>d lET mYO – Nan Kan Ku Poem

>

နင့်ကျည်ဆံက ငါ့ကိုတည့်တည့်မှန်တယ် နန်းခမ်းကူ
ဒီလက်မျိုး၊ စက်တင်ဘာ ၂၁၊ ၂၀၁၁
ပစ်ချလိုက်တဲ့သေနတ်က
ချိုမြိန်လိုက်လေကွယ်
ဘ၀ကိုပြန်တွေးကြည့်တော့ ၃၈နှစ်ရှိပြီ။
လွမ်းစရာကောင်းတဲ့ ညများ
ပျော်စရာကောင်းတဲ့ ညများ
ကောင်းကင်က ယုန်ဆန်ဖွတ်တဲ့အဖိုးအို
မေမေရေ …
သား ဒီဘ၀ကြီးမှာနေလို့ကောင်းသေးရဲ့လား
ဧရာဝတီမြစ်ကြီးရေခမ်းနေပြီ
တိုင်းပြည်က မွဲပြာကြနေပြီ
လူတွေက ချွတ်ခြုံကြနေပြီ
ပျော်ပါးခွင့်ရှိသော ဘ၀များကတော့
ပျော်ပါးသောညများမှာ ပျော်ပါကိုကို။
မင်း အိုကေလား
မီးရောင်လင်းလက်သော ပါးရိုက်သံက
နားထဲကိုချိုသာစွာ စီးဝင်ပါရဲ့။
ဟေ့ …
ပြောဖို့မေ့သွားလို့
နန်းခမ်းကူပစ်တဲ့ကျည်ဆံကကျနော့်ကို တည့်တည့် မှန်တယ်ဆရာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts