>Yadanagonyi Dhamma Class turns 3 year this month

>

ရတနာ့ဂုဏ်ရည်ဓမ္မသင်တန်း ၃ နှစ်ပြည့် အခမ်းအနား၊ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်းတွင် ကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၉၊ ၂၀၁၁
စက်တင်ဘာ ၄၊ တနင်္ဂနွေနေ့က ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်တွင် ရတနာ့ဂုဏ်ရည်ဓမ္မသင်တန်းအဖွဲ့၏ ၃ နှစ်ပြည့်အထိမ်းအမှတ်ကုသိုလ်ပွဲ ကျင်းပခဲ့သည်။ ဘေးဧရိယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းများအနက်ဖရီးမောင့်မှ ကျောင်း ၂ ကျောင်း၊ ဟေးဝဒ်မှ ကျောင်း ၁ ကျောင်း၊ ဒေးလီးစီးတီးမှကျောင်း ၁ ကျောင်း၊ ဟတ်ဖ်မွန်းဘေးက ကျောင်း ၁ ကျောင်း၊ ဥက္ကလံမြို့ က ကျောင်း ၁ကျောင်း စုစုပေါင်း ကျောင်း ၆ ကျောင်း တို့ထံက သံဃာတော် ၁၂ ပါးကျော်တက်ရောက်ချီးမြှင့် သြ၀ါဒပေးကြသည်ကို တွေ့ရသည်။
 
ရတနာ့ဂုဏ်ရည် ဓမ္မသင်တန်းကို ဗုဒ္ဓဘာသာဝင် မြန်မာမိသားစုလူကြီးလူငယ်များဖြင့် စုပေါင်းဖွဲ့စည်းခဲ့ကြပြီး ဘေးဧရိယာတွင်သီတင်းသုံးနေထိုင်သော ဆရာတော်များနှင့် ဖွဲ့စည်းထားသည့် သြ၀ါဒစရိယဆရာတော်များထံကသြ၀ါဒလမ်းညွှန်မှုများနှင့် ဓမ္မသင်တန်းများ၊ တရားပွဲတော်များ စဉ်ဆက်မပြတ်ကျင်းပခဲ့ကြသည်။ ထို့အပြင် ဘေးဧရိယာရှိ မြန်မာ ဘာသာရေးနှင့်လူမှုရေးစေတနာဝန်ထမ်းလုပ်ငန်းများတွင်လည်း တက်ကြွညီညွတ်စွာ ဆောင်ရွက်ကြသော လူကြီး၊လူငယ်များ ဖြစ်ကြသည်ကို တွေ့ရှိရသည်။
 
 ဓာတ်ပုံများကို သူတို့၏ ဖေ့စ်ဘွတ်စာမျက်နှာမှာ အသေးစိတ်သွားရောက် ကြည့်ရှုနိုင်ပါသည်။ ဓာတ်ပုံများကို အဲသည်ကပဲ ကူးယူပါသည်။ http://www.facebook.com/media/set/?set=a.206748626056155.54915.100001630574405 
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts