>Photo News on Buffalo Flag Ceremony

>


ဒုတိယအကြိမ်မြောက်ဒီမိုကရေစီခွပ်ဒေါင်းအလံတင်ပွဲဘတ်ဖဲလိုး နယူးယောက်တွင်ကျင်းပ
ထက်ရာဇာ၊စက်တင်ဘာ
ဒုတိယအကြိမ်မြောက် ဒီမိုကရေစီခွပ်ဒေါင်းအလံတင်ပွဲအခန်းအနားကို(စက်တင်ဘာ ၂၄) မနေ့နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ရဲ့မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။




ပြောက်ကျားစစ်ဝတ်စုံဝတ်ဆင်ထားကြတဲ့(ABSDF) ကျောင်းသားတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က ဒီမိုကရေစီခွပ်ဒေါင်းအလံကို ဘတ်ဖဲလိုးမြို့ရဲ့မြို့တော်ခန်းမရှေ့အလံတိုင်မှာ မြန်မာနိုင်ငံတော်သီချင်းနဲ့ လွင့်တင်ခဲ့ကြပါတယ်။
ဒီအခန်းအနားကို ပြည်နယ်အသီးသီးက ဒီမိုကရေစီအင်အားစုစုစုပေါင်းအယောက် ၁၀၀ကျော် တက်ရောက်ခဲ့ကြပြီး ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်ခန်းမအလံတိုင်မှာအမေရိကန်အလံကိုဖြုတ်ပေးပြီး တရားဝင် ဒီမိုကရေစီခွပ်ဒေါင်းအလံကို လွင့်တင်နိုင်ခဲ့တာဒုတိယအကြိမ်မြောက်လဲ ဖြစ်ကြောင်းပါခင်ဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts