>Mar Mar Aye – 395

> “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၉၅)

လူငယ်လေးတဦးရဲ့သီချင်း
မာမာအေး
စက်တင်ဘာ ၂၄၊ ၂၀၁၁


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ပြီးခဲ့တဲ့တပါတ်က အစီအစဉ်မှာ အကြံပြုပြောပေးတဲ့အတိုင်း လိုက်နာ ကျိုးစားခဲ့တဲ့ လူငယ်လေးတဦးရဲ့ သီချင်းလေးတပုဒ် ဖြစ်လာတာကို ပြောပြခဲ့တာပါရှင်။ အဲဒီလိုဘဲ အရေးဖက်မှာ ၀ါသနာထုံတဲ့သူတိုင်းကို ကျိုးစား ရေးသီကြဘို့ တိုက်တွန်းမယ်၊ အပြုသဘောနဲ့ အားပေး နားထောင်မယ် ဆိုရင် ရေးသူဖက်က အားတက်လာမှာ ရေးဖွဲ့လာမှာပါ၊ စာလဲရေး-အသံလဲ ထည့်စပ် နိုင်တဲ့ ဂီတစာဆိုတွေ များလာခဲ့ရင် – ဘယ်နိုင်ငံက ဘာသီချင်းထုတ်နေတာလဲ စောင့်ကြည့်နေစရာတွေ သူများဦးမှာစိုးတာတွေ ဘယ်လိုတော့မလဲရှင်၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ဆိုဆို ကိုယ့်ရင်တွင်းဖြစ်စစ်စစ်တွေကို နားဝင်ချိုကြစို့လားနော။ နားထောင်တဲ့ ပရိသဒ်ကသာ ကိုယ့်ဂီတတွေဖက်ကို မကေါင်းကေါင်းကေါင်း၊ ကေါင်းကေါင်းကေါင်း၊ ကါကွယ်ထား၊ ရပ်ထားပေးမယ်ဆိုရင် ဗမာတေးသံသာ ပြန်လာရမှာပေါ့။

မာအေးရဲ့ အမြင်မှာတော့ အုပ်ချုပ်သူ လူကြီးမင်းများ လစ်လျူပြုထားသလို ဖြစ်နေသလားလို့ပါ။ ဘာကြောင့် အဲဒါမျိုး ထင်မိတာလဲ ဆိုတာ ပြောရရင်၊ နောက်ကြောင်း နည်းနည်းတော့ ပြန်ဦးမှရှင်။ မာအေး မီခဲ့တဲ့ ဖ.ဆ.ပ.လ ခေတ် အုပ်ချုပ်သူ လူကြီးမင်း ဦးနု ဦးဆောင်တဲ့အချိန်မှာ ဂီတဟာ အရေးကြီးတဲ့ ပွဲနေပွဲထိုင်နဲ့ သီးသန့် စိတ်အနားဖြေတဲ့ အချိန်မျိုးမှာ ပါဝင် ဖျော်ဖြေပေးရတာလောက်ပဲ ပြောပြထားပြီးသားတွေမို့ ပြန်စဉ်းစားကြည့်စေချင်ပါတယ်ရှင်။ ယှဉ်ကြည့်နိုင်လေ သဘောပေါက်လေနေမှာမို့ပါ။

အာဏါသိမ်းခံရပြီးတဲ့အချိန်မှာတော့ အုပ်ချုပ်သူလူကြီးမင်း ဆိုတာဟာ နံပါတ်ဝမ်းကြီးလို့ သိထားကြတဲ့ စစ်ဗိုလ်ချုပ်ကြီးပေါ့။ နံပါတ်ဝမ်းကြီးမှာ “မဟာဂီတမှ မဟာဗမာ့ဂီတ” လို့ ဆိုရလောက်အောင် ၀ါသနာရှိတဲ့ ယောက္ခမဆရာဝန်ကြီး ရှိပါတယ်။ အဲဒီ ဆရာဝန်ကြီးဟာ မဟာဂီတကျွမ်းတဲ့ ဂီတမိခင်ကြီးတဦး အပါအ၀င် ၀ဏ္ဏကျော်ထင် ဒေါ်အောင်ကြည် နေထိုင်ရာ ဂေါ်ဒွင်လမ်းက ယဉ်ကျေးမှု ရိပ်မြုံဝိုင်းထဲက နေအိမ်ကို အားလပ်တဲ့အချိန်တိုင်း သီချင်းတက်ယူတာမျိုး၊ ရပြီးသီချင်းတွေ လေ့ကျင့်တာမျိုးအတွက် သွားရောက်လေ့ရှိပါတယ်။ ဒါကြောင့် အမေ ဒေါ်အောင်ကြည်ရဲ့ သားတပည့်များဖြစ်တဲ့ ဂီတလုင် မောင်ကိုကို အပါအ၀င် ဂီတလူငယ်တွေနဲ့လဲ ရင်းနှီးခဲ့ပါတယ်။ ဆရာဝန်ကြီးနည်းတူ မိသားစုကလဲ ဖခင် ၀ါသနာမှီးယူလို့ ဆိုသူဆို၊ တီးသူတီး ဖြစ်ကြတဲ့အခါ၊ နံပါတ်ဝမ်းကြီးနဲ့ သူ့မဟေသီလဲ ပါခဲ့တာပေါ့ရှင်၊ မိသားစုအရှင် သခင် ဖခင်ရဲ့ဆရာဖြစ်တဲ့အပြင် ကြည်ကြည်လင်လင် သီလစင်ကြယ်တဲ့ အဖွားအရွယ် အမေအရွယ်မို့တကြောင်း၊ ရှားပါးတဲ့ဂီတနွယ်ဝင် ပညာရှင်လဲဖြစ်တာမို့တကြောင်း စောင့်ရှောက်ကြကြောင်း လေးစားခဲ့ကြောင်း သိရှိရပါတယ်။ အမေဒေါ်အောင်ကြည်ရဲ့ စကါး ဆောင်ရင် အောင်တယ် ပြောပါတော့။

ဒါပေမယ့်လဲ လူငယ် ဂစ်တာအဖွဲ့တွေကို ရှေ့တန်းတင် ဦးစားပေးလိုက်ပြီးတဲ့ ကါလတပါးမှာတော့ အမေကြီးကိုယ်တိုင် အိမ်တိုင်ရာရောက် နံပါတ်ဝမ်းကြီး ၀င်းပေါက်ရှေ့အထိ သွားစောင့်တွေ့ခွင့် တောင်းခဲ့တာတောင် ရှောင်နေခဲ့ပါတယ်။ လုံးဝ တွေ့ဆုံခွင့် မရတော့ပါဘူး။

အမေကြီးကိုယ်တိုင် သွားစေါင့်ဖြစ်တာဟာ ဂီတကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမေ့တပည့်ကြီးတဦးက အကြံပြု ပူဆာတဲ့အတွက်ဖြစ်ပါတယ်။ ပြဿနာတခု ရှိနေလို့ပါဘဲ။ ကျိုက္ကစံကွင်းထဲက ‘ပြည်ထောင်စုအလံတော်ထားမယ့် စင်မြင့်ကြီး’ပေါ်မှာ နာမည်ကျော် စတီရီယိုတီးဝိုင်းတဖွဲ့ကို သီဆိုဖျော်ဖြေခွင့် ပေးလိုက်ကြောင်း သတင်းကြီး ကြားသိရလို့ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံဟာ နိုင်ငံရဲ့ အထွဋ်အမြတ် ရတနာကဲ့သို့ တိုင်းနဲ့ပြည်နယ်အသီးသီးကို ထွက်ချီ အလေးပြုခံနေဆဲဖြစ်ပါတယ်။ နိုင်ငံတော်အလံ မကြွရောက် မရပ်နားမီ ဘယ်အရာကမှ မသီသင့်ဘူး၊ ဒါကြောင့်မို့ နံပါတ်ဝမ်ကြီးထံ သွားရောက် တင်ပြ တားဆီးစေမယ်ပေါ့နော်။ ဂီတကေါင်စီရဲ့ သဘောထားက ဒါမျိုးပါ။ ကိုယ့်နိုင်ငံက အလေးအနက်ထားတဲ့ အလံတော်မြတ် ထားရမယ့် နေရာကိုမှ ဘာလို့များ စင်ပြိုင် အသုံးချခံချင်ရတာပါလိမ့်မလဲ လို့ တိုးတိုးတိတ်တိတ် သတင်းလိုက်ချိတ်ကြည့်တဲ့အခါ – – အလာလာ! ပြည်ထောင်စုပွဲသဘင် နွှဲဆင်ဖို့ရာ တည်ရဆောက်ရ လုပ်ငန်းအ၀၀မှာ အသပြာငွေဟာ – တယ်လဲ ကုန်ကျ ဆိုတာကိုး။ ငွေပြန်ဝင်နိုးနဲ့ ဇါတ်ခုံလှည့်ငှားကြည့်မလားလို့ ဆိုဘဲ။ အတော်ပွဲကျစရာကေါင်းတယ်နော်။ အဲဒီလို ကြုံရပြီ ဆိုကတည်းက မာအေးတို့ ဂီတဖက်မှာ လူကြီး ဆိုသူတွေ မျက်စေ့မကျတော့ဘူး။ စိတ်မ၀င်စားတော့ဘူးဆိုတာ သိနိုင်တယ်မဟုတ်လားရှင်။

ဒီလိုမြင်ခဲ့ပေမယ့် ဘယ်လိုဖြစ်လာလာပါ ကိုယ့်ဝါသနာ၊ ဂီတမဟာလမ်း သာယာစမ်းပါစေတော့လို့ ကိုယ်တွေလဲ ကျိုးစား၊ အများကိုလဲ စည်းရုံး၊ လူကြီးမင်း ဆိုသူတွေလဲ ပါဝင်ဦးမှဖြစ်မှာပါ လို့ စိတ်လျှော့ထားပါတယ်။ မာအေးတို့ အဖွဲ့ချုပ်ကို အကြံပေးစရာရှိပေး ဆိုတာကို ယုံစားတော့၊ ကိုယ့်ဖက်က သေချာတယ်မှတ်လို့ စီမံချက်လေးတခု စုစည်း တင်ပြမယ်လို့ ကျိုးစားခဲ့ဖူးပါတယ်။ မာအေးတို့မှာ မနာလိုစိတ် မရှိပါ။ ကူလို့ရတာ ကူပေးဖို့သာ ဓိဋ္ဌာန်ထားပြီးသူတွေပါလို့ ဆိုပါရစေရှင်။

အကြမ်းဖျဉ်းပြောရရင် သီချင်းခွေတခွေ ဆိုပါတော့၊ မာအေးက ကက်ဆက်ခေတ်က အကြောင်းလေး ရောက်နေတာမို့လို့ သီချင်းအခွေနဲ့တိုင်းပြီးပြောမှဖြစ်ပါမယ်၊ အဲ – တခွေမှာ မြန်မာသံဓါတ်ပြား သီချင်းပုံစမျိုး ဆိုရင် တဖက်ကို သီချင်း (၆) မိနစ်စာ သီချင်း (၅) ပုဒ် ၀င်ဆန့်ပါတယ်။ မြန်မာနိုင်ငံပိုင် အသံလွှင့်ဌာနကြီး မြန်မာ့အသံမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ မြန်မာတီးဝိုင်းတွေ အသံမလွှင့်နိုင်တော့ ကက်ဆက်ခွေတွေမှာ ပေါ်လစီ နိုင်ငံအကျိုးပြု သီချင်းတပုဒ် ပါပါပစေလို့ နှုတ်မိန့်အတိုင်း ထည့်သွင်းစေတာကို ဆက်လက် တည်စေပေါ့ရှင်။

ကေါ်ပီသီချင်းခွေမျိုး ဆိုရင် သီချင်း ဆယ့်လေးငါးပုဒ်လောက် ၀င်ဆန့်ပါတယ်။ အဲဒီဖက်ကျတော့ ကိုယ်တိုင် ရေးသား စပ်ဆိုသော သီချင်း မြန်မာသံဖြစ်စေ ဘိုသံဖြစ်စေ (လေးပုံတပုံ) ထည့်သွင်းရမယ်ပေါ့ရှင်။

ပင်ကိုယ်ရေးလိုသူတွေမှာ အခက်အခဲ မရှိရအောင် သီချင်းရေးနည်းသင်တန်း ဖွင့်ပေးမယ်၊ သီချင်းဆိုတဲ့သူတွေ စာလုံး ပီသအောင် စာတွဲဘို့ ခွဲဘို့တွေ နားလည်အောင် အဆိုသင်တန်းတွေ ဖွင့်ပေးမယ်ပေါ့ရှင်။

ဒီလိုနဲ့ လေးပုံတပုံကနေ တ၀က်၊ တ၀က်ကနေ သုံးပုံ နှစ်ပုံ၊ ပြီးတော့ ရာနှုန်းပြည့် တဖြေးဖြေး ပြန်ဆွဲယူဖို့ အကြောင်း အကြံပေးစာ ပို့ထားလိုက်ပြီး သတင်းစေါင့်ရတုန်း ကက်ဆက်ပေါ်လစီသီချင်းအဖြစ် စန္ဒရားချစ်ဆွေက “အနောက်သွားလျက် အရှေ့ရောက်သူ” နာမည်နဲ့ ရေးပြခဲ့တာလေး နားထောင်ကြတာပေါ့နော်။

xxx အရှေ့သားက အရှေ့စကါး အရှေ့တရားကို မနှစ်မြို့ နှစ်ချို့လို့ ထင်တယ်၊ ဂရုဏါကင်း လူ့တဏှာတွင်း၊ လုကါဆင်းတဲ့ အနောက်ကိုမှ လျှောက်လိုကြ ရောက်လိုကြလေတယ် xxx
အနှစ်မရှိ ဗလာထည် စစ်ကြည့်ပါမှ အကါဆို အကါဘဲကွယ် xxx အပေါ်ယံ ရွှေမှုံကြဲ အထဲမှာလဲ မရှုရဲစရာကွယ်၊ အစဉ် ညှီလျက် ပဉ္စသီပျက်တဲ့ အလှနတ်မယ်၊ ဘ၀အသွယ်သွယ်၊ အပြတကယ်ရှုတော့ အပါယ်မှုဖက်မျှားဆွယ် xxx ဓမ္မတရား အလှပွားရာ အရှေ့ကိုကွယ် မပစ်ပယ်ပါနဲ့လား အရှေ့သားရယ် xxx အတွေ့မှားလို့ အရှေ့သါး အနောက်လျှောက်ကါလယ်၊ ဓလေ့စရိုက် ဘာသာတရားနယ်ခြေားတယ် မှားမယ် မှားမယ်ကွယ် xxx (အနောက်သွားလျက် အရှေ့ရောက်သူ)


BBC က အသံလွှင့်ခဲ့သည့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts