>Daw Suu is an ORBIS Fan

>

အောဘစ် လေယာဉ်ကို ဒေါ်အောင်ဆန်းစုကြည် ကြိုဆို
မိုးမခအထောက်တော် အမတ် ၀၀၃
စက်တင်ဘာ ၁၄၊ ၂၀၁၁


NLD ခေါင်းေ
ဆာင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာလှည့် အောဘစ် မျက်စိကု လေယာဉ် မြန်မာပြည် လာရောက်ရေးအတွက် အမေရိကန်တို့ကို တောင်းဆိုခဲ့သည်ဟု မကြာသေးမီက အင်တာနက်တွင် ပေါ်လာသည့် ၀ီကီလိခ် ကြေးနန်းတစောင်တွင် ရေးထားသည်။

၂၀၀၄ ဒီဇင်ဘာတွင် ရန်ကုန် အမေရိကန်သံရုံးက ထိုကြေးနန်းစာကို အမေရိကန်နိုင်ငံခြားရေးဌာနသို့ ပေးပို့ ခြင်း ဖြစ်သည်။

မန္တလေးမြို့သို့ မျက်စိ အထူးကု လေယာဉ် ရောက်ရှိနေကြောင်း ရေးသားထားပြီး ” NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အောဘစ် လေယာဉ် မြန်မာပြည်ပြန်လာရေးအတွက် တွန်းအားပေးရန် အမေရိကန်အစိုးရကို တောင်းဆိုခဲ့သည်” ဟု အစီရင်ခံစာက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်သည် အောဘစ်လေယာဉ် အစီအစဉ်ကို နှစ်သက်သူဖြစ်သည်” ဟု သံရုံး၏ သုံးသပ်ချက်တွင် ခေါင်းစဉ် တပ်ထားသည်။


ကျန်းမာရေးဝန်းကြီးဌာနက အောဘစ် လေယာဉ် မြန်မာပြည်ပြန်လာရေးကို ကန့်ကွက်ခြင်း မရှိကြောင်း၊ သို့သော်လည်း အစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ဆောင်ရာတွင် အလွန် နှေးကွေးလွန်းကြောင်း ရန်ကုန်သံရုံးက ဝေဖန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်က အမေရိကအခြေစိုက် Operation Smile ခေါ် နှုတ်ခမ်းကွဲ အာခေါင်ကွဲသူများအား အခမဲ့ ကုသပေးသည့် အဖွဲ့ မြန်မာပြည် လာရောက်ရေးအတွက်လည်း အကူအညီတောင်းကြောင်း ရေးထားသည်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစိုးရက စိတ်ဝင်စားမှု မရှိဘဲ အသုံးစရိတ် အနည်းအကျဉ်းသာ ချပေးထားသည်ဟုလည်း ထိုစဉ်က မြန်မာပြည်အခြေအနေကို ထောက်ပြထားသည်။

၂၀၀၄ ဒီဇင်ဘာက မျက်စိလေယာဉ် မန္တလေးသို့ ရောက်စဉ် သံရုံးက သွားရောက်လေ့လာခဲ့ကြောင်း၊ ဒေသခံ မျက်စိဆရာဝန်တို့ ကုသမှု မပေးနိုင်သော လူနာ တရာခန့်ကို ထိုနေ့က အထူးကုလေယာဉ်ပေါ်တွင် ကုသမှုပေးခဲ့ကြောင်း ရေးထားသည်။

အော်ဘစ် ဆရာဝန်တို့က ဒေသခံ မျက်စိဆရာဝန်တို့နှင့် တိုင်ပင်ပြီး လူနာ အနည်းငယ်ကို ခွဲစိတ်ပေးခဲ့သည်ဟု ဆိုသည်။

ခေတ်မှီ ဆေးပညာ ချို့တဲ့မှု၊ ၀ါရင့်ဆရာဝန်တို့သာ မွမ်းမံသင်တန်းတက်ရခြင်းကဲ့သို့သော ဖိနှိပ်ခွဲခြားသည့်စနစ် ကျင့်သုံးမှု တို့သည်မြန်မာပြည် မျက်စိဆေးရုံတို့၏ အဓိက အခက်အခက်ဖြစ်သည်ဟု အောဘစ်အရာရှိတို့က သုံးသပ်သည်ဟု ဆိုသည်။ ဆေးရုံသုံးပစ္စည်းကရိယာ ထိန်းသိမ်းခြင်း၊ ပံ့ပိုးခြင်း အားနည်းသဖြင့်လည်း ခက်ခဲရသည်ဟု ဆိုသည်။

လျှပ်စစ်မီးပုံမှန်မရခြင်းကြောင့်လည်း မျက်စိကုဆေးရုံးသုံးကရိယာများကို ကိုင်တွယ်၊ ထိန်းသိမ်းရခက်ခဲနေသည်ဟု ဆိုသည်။

အောဘစ်ဒေါက်တာတို့က ထောက်ပြခြင်း မပြုသော်လည်း ထင်ရှားနေသည့် အချက်မှာ ကျန်းမာရေးဆိုင်ရာ ပြဿနာများသည် အစိုးရက ဆေးရုံများကိုဦးစီးရသည့် ကျန်းမာရေးဝန်ကြီးဌာနကို အသုံးစရိတ် အလုံအလောက် ချမပေးခြင်းကြောင့် ဖြစ်ပေါ်နေရသည်ဟု ရေးထားသည်။

အောဘစ်လေယာဉ်သည် ၁၉၈၂ ခုနှစ်တွင် စတင်ပျံသန်းခဲ့သည်။ ယခုအချိန်အထိ နိုင်ငံပေါင်း ၈၈ ခုတွင် သင်တန်း တထောင်ကျော် ပေးခဲ့သည်။

အော်ဘစ်သည် ၁၉၉၁ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသို့ ၈ ကြိမ် သွားရောက်ပြီးဖြစ်သည်ဟု ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ မြန်မာပြည်ခရီးစဉ်မတိုင်မီ ထုတ်ပြန်ခဲ့သော အောဘစ်၏ ကြေညာချက်တွင် တွေ့ရသည်။

မန္တလေးမှ အမျိုးသမီးတဦးကို လေယာဉ်အတွင်း စမ်းသပ်နေပုံ



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts