>Burmese man in love triangle stabbed


>

မလေးရှားရောက် မြန်မာတဦး ဓားထိုးခံရ
thestar.com.my
စက်တင်ဘာ ၂၀၊ ၂၀၁၁


တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ Relau မြို့ ရန်ပွဲတခုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦး၏ ဓားချက် ၄ ချက် ထိသွားသော မြန်မာပြည်သားတဦးသည် ဆေးရုံသို့ ရောက်သွားသည်။
အမျိုးသမီးတဦးအတွက် ရန်ဖြစ်ကြခြင်း ဖြစ်သည်။

နှစ်ယောက်စလုံး အသက် ၃၀ ကျော်အရွယ် ဖြစ်ပြီး အင်ဒိုနီးရှားအမျိုးသမီးတဦးအတွက် ကတောက်ကဆ ဖြစ်ကြသည်ဟု သိရသည်။

လူနေအိမ်ခန်းတခုတွင် ဖြစ်ပွားသည့် ရန်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်အမျိုးသားက ဓားဖြင့် ထိုးသဖြင့် မြန်မာအမျိုးသား၏ ပုခုံး၊ ကျော၊ ချိုင်းတို့တွင် ဒဏ်ရာ ရရှိသွားသည်။

ယခုအခါ မြန်မာအမျိုးသားသည် Penang ဆေးရုံတွင် ရောက်ရှိနေကြောင်း၊ ဒဏ်ရာအခြေအနေ စိုးရိမ်ဖွယ် မရှိတော့ကြောင်း George Town ရဲစခန်း အရာရှိ Kong Meng က ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts