>News & Media

>

ပုဇွန်တောင် လမ်း (၅၀) မီးထွန်းပွဲ
ရန်ကုန်၊ အောက်တိုဘာ ၁၄၊ ၂၀၁၁
တာရာဝေယံ


ကာတွန်းလက်ရာတွေကို ဗီနိုင်းစပေါ်မှာ ဖော်ပြထားတဲ့ သီတင်းကျွတ် မီးထွန်းပွဲတော်တခုကို ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ လမ်း (၅၀) အလယ်ဘလောက်မှာ အောက်တိုဘာ ၁၁၊ ၁၂၊ ၁၃ ရက်တွေမှာ ကျင်းပခဲ့ပါတယ်။

ခင်းကျင်းပြသထားတဲ့ ကာတွန်းလက်ရာတွေကို ငေးမောကြည့်နေကြတဲ့ ပရိတ်သတ်တွေဟာ အပြုံးကိုယ်စီနဲ့ အပျော်တွေ ပွေ့ပိုက်စားရသလို မြင်တွေ့နေရပါတယ်။ တချို့က လမ်းလျှောက်ရင်း ငေးတယ်။ တချို့က မတ်တပ်ရပ်ရင်း ငေးတယ်။ တချို့က ခိုးခိုးခစ်ခစ်နဲ့ အသံမထွက်အောင် ကျိတ်ရီနေကြပါတယ်။ တချို့က အော်ပြီး ဖတ်ရင်းက အသံထွက်အောင် ရီလိုက်ကြပါတယ်။ ကလေးငယ် ၊ အဖိုးအို၊ အဖွားအို၊ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမတွေလည်း စိတ်ဝင်တစားနဲ့ တိုးဝှေ့ငေးမောနေကြတာကို မြင်တွေ့ရပါတယ်။

ကာတွန်း မီးထွန်းပွဲမှာ ဆရာဦးစိတ်၊ တင်အောင်နီ၊ ငွေကြည်၊ မြေဇာ၊ ကိုရွှေထူး၊ အော်ပီကျယ်၊ ကာတွန်းဝင်းအောင်၊ ဟာမိုနီ၊ ဇော်မောင်၊ မျိုးမျိုး၊ အာကာ၊ ကျော်သူရှိန် စတဲ့ ကာတွန်းဆရာတွေရဲ့လက်ရာတွေကို ပြသာထားပါတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ သွင်ပြင်လက္ခဏာတွေကို ဓာတ်မှတ်ရိုက်ပြသလို ဖောက်ထွင်းမြင်နိုင်စေခဲ့တဲ့ လက်ရာတွေကို ခံစားကြည့်စေချင်ပါတယ်။

ပုဇွန်တောင် လမ်း (၅၀) မီးထွန်းပွဲတော်မှ ကာတွန်းများ



























သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts