့် ရှိပါသည်။ အများအားဖြင့်မလိုအပ်သောအသုံးစရိတ် (ဇိမ်ခံ နေထိုင်၊ စားသောက်၊ ၀ယ်ချမ်း၊ ပေးကမ်း၊ခရီးသွားလာခြင်း) များကို ကျပ်တည်းခြင်းများကို ကျေနပ်နေရပါမည်။
နိဂုံး
ကျွန်ုပ်၏ အနှစ်၂၀ကြာပြီဖြစ်သော၊ကိုယ်ပိုင်ငွေကြေးအခက်အခဲများကို မူတည်ပြီး၊ ရေးသားပါသည်။ ၂၁ရာစု ပြုပြင်ပြောင်းလဲခြင်းသည်စစ်တိုက်၊အကြမ်းဖက်ခြင်းမဟုတ်တော့ပါ။ မှန်ကန်သောချွေတာသုံးစွဲမှုဖြင့်အမျိုးသားရေး (မိသားစုအရေး) စိတ်ဓါတ် (ATTITUDE) ဖြင့်လုပ်ဆောင်လျှင်၊မိမိပါစင်နယ်အကျိုးခံစားရမည်ဖြစ်ပါသည်။
တရားသောပေးကမ်း၊ ကူညီခြင်းများဖြင့်ကိုယ်၊စိတ်၊၀ိညာဉ် ရွင်လမ်းချမ်းမြေ့ပါစေ။
ဇော်အောင် (မုံရွာ)
15-Oct-2011

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts