>Mar Mar Aye, 396

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၉၆)
မာမာအေး
အောက်တိုဘာ ၂၊ ၂၀၁၁


BBC က အသံလွှင့်ခဲ့သည့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ရှေ့ကြာသပတေးနေ့က ကိုယ်တိုင်ရေး မြန်မာဖြစ်သီချင်းတွေ ပြန်လည် တွင်ကျယ်စွာ ရေးဖြစ်ဖို့ နည်းလမ်းတခုအဖြစ် အကြံပြုခဲ့တဲ့ စီမံချက်ထဲက အရေးပါတဲ့ အကြောင်းအရာတချို့ကို ကေါက်နှုတ် ပြောပြခဲ့တာပါရှင်။ မြန်မာနိုင်ငံ ဂီတပညာရှင်များအဖွဲ့ချုပ်ရဲ့ လုပ်တခုပါ။ ကိုယ်ပိုင်ဥာဏ် ကိုယ်ပိုင်အတွေးနဲ့ ကိုယ်တိုင်ရေးတဲ့ မြန်မာအသွေး မြန်မာ့အဆင်အဆန်းနုယဉ်တွေ ဆက်လက် ရှင်သန်နိုင်အောင် အကျိုးဆောင်ဘို့ ရည်စူးရိုးအမှန်၊ သစ္စာခံပြီး ပြောရဲပါတယ်။

အဲဒီသတင်းဂယက်တွေဟာ လူငယ် ဂီတအုပ်စုတွေထံ အမှန်အကန် ပြန်မရောက်ခဲ့ဘဲ သဘောကွဲစေမယ့် စကါးသံ၊ “မင်းတို့ကြားတယ်မှုတ်လား၊ ကေါ်ပီတွေပိတ်ပါလို့ စာတင်ထားပြီးပြီ၊ စိစစ်ရေး ဆင်ဆာမှာ အဖွဲ့ချုပ်လဲ ပါမှာ။ အမိန့်ဘဲ စေါင့်နေတာ – အဲဒါ မထွက်လာခင် လိုက်ကြမှပေါ့” ဆိုတာတွေ ကေါဠာဟလ ကြားလာရတယ်။ ဂီတစီမံချက်ဟာ ဒီနေ့ ကျတော့မလိုလို၊ ဟိုနေ့ ကျလာမလိုလိုနဲ့ စောင့်ရင်းစောင့်ရင်း ပျက်ပြယ်သွားပြီ။ လူကြီးမင်းတွေရဲ့ ရင်သွေးတော်တို့က တဆင့် ပူးဝင် ချေဖျက်ပေးခဲ့တယ် ဆိုတဲ့ သတင်း မမှန့်တမှန်ကို ပြန်ကြားခဲ့ရပါတယ်။ တကယ့်ကိုဘဲ ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ။ စိတ်ဆင်းရဲစရာတွေ မယုံစရာတွေ ဆက်တိုက် ၀င်တိုး အကျိုးမရှိတွေချည်းပါဘဲ။

“မဲခွဲဆောင်ရွက်ဖို့ လုပ်ပေးပါ” လို့ ဒုတိယ နောက်ဆုံး အာဏါအသုံးဆုံး စမတ်အကျဆုံး အုပ်ချုပ်သူ လူကြီးမင်း ဗိုလ်ချုပ်ကြီးထံက အမိန့်ရလာပါတယ်။ မြန်မာနိုင်ငံ ဂီတပညာရှင်များ အဖွဲ့ချုပ်ဟာ မှတ်ပုံတင် သက်တမ်း တိုးဖို့ရာ ပျက်ကွက်တဲ့အတွက် ဖျက်သိမ်းပြီး “ဂီတအစည်းအရုံး” အဖြစ် ရွေးကောက်တင်မြှောက်နည်းနဲ့ အမှုဆောင်များ ရွေးချယ်ဆောင်ရွက်ဖို့တဲ့ရှင်။

အပြင်မှာလို လွတ်လွတ်လပ်လပ် ပြောကြေး ဆိုရင် အဖွဲ့မှ ဖျက်လိုက်ပြီ ဆိုတော့ တာဝန်ဆက်ပေးစရာ ဘာလိုတော့လဲ။ ရှင်တို့ဖါသာ လုပ်ချင်တာ ဆက်လုပ်လို့ ပြောချင်လှပေါ့ရှင်။ မာအေးရှေ့မှာ ဂီတလူကြီးတွေ ဥက္ကဋ္ဌတွေ ရှိနေတော့ ကျော်ပြီး ၀င်ပြောလို့ကလဲ မကေါင်း၊ ကိုယ့်ဂီတသမားတွေ ရှေ့က မားမားရပ် လူမိုက်လုပ်ခဲ့တဲ့ မာအေးမှာသါ ဒေါသက တချောင်းပြီးတချောင်း ထွက်၊ စိတ်ကို ပျက်နေရောဘဲ။ စဉ်းစားကြည့်ပါဦး၊ “ဂီတ”မှာ ပါဝင်တဲ့ ဆိုတာ၊ တီးတာ၊ ရေးတာ ဒီသုံးခုမှာ တခုခု ပြုလုပ်တတ်ဖို့ အဓိကပါ။ ဒါဆို ဂီတသမားတွေပေါ့။ “အက” ဆိုတာတောင် ဂီတထဲ သွင်းမထားဘူး။ အဲဒါကိုရှင် ဂီတအုပ်စုကိုလဲ ကါလပေါ်၊ စတီရီယို၊ မဟာဂီတ လို့ သုံးစုခွဲ ဖွဲ့စေတယ်။ တေးသံသွင်းဆိုင်များအဖွဲ့နဲ့ အသံချဲ့စက်နဲ့ အခမ်းအနားပြင်ဆင်တဲ့တဖွဲ့ – ဆိုတော့ အားလုံး အုပ်စု (၅)စုပေါ့၊

မာအေးက ဂီတအဖွဲ့အစည်းမှာ အဆို၊ အရေး၊ အတီး ပညာရှင်တွေသာ ပါဝင်ရပါမယ်၊ တေးသံသွင်းတို့ P.A အဖွဲ့တို့ဟာ ဂီတသမားတွေ မဟုတ်ပါဘူး၊ ပရိသဒ်နားကို ရောက်စေတဲ့ အကူအညီကိုဘဲ ပေးစွမ်းကြတာပါ လို့ ရွေးကေါက်ပွဲမှာ ရှုပ်ထွေးစေနိုင်တာတွေ မြင်လို့ တင်ပြဆွေးနွေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဂီတအစည်းအရုံး ပေါ်ပေါက်လာဖို့ အတွက် အနုပညာ တခြားအဖွဲ့အစည်းများပါ ဖိတ်ခေါ် ဆွေးနွေးကြတာ တပ်မတော် မှတ်တမ်းရုံးထဲမှာပါ။ ပါဝင်လာတာကို မကြိုက်တာ မဟုတ်ပါဘူး။ ဂီတသမား မဟုတ်တာတော့ မဟုတ်ဖူးလို့ဘဲ ပြောမှ ဖြစ်မှာမို့ ပြောရတာပါ။ ပြောတဲ့ နိဂုံးမှာတော့ ကျမတို့ ဂီတပညာရှင်များ အဖွဲ့ချုပ်ဟာ ကိုယ်လုပ်ရမယ့် တာဝန်တွေရော လူကြီးမင်းတို့ ပေးတဲ့ တာဝန်တချို့ကိုပါ ကျေပွန်သွားပြီ ဆိုတော့ ဖျက်ခိုင်းလိုက်တာပေါ့ လို့ ပြောမိလိုက်တယ် ဆိုရင်ဘဲ မျက်နှာကြီးက ရဲလို့ပေါ့ရှင်။ ဒီလိုတော့ မပြောနဲ့ဗျာ။ ကျနော်တို့လဲ လုပ်သင့်တာ တခုမို့ မအားတဲ့ကြားက ၀င်ပြောနေရတာပါ။ အဲဒီတော့ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ လုပ်စေချင်တဲ့အတိုင်းသာ လုပ်ပေးကြပါ၊ ဒါပါဘဲ တဲ့။ ပွဲက အပြတ်ဖြတ်တဲ့ပွဲပါဘဲ။ ဒီလို လူစုံစုံထဲ နောက်လဲ ပြောခွင့်က ရချင်မှ ရတော့မှာလေ၊ ပြောစရာရှိတာ ပြောတာပေါ့။ ကြေနပ်တာ မကြေနပ်တာက သူတို့ကိစ္စပါ။ ဒါပေမယ့် ထူးထူး ခြားခြား ဒေါ်မာမာအေး ကြေနပ်ရဲ့လား လို့ စင်ပေါ်ကနေတော့ လှန်းမေးရှာပါတယ်။ မာအေးရင်ထဲမှ ကျေမှ မကျေနပ်တာဘဲလေ။ မဖြေနိုင်ဘူး ဖြစ်နေတော့ ပြန်ကြည့်ပေးခဲ့လိုက်တာပေါ့။ နောက်တခါလဲ ထပ်ပြီးတော့ မေးပါတယ်။ မာအေး မဖြေလိုက်တော့ဘူး။ မာအေးတို့ကို အဖွဲ့ရုံးစိုက်ဖို့ လမ်းသစ်ရိပ်သာမှာ တိုက်ခန်းတခန်း ချပေးထားတာမှ ရက်ပိုင်းကလေး ရှိသေးတာရှင့်။ သင့်သင့်တင့်တင့် ဖွင့်ပွဲလေး ဘာလေး လုပ်ရမယ်၊ ဟို – ကွမ်းယာသယ်အခန်းက ပြောင်းခန်းတောင် မရောက်သေးဘူး။ ဖျက်ဟ ဖျက်ဟ ဆိုတော့ ဂီတစိတ်ကူးယဉ် အိပ်မက်ကလေး ထွက်ပြေးသွားလို့ ရင်ဆို့ဆို့ကြီး ခံရတယ်။

လူကြီးတွေလဲ စင်ပေါ်က ဆင်းသွားကြပြီ။ တန်းစီ ရယ်ပြနေတဲ့ အနိုင်ရတဲ့ မျက်နှာပေးတွေနဲ့ နှုတ်ဆက်လက်ပြနေတဲ့ ၀မ်းကွဲ ဂီတအုပ်စုဆီက စီကနဲ ညံကနဲ ရယ်ပွဲဖွဲ့သံတွေလဲ နားမခံချင်မိတော့ဘူး။ ဦးတယောက်ကတော့ ဖိုင်တွဲကြီး တခု ပိုက်လို့ လာပြလိုက်သေးတယ်။ စိတ်မကေါင်း မဖြစ်ပါနဲ့ မာမာအေးရယ်။ မာအေးတို့အဖွဲ့က အပြစ်ရှိလို့မှ မဟုတ်တာ။ မှတ်ပုံတင် ဆက်မတင်ဖြစ်လို့ပါ။ ဒီမှာ ကြည့်ကြည့်ပါ တဲ့။ ကျေးဇူးပါဘဲ။ ကျမ ဖိတ်သွားတဲ့နွားနို့ကို မနှမျောတတ်ပါဘူး ဆိုတဲ့ စကါးတခုလိုပါဘဲ လို့ တဟဲဟဲ လုပ်ပြလိုက်ပါတယ်။ စိတ်နာတယ် ဆိုတာ ဒါမျိုးလဲ ရှိသေးတာဘဲ လို့ သိရတဲ့အဖြစ်ပါဘဲ။ လူကြီးလုပ်တဲ့ ဗိုလ်ချုပ်ကြီးကလဲ စိတ် အတော်ရှည်ရှာတယ်။ အပြန်လမ်းအ၀မှာ အားလုံးကို စေါင့်စား နှုတ်ဆက်နေလေရဲ့။ ဒေါသကိုသိမ်း, ပြန်တော့မယ့်ကြံကာမှ၊ ကြံရာပါ စတီရီယိုမလေး၊ သူ့အိမ်မှာ အစည်းအဝေးတွေလုပ်၊ ဘာလုပ်နဲ့ဟာပေါ့။ မသိယောင်ဆောင်နေရတဲ့ မာအေးကို လာ အားပေးရှာတယ်။

“ဒီလိုဖြစ်ရတာ စိတ်မကောင်းပါဘူး အံတီအေးရယ်” တဲ့။ “ရပါတယ်၊ အတော်ဘဲအေ၊ ညည်းတို့ခေါင်းဆောင်ကြီး စတီရီယိုဘိုးအေ ဆိုတဲ့သူကို ပြောလိုက်ပါ၊ ဈာပနဖြစ်တောင် ခွင့်မလွှတ်ဘူး၊ လိုက်မပို့ဘူး၊ ကိုယ့်ကိစ္စဖြစ်လဲ မလာခဲ့ပါနဲ့ လို့ ဆက်ဆက်ပြောပေးပါ” လို့ မှာလိုက်ပါတယ်။ ခလေးမက ပါးစပ် ပြန်မဟခင် ထွက်လာလိုက်တယ်လေ။

အထွက်ဝရောက်တော့ လူကြီးမင်းက ကျေနပ်ရဲ့လား မေးပြန်ရော။ “ရပါတယ် ဗိုလ်ချုပ်ရယ်၊ ကျနော်သာ ယောက်ျားကလေးဖြစ်ရင် ဗိုလ်ချုပ်တို့လို စစ်သား ဖြစ်မှာပါ” လို့ ပြောခဲ့ပြီး အပြေးထွက် ကါးပေါ်တက် မောင်းထွက်ခဲ့လိုက်တာ ဘယ်နှစ်မိုင်နှုန်းလဲတောင် သတိမရတော့ပါဘူးရှင်။

(စာစီစာရိုက် – မျိုးဇော်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts