>Speculation of Political Prisoners Release spreading among families

>

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်တော့မည်ဟုမိသားစုများအကြား သတင်းထွက်
ခင်နှင်းလွင်၊ စက်တင်ဘာ ၁၆၊ ၂၀၁၁
(၁၉၈၈ စက်တင်ဘာ ၁၈ရက်နေ့) စစ်အစိုးရအာဏာသိမ်းနှစ်ပတ်လည် နီးလာသည်နှင့်အမျှ နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်လာမည်ဆိုတဲ့သတင်းများ ၎င်းမိသားစုများအသိုင်းအ၀ိုင်းတွင် ပေါ်ပေါက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မည်ဟု သတင်းများမှာ လွန်ခဲ့သောနှစ်ရက်ခန့်က စတင်ပေါ်ပေါက်ခဲ့ပြီးစစ်အစိုးရအာဏာလွှဲ လက်ရှိကြံဖွံ့အစိုးရ ဆင်နွှဲနေသည့် ဒီမိုကရေစီနေ့ ၁၅ ရက်နေ့နှင့် အာဏာသိမ်းနှစ်ပတ်လည်မတိုင်မီ ၁၈ ရက် အတွင်း ထူးခြားမည်ဟု သတင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။
“ ၁၅ရက်နေ့ ဆိုတာတော့မကြားမိဘူး။ ကျွန်မထင်တာတော့ ၁၈ရက်နေ့လို့ ကြားတာ။ အာဏာသိမ်းနှစ်ပတ်လည်လဲ ဖြစ်တော့လေ”
လို့ နိုင်ငံရေး အကျဉ်းသူဟောင်းတစ်ဦးက ပြောပြသည်။
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်မည့်သတင်းများ ထွက်ပေါ်လာသော်လည်း မိသားစုဝင်များကို ခေါ်ယူအကြောင်းကြားမှုများမရှိသဖြင့် ဌင်းသတင်းမှာ အတည်ပြုရန်ခက်ခဲသည်ဟု မိသားစုဝင်တစ်ချို့က ဆိုသည်။
“ လွှတ်မယ်ဆိုတဲ့ အသံကကြားနေရတာကြာပါပီ။ ဖြစ်ပါစေ ဆုတောင်းတယ်။ ဘုန်းကြီးတွေကိုလဲ လွတ်စေချင်လှပြီ။ ရဟန်းသဃာနဲ့မအပ်စပ်တဲ့ နေရာကို ရောက်နေတော့ ကျွန်မတို့အနေနဲ့ မခံစားနိုင်ဘူး။”
လို့ ရွှေဝါရောင်အရေးအခင်းမှထောင်ဒဏ်ကျခံနေရသော ဘုန်းကြီးများကို ထောင်ဝင်စာပို့နေသူ ဒေါ်ရှုက ပြောပြသည်။
“ ဒီလိုပဲ မနေ့က သတင်းထွက်လာတယ်။ဒါပေမဲ့ မဟုတ်ပါဘူး။ စောင့်တယ်ဆိုပေမဲ့ မမျှော်တော့ဘူး။ နှစ်ရှည်သမားတွေ လွှတ်မယ်မထင်ဘူး။”
လို့  ထောင်ဒဏ်နှစ်ရှည် အကျခံနေရသူနိုင်ငံရေးအကျဉ်းသားတစ်ဦး၏မိခင်က ပြောပြသည်။
(Photos – File, Rangoon, Monthly Prayer Service for Political Prisoners by their family members, MoeMaKa, 2011)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts