>Ni Lwin Thwe (Da tha ni Ka) – Poem

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မြတ်သောဆရာ
နီလွင်သွေး (ဒဿနိက)
အောက်တိုဘာ ၉၊ ၂၀၁၁


အနစ်အနာ
စေတနာနဲ့
ဝါသနာပါ
နာသုံးနာနဲ့
ဆရာအဖြစ်ကို ရခဲ့ ။

မြေဖြူတချောင်းလို
ကိုယ့်ကိုယ်ကိုတိုက်စားခံရင်း
သင်ကြားခြင်းအတတ်ပညာနဲ့
ပညာ စရာဏ
ဘဝထိုထိုကို
ညွန်းဆိုသင်ပြ
ဘဝများစွာကို လင်းလက်တောက်ပစေခဲ့
မြင့်မြတ်သောဆရာ ။

တပည့်မရှား
တပြားမရှိ
ပီတိကိုစားအားရှိ
ဆိုရိုးစကား
နှလုံးသားအလှတရားဖြင့်
မြင့်မြတ်သောဆရာ ။

မြတ်သောဆရာ
သင်ရာညွှန်လတ်
ခွဲခြားတတ်ရန်
အမှန်နဲ့ အမှား
အလင်းနဲ့ အမှောင်
အကောင်းနဲ့ အဆိုး
အဖြူနဲ့ အမဲ
သဲသဲကွဲကွဲ
စွဲမြဲနာယူ
အယူဖြောင့်ခဲ့ ။

ဆရာ့ကျေးဇူး
အထူးထူးကို
ကြည်နူးချမ့်မြေ့
မမေ့ဘယ်ခါ
လက်နှစ်ဖြာကို
ထိပ်မှာမိုးလျှက်
ရှိခိုးပူဇော်ကန်တော့၏ ။ ။


(မူလတန်းကျောင်းသားဘ၀မှ တက္ကသိုလ်ပညာအဆင့်မြင့်တန်းအထိ ဆိုဆုံးမသင်ကြားပေးခဲ့သော သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာ ဆရာမအပေါင်းတို့အား ဤကဗျာဖြင့် ရိုးခိုးပူဇော်ကန်တော့ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts