>Thee Lay Thee will go home? Pann Thee & Kyw Thee Answer

>

သီးလေးသီးထဲက ပန်းသီး၊ကြယ်သီးနဲ့ စကားလက်ဆုံ၊ သူတို့လည်း ပြန်ကြမှာလား
မိုးမခ၊ စက်တင်ဘာ၁၀၊ ၂၀၁၁
မေး  ။    ။ ခုတလောသီးလေးသီး အဖွဲ့ ပြည်တော်ပြန်ဝင်မယ်ဆို့ တဲ့သတင်းတွေကြားနေရတာကို မေးချင်လို့ပါ။

ကြယ်သီး  ။    ။ ကျနော်တို့တော့ လောလောဆယ်ပြန်ဘို့ အစီစဉ်မရှိသေးပါဘူး

မေး ။     ။ သီးလေးသီးအဖွဲ့သားတချို့တော့ ပြန်မယ်ဆိုတာဟုတ်လားခင်ဗျ။

ကြယ်သီး ။     ။  အဲဒီအတွက်တော့ အတိအကျမသိဘူးခင်ဗျ။ပြောသံတွေကြားတာတော့ အစုံပဲ။


မေး ။    ။ ဒါနဲ့ ခင်ဗျားတို့က မြန်မာပြည်မပြန်သေးဘူးဆိုတော့ဘယ်လိုအကြောင်းကြောင့် မပြန်သေးတာလဲ။

ပန်းသီး ။    ။ ပထမအချက်က ကျနော်တို့အစ်ကိုဆရာ ကိုဇာဂနာနဲ့တကွနိုင်ငံရေးအကျဉ်းသားတွေ  မလွတ်မြောက်သေးပါဘူး။ အဲ့ဒီတော့ကျနော်တို့အနေနဲ့ သူတို့တွေလွတ်မြောက်တာကိုလိုချင်၊ တွေ့ချင်ပါတယ်။ ဒုတိယအချက်က တိကျတဲ့ဥပဒေတွေလဲမထုတ်ပြန်သေးဘူးလေ။ အဲဒါကြောင့် ပြန်ဘို့ကိစ္စကို မစဉ်းစားသေးတာပါ။ ပြန်သင့်တဲ့တနေ့ရရင်တော့ ပြန်မှာပေါ့ဗျာ။


မေး။    ။ တကယ်လို့ အတူတွဲလုပ်ခဲ့တဲ့ အနုပညာလုပ်ဖော်ကိုင်ဖက်တွေပြန်မယ်ဆိုရင်ကော ဘာများပြောချင်ပါသလဲ။
ပန်းသီး  ။    ။ဘာမှပြောစရာမရှိပါဘူး။ ကိုယ်ခံယူချက်နဲ့ကိုယ် လုပ်နေကြတာလေ။ ပြီးတော့ ရန်သူတွေလဲမဟုတ်ခဲ့ကြတော့။ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာ ပြောဘို့မရှိသလိုကန့်ကွက်ဘို့လဲ မရှိပါဘူး။ သူတို့လဲ သူတို့လျောက်မယ့်လမ်း လွတ်လပ်စွာရွေးကြတယ်လို့ပဲ ပြောချင်ပါတယ်။

မေး  ။    ။ သီးလေးသီးအဖွဲ့ ပြန်မယ်၊ မပြန်ဘူး ပြောနေကြတာကိုကော ဘာများပြောစရာရှိသေးလဲ။

ကြယ်သီး  ။    ။ဟုတ်ကဲ့။      သီးလေးသီးအဖွှဲကြီးမြန်မာပြည်ပြန်တာကတော့ လုံးဝ မဟုတ်သေးပါဘူး။ ကိုယ့်သဘော ကိုယ်ဆန္ဒနဲ့တချို့ပြန်ကြတဲ့သူတွေတော့ ရှိကြမှာပါ။ အဲဒါကို သီးလေးသီးအဖွဲ့ကြီး ပြန်တယ်လို့တော့ပြောလို့မရပါဘူး။
 
မေး  ။   ။ ပရိတ်တွေကို ဘာများပြောချင်ပါသေးလဲ။
ကြယ်သီး   ။  ။ ကျနော်တို့တွေ မိဝေး၊ ဖဝေးစားဝတ်နေရေးအခက်အခဲ မျိုးစုံကြားကနေ အနုပညာလမ်းကြောင်းကို ရှိတဲ့အင်အား ရှိတဲ့ခွန်အားတွေနဲ့ ကြိုးစားပြီးရိုးသားစွာနဲ့  ဆက်လက် လျောက်လှမ်းသွားမှာပါ။

မေး  ။   ။ ကိုဇာဂနာကိုကော ဘာပြောချင်ပါသေးလဲ
ပန်းသီး   ။   ။ အစ်ကိုဆရာအမြန်ဆုံးလွတ်မြောက်ပါစေ။ ကျနော်တို့ မြန်မာပြည်ပြန်ရောက်တဲ့နေ့မင်္ဂလာဒုံလေယဉ်ကွင်းကြီးမှာ ဘယ်သူ့ကိုမှ လေယာဉ်ကွင်းမှာ သွားကြို၊ သွားပို့မလုပ်ဘူးတဲ့ အကိုဆရာကို တွေ့ချင်ပါတယ်ဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts