>ြBurmese Internet open its blocked sites again

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မြန်မာအင်တာနက် ပိတ်လိုက်၊ ပွင့်လိုက် ဖြစ်နေပြန်
ခင်နှင်းလွင်၊ စက်တင်ဘာ ၁၆၊ ၂၀၁၁
မြန်မာဆက်သွယ်ရေး၏MPT အင်တာနက်ဝန်ဆောင်မှုက ၎င်းပိတ်ဆို့ထားသော ပြည်ပ၀က်ဆိုက်များကို ပြန်လည် ဖွင့်ပေးထားပြန်ကြောင်းပြည်တွင်းအင်တာနက်နှင့် ဖေ့ဘွတ်သုံးစွဲသူများက ပြောကြားလိုက်သည်။
စက်တင်ဘာ ၁၂က စတင်ပြီးယခင်ပိတ်ထားသော Blogspot, YouTube ဒိုမိန်းများ၊ ပြည်ပသတင်းဌာနများ၏ အင်တာနက်စာမျက်နှာများမှာအတားအဆီးကျော်ခွာစရာမလို ပွင့်နေကြောင်း စာဖတ်သူအချို့က သတင်းပေးလာသည်ကို တွေ့ရသည်။
 “မဇ္ဖျိမ ၊ ဧရာဝတီနှင့် အခြား စီအင်အင်တို့လို သတင်းဝက်ဆိုဒ်မျိုးတွေပွင့်နေတယ်။ ကျနော်လဲ ညနေကမှ ဖေ့စ်ဘွတ်တက်ကြည့်တော့ သူငယ်ချင်းတယောက် တင်ထားတာ တွေ့လို့ဖွင့်ကြည့်တာ။ ” ဟု ရန်ကုန်မြို့မှ မြန်မာ့ ဆက်သွယ်ရေး MPT အွန်လိုင်းသုံးစွဲသူ တစ်ဥိးကပြောပြသည်။
နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်ပြုလုပ်ကျင်းပသော ယနေ့ကျင်းပသည့် ဒိမိုကရေစီနေ့ (စက်တင်ဘာ ၁၅၊ ၂၀၁၁) တွင် ယခုလို အွန်လိုင်းအင်တာနက်များ ပွင့်လာခြင်း အပေါ် ဘလော့ဂါတစ်ဥိးက
 “ ခဏခဏ ဒီလိုဖြစ်နေတာပဲ။ သုံးလေးရက် ဖွင့်လိုက်။နောက် ပြန်ပိတ်သွားရော။ ညဥ့်နက်ပိုင်းရောက်မှ ကွန်နက်ရှင်ကမြန်တော့ အားလုံအတွက် အဆင်မပြေဘူး။ဘာပဲဖြစ်ဖြစ် ဒီတခါတော့ ပြန်မပိတ်ဘဲ ဆက်ဖွင့်ထားရင် ပိုကောင်းမှာပေါ့”
လို့ သူ့အမြင်ကိုရှင်းပြသည်။
          “ပြည်ပက မြန်မာရေဒီယိုဝက်ဆိုက်တွေဖြစ်တဲ့ဒီဗီဘီ၊ ဗီအိုအေ၊ အာရ်အက်ဖ်အေ၊ ဘီဘီစီ မြန်မာပိုင်း စတာတွေ ပွင့်နေတယ်။ ခင်ဗျားတို့မိုးမခလည်း သွားလို့ရတယ်။ ” လို့ တယောက်က စာရေးပြီး ပြောသည်။
          လွန်ခဲ့သည့် သြဂုတ် လကုန်ပိုင်း ၁ ပတ်ကလည်းပိတ်ထားသော အင်တာနက်ဆိုက်များ ပွင့်နေကြောင်း၊ နောက်များမကြာမီမှာ ပြန်ပိတ်သွားကြောင်း၊စစ်အစိုးရအသစ်က နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မှုများ၊ ပြင်ဆင်မှုများ လုပ်နေချိန် ခေတ္တပွင့်သွားသည်ဟုထင်ကြောင်း မှတ်ချက်ပေးခဲ့ကြသည်။ စက်တင်ဘာ  ၁ ရက်နေ့တွင် ပွင့်သမျှအားလုံး ပြန်ပိတ်သွားခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts